နေပြည်တော် သြဂုတ် ၂၄
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန် လိုက် သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
သတင်းထုတ်ပြန်ချက်
နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန် လိုက် သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
သတင်းထုတ်ပြန်ချက်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲသည့် အရေး ကိစ္စများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်းကောင်းများကို ရှာဖွေသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ရေရှည် နည်းလမ်းကောင်းများ ရရှိရေးအတွက် အကြံပြုပေးရန် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်း သွားမည်ဖြစ်ပါသည်။ အဆိုပါ ကိစ္စနှင့်စပ်လျဉ်း ၍ နိုင် ငံတော်အတိုင် ပင်ခံရုံး ဝန်ကြီးဌာနနှင့် ကိုဖီအာနန်ဖောင်ဒေးရှင်းတို့ အကြား နားလည်မှုစာချွန် လွှာ တစ် ခုကို လက်မှတ်ရေးထိုး မည်ဖြစ်ပါသည်။

၂။ မြန်မာနိုင်ငံအစိုးရ၏ ဦးဆောင်မှုဖြင့် အဆိုပါ သိမ်မွေ့နက်နဲသည့် အရေးကိစ္စများကိုဖြေရှင်းရန် ဤအကြံပေး ကော်မရှင်ကို ဖွဲ့စည်းခြင်းဖြစ်ပါသည်။ အကြံပေးကော်မရှင်တွင် ဘက်လိုက်မှု ကင်း သည့်၊ လူအများ လေးစားသည့်၊ အတွေ့အကြုံရင့်ကျက်သည့်၊ ထင်ပေါ်ကျော်ကြား သည့် မြန် မာနိုင် ငံ သားပုဂ္ဂိုလ် (၆)ဦး၊ နိုင်ငံတကာမှ ပုဂ္ဂိုလ် (၃)ဦး တို့ဖြင့် စုစုပေါင်းအဖွဲ့ဝင် (၉)ဦး ပါဝင် မည်ဖြစ် ပါ သည်။ အဆိုပါ ကော် မရှင်၏ ဥက္ကဋ္ဌအဖြစ် ကိုဖီအာနန်ဖောင်ဒေးရှင်း တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ် သည့် ကုလသမဂ္ဂ အ တွင်း ရေးမှူးချုပ်ဟောင်း နိုဘယ်လ်ဆုရှင် မစ္စတာကိုဖီအာနန် မှ ဆောင်ရွက် မည်ဖြစ်ပါသည်။ အကြံပေး ကာ် မရှင်၏အဖွဲ့ဝင်များ အဖြစ် အောက် ပါပုဂ္ဂိုလ်များ ပါဝင်မည်ဖြစ် ပါသည် -
(က) ဦးဝင်းမြ၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊
(ခ) ဒေါက်တာသာလှရွှေ ၊နာယက၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊
(ဂ) မစ္စတာဂါဆန်ဆလမ်၊ယဉ်ကျေးမှုဝန်ကြီး (၂ဝဝဝ-၂ဝဝ၃)၊ လက်ဘနွန်နိုင်ငံ၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ အထူးအအကြံပေးပုဂ္ဂိုလ်(၂ဝဝ၃-၂ဝဝ၆)
(ဃ) မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်၊ ကုလသမဂ္ဂအိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ် ဆိုင်ရာ အစီ အစဉ် (UNAIDS) ၏ အထူးအကြံပေးပုဂ္ဂိုလ် (၂ဝဝ၅-၂ဝဝ၆) ဗြိတိန်နိုင်ငံဆိုင်ရာ နယ်သာ လန် သံအ မတ်ကြီး (၂ဝ၁၂-၂ဝ၁၅)
(င) ဦးအေးလွင်၊ တည်ထောင်သူတစ်ဦးနှင့်အမြုတေအဖွဲ့ဝင်၊ ငြိမ်းချမ်းမေတ္တာအဖွဲ့(မြန်မာနိုင်ငံ)
(စ) ဒေါက်တာမြသီတာ၊ဥက္ကဋ္ဌ၊သားဖွားမီးယပ်ပညာအဖွဲ့၊ မြန်မာနိုင်ငံဆရာဝန်များအသင်း၊အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်များအသင်း၊
(ဆ) ဦးခင်မောင်လေး၊ အဖွဲ့ဝင်၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊
(ဇ) ဒေါ်စောခင်တင့်၊ ဥက္ကဋ္ဌ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ရခိုင်အမျိုး သမီး များ အသင်း၊

၃။ ကော်မရှင်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် ပြဿနာများအား ဖြေရှင်းနိုင်မည့် အကောင်းဆုံး နည်း လမ်းများကို ရှာဖွေရန်အတွက် ပါဝင်သက်ဆိုင် သူများနှင့်လည်းကောင်း၊ နိုင်ငံတကာ ကျွမ်းကျင် သူ များနှင့် လည်းကောင်း၊ နိုင်ငံတကာမှ အရေးပါသည့် ပုဂ္ဂိုလ်များနှင့် လည်းကောင်း တွေ့ ဆုံဆွေးနွေးပြီး ၎င်း တို့၏ အမြင်သဘော ထား များကိုရယူလျက် လေ့လာသုံး သပ်မှုများ ပြုလုပ် မည်ဖြစ်ပါသည်။ ကော်မ ရှင် အနေဖြင့် ရခိုင်ဒေသရှိပြည်သူများ၏ လုံခြုံရေးနှင့် အခြေခံ အခွင့် အရေးများအား အာမခံ ချက်ပေးနိုင် ရေးကိစ္စ၊ လူသား ချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာကိစ္စများနှင့် အခြေခံလူမှုဝန်ဆောင်မှုများ ရရှိရေးကိစ္စများအား စဉ်းစား ဆောင် ရွက်မည်ဖြစ်ပါ သည်။ ကော်မ ရှင်အနေ ဖြင့် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ လူသားချင်း စာနာထောက်ထားမှုအကူ အညီများ ပံ့ပိုးရေး၊ အခွင့်အရေး များနှင့် ပြန် လည် ရင် ကြားစေ့သင့်မြတ်ရေး၊ အခြေခံအဖွဲ့အစည်း အဆောက် အအုံများ တည်ထောင် ပေး ရေး၊ ဖွံ့ဖြိုး တိုး တက်မှုမြှင့်တင်ရေး စသည့်ကဏ္ဍများအတွက် လေ့လာ သုံးသပ် မှု ပြုလုပ်၍ အကြံပြု တင်ပြ မှု များပြုလုပ်မည်ဖြစ်ပါသည်။ ထို့အပြင် ကော်မရှင်အနေဖြင့် ပြည်ပနိုင်ငံ များ တွင် ဒုက္ခ သည် အဖြစ် ခံယူသူများ၏ ပင်ရင်းနိုင်ငံနှင့် နောက်ခံအကြောင်းအရာ အပါအဝင် နိုင်ငံတကာ ဆက်နွှယ်မှု တို့ ကိုလည်း သုံးသပ်သွားမည်ဖြစ်ပါသည်။
၄။ ကော်မရှင်အနေဖြင့် သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ရှာဖွေ တွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင် ပင်ခံ ပုဂ္ဂိုလ်မှ တစ်ဆင့် မြန်မာနိုင်ငံအစိုးရထံတင်ပြမည်ဖြစ်ပြီး ပြည်သူ လူထု သိရှိနိုင်ရေး အတွက်လည်း အစီရင် ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသည်။ အစီရင် ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လ ကာလ ထက် နောက် မကျစေဘဲ တင်ပြရမည် ဖြစ်ပါသည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ။ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်
No comments:
Post a Comment