" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, November 19, 2016

( 19.11.2016 ) 14 Suspect Villagers Ergriffen in Maungtaw Township


နိုင်ငံတကာအဖွဲ့အစည်းများက မောင်တောဒေသသို့လူသားချင်း စာနာ ထောက်ထားမှု အကူအညီများ ထောက် ပံ့ ပေးလျက်ရှိနိုင်ငံတကာ အဖွဲ့အစည်းများက မောင်တောဒေသသို့ လူသားချင်း စာနာ ထောက်ထားမှု အကူ အ ညီများ ထောက်ပံ့ပေးလျက်ရှိပြီး ယင်းထောက်ပံ့မှုများကို WFP ဒေသခံ ဝန်ထမ်းများက သတ်မှတ်နယ်မြေအ လိုက် ဖြန့်ဖြူးပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP မှ နိုဝင်ဘာ ၄ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဆန် ၂၀၂ ဒသမ ၃၀၈ တန်၊ ပဲ ၂၅ ဒသမ ၀၁၃ တန်၊ ဆီ ၄ ဒသမ ၂၁၇ တန်၊ ဆား ၂ ဒသမ ၃၇၄ တန်၊ ဘီစကစ် ၃၅၁ ဒသမ ၂၈၆ တန်နှင့် အာဟာရမုန့် တန် ၂၀၀ ထောက်ပံ့ပေးခဲ့သည်။ အလားတူ WFP အနေဖြင့် အကြမ်းဖက် တိုက်ခိုက် မှုများ ပြုလုပ် ခဲ့သော ကြက်ရိုးပြင်၊ ငါးစားကြူးနှင့် ပြောင်ပိုက်ကျေးရွာများသို့ ၂၀၁၆ ခုနှစ်၊ နိုဝင် ဘာလ ၈ ရက်တွင်လည်းကောင်း၊ ဝါးပိတ်ကျေးရွာသို့ နိုဝင်ဘာ ၉ရက်နှင့်၁၀ ရက်များတွင် လည်းကောင်း၊ လူသား ချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ ဖြန့်ဖြူးခဲ့ရာ ဆန် ၁၀၁၁ အိတ်နှင့် ၄၈ ပြည်၊ ပဲ ၈၉ အိတ်၊ ဆီ ၃၆၈၈ လီတာ၊ ဆား ၃၉၄ ပိသာနှင့် အခြား အာဟာရဖြည့်စွက် စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီ ခဲ့ပြီး ဖြစ် သည်။ အလားတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနနှင့် ပြည်နယ် အစိုးရ တို့ မှလည်း စားနပ်ရိက္ခာများ ပံ့ပိုးကူညီလျက်ရှိသည်။

အလားတူ လက်ရှိ ထောက်ပံ့ကူညီလျက်ရှိသော လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ထိ ထိရောက်ရောက် ဖြန့်ခွဲပို့ဆောင်နိုင်ရေး တိုးမြှင့်် ဆောင်ရွက်သွားမည် ဖြစ်သည်။



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */