B B C
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီ လ ၂၃ ရက်နေ့က စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံဟာ ဒီကနေ့မှာ သဘောတူ လက်မှတ်ရေး ထိုး လိုက်ပါတယ်။
ဘီဘီစီ မြန်မာပိုင်း
16 January 2018
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတဲ့ဒုက္ခသည်တွေ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို ဇန်နဝါရီ လ ၂၃ ရက်နေ့က စတင်ဖို့ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံဟာ ဒီကနေ့မှာ သဘောတူ လက်မှတ်ရေး ထိုး လိုက်ပါတယ်။
၂ ဖက် သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ် အစိုးရဖက်ကနေ နေရပ်ပြန်လိုတယ်ဆိုပြီး တင်ထားတဲ့ လျှောက်လွှာတွေထဲက တပတ်ကို လျှောက်လွှာ ၁၅၀၀၀ ပေးပို့မှာ ဖြစ်ပါတယ်။
မြန်မာအစိုးရဖက်ကတော့ အဲ့ဒီလျှောက်လွှာတွေထဲက စိစစ်ပြီး တနေ့ကို အယောက် ၃၀၀ နှုန်းနဲ့ တပတ် ၅ ရက်မှာ လူ ၁၅၀၀ လက်ခံမယ်လို့ ပြောပါတယ်။ ဒီအရေအတွက်ဟာ ကနဦး အနေအထားဖြစ်ပြီး နောက်ပိုင်းမှာတော့ လက်ခံတဲ့အပေါ်မူတည်လို့ ကိန်းဂဏန်းကို ပြန်လည်စဉ်းစားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်း ဝန် ဦးမြင့်သူ က ပြောပါတယ်။
လောလောဆယ်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ပြန်လည်စိစစ်လက်ခံရေးဖောင်တွေပေးလိုက်ပြီး သူတို့ဖက်က စခန်းတွေကို ပို့၊ အဲ့ဒီကနေ ပြန်လာဖို့ လျှောက်လွှာတင်တဲ့စာရင်းကို စိစစ်မယ်လို့ ဦးမြင့်သူက ပြောပါတယ်။
ကုန်းလမ်းကနေ ဝင်လာမယ့် ဒုက္ခသည်တွေကို တောင်ပြိုလက်ဝဲစခန်း၊ ရေကြောင်းကနေ ဝင်လာမယ့် သူတွေကို ငါးခူရစခန်း တွေမှာထားမှာ ဖြစ်ပါတယ်။ မောင်တောက လှဖိုးခေါင် ယာယီစခန်းမှာတော့ ရွက်ဖျင် တဲတခုမှာ လူ ၁၀ ယောက်အထိ ထားမှာဖြစ်ပြီး လူ ၃ သောင်းလောက်အထိ နေနိုင်ဖို့ ပြင်ဆင်ထား တယ်လို့ ရခိုင်ပြည်နယ် လူ သားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေး စီမံကိန်း UEHRD က ဒုက္ကဌ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောထားပါတယ်။
နိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန် ၂ ဦးလက်မှတ်ထိုးခဲ့တဲ့ သဘောတူညီချက်အရ မိမိဆန္ဒအလျောက်ပြန် လာမယ့်သူတွေကိုပဲ မြန်မာဖက်က လက်ခံမှာဖြစ်ပြီး ဓာတ်ပုံ အထောက်အထား သန်းခေါင်းစာရင်းအ ချက်အ လက် စတဲ့ လူဝင်မှုကြီးကြပ်ရေးအချက်အလက်တွေနဲ့ တိုက်စစ်ပြီးကာမှ လက်ခံမှာဖြစ်ပါတယ်။
စခန်းထဲရောက်လာတဲ့ ဒုက္ခသည်တွေကို ကျန်းမာရေးစစ်ဆေးပေးတာတွေလုပ် လက်ဗွေရာ ရယူတာ နဲ့ အချက် လက်ဖြည့်တာတွေလုပ်ပြီး NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေထုတ်ပေးပြီး နေထိုင်ဖို့ ရွာတွေဆီကို ပို့ပေးမယ်လို့ နိုင်ငံခြားရေးဌာန အမြဲတန်းအတွင်းဝန်က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့သူ ၆သိန်းကျော် ရှိတယ်လို့ ကုလသမဂ္ဂက ပြော ရခိုင်ပြည်မြောက်ပိုင်းအကြမ်း ဖက်တိုက်ခိုက်မှုတွေကြောင့် လူ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးလာ တယ် လို့ ကုလသမဂ္ဂက ပြောထားပါတယ်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ သဘောတူညီချက်အရ ဒုက္ခသည်ပြန်လည်လက်ခံရေး အစီစဉ်မှာတော့ လူဘယ်နှ ယောက်လက်ခံမယ်ဆိုတဲ့ အသေးစိတ်ကို အခုဆွေးနွေးပွဲမှာ သဘောတူညီချက်မရခဲ့သလို မြန်မာဖက်က တော့ ဒုက္ခသည် ၃ သိန်းခွဲ၊ ၄ သိန်းလောက်ကိုပဲ လက်ခံဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဌာန အမြဲတန်းအ တွင်း ဝန် ဦးမြင့်သူက ပြောပါတယ်။

Link : Here

No comments:
Post a Comment