Friday, January 25, 2019

မြန်မာနယ်ခြားစောင့်ရဲယူနီဖောင်းဝတ်တဦး ဘင်္ဂလားဒေ့ရှ်တွင် ဖမ်းဆီး

 VOA
25.01.2019 
                                                             A handout photo of detained Myanmar army man Aung Bou Thin 
 
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝတ်စုံနဲ့ အမျိုးသားတဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Bandarban မြို့နယ် (မြန်မာ အခေါ် ရွာတော်မြို့နယ်) ထဲက Lemochhari လဲမိုချဟာရီ အရပ်မှာ ကြာသပတေးနေ့ မနက်ပိုင်းက ဘာလု ခါလီ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရသူဟာ မြန်မာ တပ်ရင်း အမှတ် ၂၈၇ က အောင်ဘိုသင်း ဖြစ်တယ်လို့ Cox's Bazar ဘင်္ဂလား ဒေ့ရှ်နယ်ခြားစောင့်တပ် က ဗိုလ်မှူးကြီး SM Bayzid Khan က ပြောပါတယ်။ မြန်မာ တပ်ရင်း အမှတ် ၂၈၇ ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ် Naikkhongchhari ဒေသ မျက်နှာချင်းဆိုင်မှာအခြေစိုက်ထားတာပါ။

မြန်မာရဲတပ်သား ဟာ ဘင်္ဂလားဒေ့ရှ် နယ်မြေထဲ ဝင်ရောက် သွားလာနေတဲ့ အတွက် ကြာသပတေး မနက်က ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ပြောပါတယ်။ ဒီအကြောင်း နဲ့ ပတ်သက်ပြီး မြန်မာတပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကို ဗွီအိုအေ မြန်မာပိုင်း က ဆက်သွယ်မေးမြန်းရာမှာတော့ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။
 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */