Monday, January 28, 2019

မြန်မာကိုဖြတ်မယ့် ရထားလမ်း ဘင်္ဂလားဒေ့ရှ် ကြေညာ

RFA 
2019.01.28
                                                                 ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon ကို တွေ့ရစဉ်
 
 
Cox’s bazar ခရိုင်ကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး တရုတ်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံကို ရထားလမ်းဖောက် လုပ်မယ့် အစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ရထားဝန်ကြီး Nurul Islam Sujon က မနေ့က ကြေညာလိုက် ပါတယ်။ နိုင်ငံအရှေ့တောင် ကမ်းရိုးတန်း Chattogram ဆိပ်ကမ်းမြို့ကနေ Cox’s bazaar ခရိုင်ကို ဆက်သွယ်မယ့် ရထားလမ်းလုပ်ငန်းစတင်နေပြီလို့ ရထားဌာနတာဝန်ရှိသူတွေနဲ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောပါတယ်။ ဒါတင်မက Cox’s bazar မှာရှိတဲ့ Ghumdhum နဲ့ မြန်မာနိုင်ငံကို ဆက်သွယ် ပြီးရင် နောက်ပိုင်းမှာ တရုတ်၊ မလေးရှားနဲ့ ထိုင်းနိုင်ငံကိုပါ ဆက်သွယ်မယ့် အစီအစဉ်ရှိတယ်လို့ ပြောပါ တယ်။ ရထားလမ်းစီမံချက်ဟာ ၂၀၂၂ ခုနှစ်မှာ အပြီးသတ်မယ်လို့ မျှော်လင့်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */