မတ် ၂၁၊ ၂၀၁၈
မြန်မာနိုင်ငံ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ကင်းစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၅ ဦးတို့သည် မတ်လ ၂၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်မှ နံနက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အထိ မိမိတို့နိုင်ငံ အသီးသီးအတွင်းရှိ နယ်စပ် ခြံစည်းရိုးလမ်းအတိုင်း နယ်ခြားမှတ်တိုင် ၃၈ မှ ၃၉ အထိ နှစ်နိုင် ငံနှစ်ဘက်ညှိနှိုင်း၍ လှည့်ကင်းဆောင်ရွက်ခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံနယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ၉ ဦးတို့သည် မတ်လ ၂၀ ရက် နံနက် ၁ဝ နာရီ တွင် နှစ်နိုင်ငံပူးပေါင်း၍ ရေ ယာဉ် ၄ စီး ဖြင့် နတ်မြစ်တစ်လျှောက် ရေမိုင်ညှိနှိုင်း လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နှစ်ဖက်ညှိနှိုင်း၍ ကင်းလှည့်ခြင်း Coordinated Patrol ကို မတ်လ ၂၀ ရက်မှ ၂၇ ရက်အတွင်း နယ်ခြား မှတ် တိုင် ၃၉ မှ ၄၂ အထိလည်းကောင်း၊ မတ်လ ၂၇ ရက် နောက်ပိုင်းတွင် နယ်ခြား မှတ်တိုင်အမှတ် ၄၂ မှ ၄၅ အထိ လည်းကောင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:
Post a Comment