Friday, December 30, 2016

( 30.12.2016 ) ဘင်္ဂလား ဒေ့ရှ်ရေပိုင် နက်အတွင်း မြန်မာ ဘက်မှ ပစ်ခတ်မှု အတွက် မြန်မာ သံအမတ် အား ခေါ်ယူသ တိပေး ခဲ့ဟု ဆို

 The Ladies News
ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အတွင်း မြန်မာဘက်မှပစ်ခတ်မှုအတွက် မြန်မာသံအမတ်အား ခေါ်ယူသ တိပေး ခဲ့ဟု ဆို


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တံငါသည် များ အားပစ်ခတ်သည့် ကိစ္စနှင့် ပတ် သက်ပြီး မြန်မာရေတပ် အနေဖြင့် နောက်ပိုင်းတွင် ထပ်မံ လုပ်ဆောင်ခြင်း မပြုလုပ်ရန် အာမခံ ချက်ပေးရန်အတွက် သင့်လျော် သည့် စုံစမ်း စစ်ဆေးမှု များ ပြုလုပ် ရန် တောင်း ဆိုထားကြောင်း၊ ဖြစ် ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး မြန် မာနိုင် ငံအား သတိပေး ပြောကြား ထားကြောင်း ဘင်္ဂါလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာသံအမတ် ဦးမျိုးမြင့်သန်းအား ကြာသပတေးနေ့၊ နေ့လယ် ၁ နာရီခန့်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန တွင် တွေ့ဆုံရန် ဆင့်ခေါ်ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အတွင်းရေးမှုူး Kamrul Ahsan က မြန်မာ သံအမတ်နှင့် တွေ့ဆုံသည့် အဆိုပါ အစည်းအဝေး အပြင်းအထန် ကန့်ကွက်ထားပြောဆိုခြင်းများ ရှိသည်။

အစည်းအဝေးအတွင်း Ahsan က ရခိုင်ပြည်နယ်အတွင်းမှ မွတ်ဆလင်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်လာခြင်း ကိစ္စကို အလေးအနက်ထား ဆွေးနွေးခဲ့သည်။ ၎င်းက ယခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံဘက်မှ လူပေါင်း ငါးသောင်းဝန်းကျင်ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လာရောက် ခိုလှုံသည့်ကိစ္စအား ရည် ညွှန်းပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြသ၁နာ အရင်းအမြစ်ကို အမြန်ဆုံး ဖြေရှင်းမှသာလျှင် မွတ်ဆလင် များသည့် နယ်စပ်ကို ဖြတ်ကျော်ပြီး လာရောက် ခိုလှုံမည် မဟုတ်ကြောင်း ၎င်းမှ မြန်မာအစိုးရအား တောင်း ဆို တိုက် တွန်းခဲ့သည်။

ဆက်လက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန်မာတင်းကျွန်းအနီးတွင် ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ သည့် ဘင်္ဂလားဒေ့ရှ် တံငါသည်လေးဦး ထိခိုက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ ကန့် ကွက်လွှာ ပေးပို့ထားကြောင်း ပြောဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြားစောင့်တပ်က မြန်မာနိုင်ငံရှိ တာဝန်ရှိသူများအား ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း စာတစ်စောင်အား ပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် ဒုတိယဗိုလ်မှူးကြီး AbuZar Al Jahid က ပြောသည်။ မြန်မာရေတပ်မှ တံငါသည်များကို ထိန်းသိမ်း ထားပြီး လေးနာရီအကြာတွင် ပြန်လည် လွှတ်ပေးခြင်းဖြစ်ကြောင်း ဆိုထားသည်။

SH

The Ladies News

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */