မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်ဖက်ညှိနှိုင်း၍ လှည့်ကင်းများဆောင်ရွက်
မတ် ၃၀၊ ၂၀၁၈
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံ ရေးတပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မတ်လ ၂၇ ရက် နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အထိ မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်း နယ်ခြားမှတ်တိုင် ၄၁ မှ ၄၂ အထိ နှစ်နိုင်ငံနှစ် ဘက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ဦးတို့သည် မတ်လ ၂၇ ရက် နံနက် ၉ နာရီ မိနစ် ၄၀ တွင် နှစ်နိုင်ငံပူး ပေါင်း ၍ ရေယာဉ် ၄ စီးဖြင့် နတ်မြစ်တစ်လျှောက် ညှိနှိုင်းလှည့်ကင်း ဆောင်ရွက်ခဲ့သည်။
နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကုန်းမြေနယ်နမိတ်တွင် နှစ်ဖက်ညှိနှိုင်းချက်အရ Coordinated Patrol ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ ၂၆ ရက်ထိ နယ်ခြားမှတ်တိုင် ၄၂ မှ ၅၅ ထိ (၁၄)ကြိမ်၊ မတ်လ ၁၁ ရက်မှ ၂၇ ရက်ထိ နယ်ခြားမှတ်တိုင် ၃၁ မှ ၄၂ ထိ (၇) ကြိမ်၊ စုစုပေါင်း (၂၁) ကြိမ် နှင့် ရေကြောင်း ကင်း လှည့်ခြင်းကိုလည်း နတ်မြစ်ကြောင်းအတိုင်း မတ်လ ၅ ရက်၊ မတ်လ ၂၀ ရက် နှင့် မတ်လ ၂၇ ရက်တို့တွင် နှစ်နိုင်ငံညှိနှိုင်း၍ ဆောင်ရွက်နိုင်ခဲ့သည်။
နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို နယ်ခြား မှတ်တိုင်အမှတ် ၄၅ အထိ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment