" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label မြန်မာစစ်ရာဇဝတ်မှု. Show all posts
Showing posts with label မြန်မာစစ်ရာဇဝတ်မှု. Show all posts

Monday, December 30, 2019

မြန်မာစစ်ရာဇဝတ်မှုတွေကို စုံစမ်းဖို့ နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်း လျာထား

B B C
ဘီဘီစီ မြန်မာပိုင်း
၃၀ ဒီဇင်္ဘာ၂၀၁၉
 မြန်မာအတွက် နှစ်နှစ်စာ ဒေါ်လာ ၂၇ သန်းသုံးဖို့ ခွဲဝေလျာထား

မြန်မာနဲ့ ဆီရီးယားက စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့အပါအဝင် ကုလသမဂ္ဂရဲ့ စုံစမ်းရေး လုပ်ငန်း စဉ်တွေမှာ သုံးစွဲဖို့ အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် ဘတ်ဂျတ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီဇင်ဘာ ၂၇ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီဘတ်ဂျတ်ကို မြန်မာ၊ ဆီးရီးယား ၊ ရုရှနဲ့ မြောက်ကိုရီးယားအပါအဝင် ၇ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ပေမယ့် ကုလသမဂ္ဂညီလာခံက မဲခွဲ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဘတ်ဂျတ် ၃ ဘီလျံကျော်ထဲက မြန်မာအတွက် ၂နှစ်စာ ကန်ဒေါ်လာ ၂၇ သန်းကျော်သုံးစွဲဖို့ ကုလသမ ဂ္ဂက ခွဲဝေလျာထားလိုက်တာပါ။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */