" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, January 1, 2017

ကိုးတန်ကောက် ကျေးရွာ အုပ်စုကို စစ်သားများ ဝင်ရောက် စီးနင်း ဝင်ရောက်ခဲ့ပုံ

RB News
MYARF
5.11.2016


ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေး ရွာ အုပ်စုကို စစ်သားများ ဝင်ရောက်စီးနင်း ၍ ဒေသခံ များကို ရိုက်နှက် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အဖိုးတန် ပစ္စည်းများ လုယက်ခြင်း၊ အပြစ်မဲ့များကို ဖမ်း ဆီးခြင်းများ ပြုလုပ်ခဲ့သည်။

နိုဝင်ဘာလ (၄) ရက်နေ့ ည ၁၁း၃၀ နာရီအချိန်တွင် ရသေ့တောင်မြို့ နယ် ကိုးတန်ကောက် ကျေးရွာကို စစ်တပ်က ကား (၁၁) စီးဖြင့် ဝိုင်းထား ခဲ့ပြီး၊ ယနေ့ နိုဝင်ဘာလ (၅) ရက်နေ့ နံနက် ၆း၃၀ နာရီ အချိန်တွင် ရွာထဲသို့ ဝင်ရောက်လာကာ ရွာမှ ရပ်မိရပ်ဖများကို ရွာအ တွင်း စစ်ဆေးမည်ဟု ပြောကြားခဲ့သည်။

စစ်သားများသည် နေအိမ်များအတွင်းရှိ လူများကို အပြင်သို့ အိမ်ထောင်စု စာရင်းနှင့် တကွ ထွက်ခိုင်း ထား ခဲ့ပြီး၊ တစ်အိမ်ချင်း စစ်ဆေးခဲ့ပြီး၊ အိမ်အနည်းငယ် စစ်ဆေးပြီးနောက် လုယက်ခြင်း၊ ရိုက်နှက်ခြင်းများ စ တင်ခဲ့သည်။ အမျိုးသမီးများ ဝတ်ဆင်ထားသည့် အဖိုးတန် လက်ဝတ်ရတနာများ လုယက်ခဲ့ကြောင်း ဒေ သ ခံများက RB News သို့ပြောသည်။

ထို့နောက် အသက် (၈) နှစ် အရွယ် အထက်များကို ဖမ်းဆီး၍ ကျေးရွာ ရှိ ဗလီဝင်းထဲတွင် စုထားခဲ့သည်။အနည်း ဆုံး ၃၀၀ ခန့် ဖမ်းဆီး၍ ဗလီဝင်းထဲတွင် စုပြုံထားပြီး ရိုက်နှက်နှိပ်စက်ခဲ့ ရာ မော်လဝီဦး အဒူဟာလီးမ်သည် ရိုက်နှက်မှုကြောင့် သတိလစ်သွားခဲ့ပြီး အများစု က သေဆုံးသွားသည်ဟု ထင်ခဲ့ကြသည်။

ထို့အပြင် မော်လဝီရဟ်မသ်အုလ္လာ အပါအဝင် ဒေသခံအချို့ မှာ သေ လုမျော ပါး ဖြစ်သည်အထိ ရိုက်နှက်ခံရ ကြောင်း သိရှိရသည်။

“ညှဉ်းပန်းနှိပ်စက်တာ ကတော့ အရမ်းကို ဆိုးရွားလွန်းတယ်။ လူကို လူက ဒီလို ညှဉ်းပန်းနှိပ်စက်တာ ကျွန်တော့် တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

ည ၈ နာရီ အချိန်ခန့်တွင် နံနက်ပိုင်းမှစ၍ အစာရေစာ မစားရ သည့် ဒေသခံ ၃၀၀ ခန့်ကို မိသားစုဝင် ကလေး များက အစား အသောက်များ ပို့ရန် သွားရာ စစ်သားများက အဆိုပါ ကလေးများ ကိုပါ ပြန်မလွှတ် ဘဲ စုပြုံ ထားသည့် လူအုပ်နှင့် အတူ ဖမ်းဆီးထား ခဲ့သည်။ ညပိုင်းတွင် လူပေါင်း ၈၀၀ ခန့်ထိဖမ်းဆီး ထားခဲ့ သည်။

ည ၁၀း၃၀ နာရီခန့်တွင် ဖမ်းဆီးထားသူများ အားလုံးကို ပြန်လွှတ်ပေး ခဲ့သော်လည်း မော်လဝီ ဦးအဒူဟာလီးမ်၊ မော်လဝီဦးအာဘူကာဆိမ်း အပါဝင် (၅) ဦးကို စစ်သားများက ခေါ်ဆောင် သွားကြောင်း သိရှိရ သည်။

ပြန်ကြားရေး ဝန်ကြီးဌာန၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် မွန်းလွဲ (၂) နာရီတွင် ကိုးတန်ကောက် နယ်ခြားစောင့် ရဲ တပ်ဖွဲ့ ကင်းစခန်းကို စီးနင်းတိုက်ခိုက်သူ (၂) ဦးကို ဖမ်းဆီးရထားကြောင်း ဓါတ်ပုံနှင့် တကွ တင်ထားသူများမှာလည်း အပြစ်မဲ့ ရွာသား နှစ်ဦးသာ ဖြစ်သည်။

“အဓိကကတော့ ကိုးတန်ကောက် ရွာသားတွေက ကုလနဲ့ သံတမန် အဖွဲ့လာတော့ ပလာကဒ်တွေ ကိုင်ပြီး ဆန္ဒပြတယ်။ သူတို့ရဲ့ ပလာ ကဒ်တွေမှာ ရေးထားတွေက အစိုးရ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ ပဲလေ၊ အဲဒီတော့ အစိုးရရဲ့ အရှိုက်ကို ထိတယ်။ ပြီးတော့ လူတွေက သူတို့ ခံစားနေရတာတွေကို လာတဲ့ အဖွဲ့ကို ရတဲ့နည်းနဲ့ ပြောပြတယ်။ အဲဒါကြောင့် သူတို့ကို အစိုးရက အငြိုးထားပြီး ဒီနေ့ ညှဉ်းပန်းနှိပ်စက် တာပါ” ဟု မောင်တောမှ လူ့အခွင့်အရေး အခြေအနေ စောင့် ကြည့်နေသူ တစ်ဦးက RB News သို့ပြောသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */