" သင့်၏ မိုဘိုင်းဖုံး ဘရော်စာတွင် www.rohingyanewsbank.com ကို ရိုက်၍ အလွယ်တကူ ဖတ်ရှု နိုင်ပါသည် "
Showing posts with label ကူညီမည်. Show all posts
Showing posts with label ကူညီမည်. Show all posts

Tuesday, November 17, 2020

ရိုဟင်ဂျာတွေ အမြန်ဆုံးနေရပ်ပြန်ရေး ဂျပန် အကူအညီ ပေးဖို့ရှိ

VOA
ကုတုပလောင်စခန်းမှ ရိုဟင်ဂျာ အမျိုးသမီးများ

ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ စောလျင်စွာ ဌာနေပြန်နိုင်ရေး အတွက် ဂျပန် အစိုးရက မြန်မာ အစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဆိုင်ရာ ဂျပန် သံအမတ်ကြီး Ito Naoki က ပြောဆိုလိုက်ပါတယ်။

မြို့တော် ဒါကာက Mirpur တပ်နယ် စစ်တပ် အရာရှိတွေ လေ့ကျင့်ပေးနေတဲ့ ကာကွယ်ရေး ဆိုင်ရာ ကောလိပ်မှာ ဂျပန်နဲ့ ဘင်္ဂလားဒေရှ့် နှစ်ပေါင်း ၅၀ ချစ်ကြည်ရင်းနှီးမှု ခေါင်းစဉ်နဲ့ ဂျပန် သံအမတ်ကြီးက အွန်လိုင်းကနေ ဟောပြော ပို့ချမှု အတွင်း အမေးအဖြေကဏ္ဍမှာ အခုလို ပြောဆိုသွားတာ ဖြစ်ကြောင်း ဘင်္ဂလားဒေရှ့် လက်နက်ကိုင် တပ်ဖွဲ့များရဲ့ သတင်းဌာန ISPR က နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။ 

Tuesday, May 5, 2020

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ကာတာ လခြမ်းနီအသင်း ကူညီ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-05-05
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိတဲ့ QRCS ကာတာလခြမ်းနီအသင်းဟာ ဒုက္ခသည်စခန်းတွေက ကိုရိုနာဗိုင်းရပ်စ် အပြင်းအထန်ကူးစက်မခံရသူတွေကို သီးခြားခွဲထားဖို့ ကနဦးအားဖြင့် ဒေါ်လာ ၆ သောင်းခွဲ ကုန်ကျမယ့် ကုတင် ၅၀ ဆန့် အဆောက်အဦးတည်ဆောက်မယ်လို့ သတင်းရရှိပါတယ်။

Saturday, April 11, 2020

ရခိုင်ပြည်နယ်တွင်း COVID-19 ကာကွယ်တားဆီးရေး ဒေါ်လာ ၂.၂ သန်း ကုလကူညီ

VOA
ဗွီအိုအေ (မြန်မာပိုင်း)
11 ဧပြီ၊ 2020 
COVID-19 အန္တရာယ်ကာကွယ်ရန် နှာခေါင်းစည်းတပ်ပြီး စားစရာအလှူစောင့်နေသည့် ဆိုက်ကားဆရာတဦး။ (ရန်ကုန်၊ ဧပြီ ၇၊ ၂၀၂၀)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ COVID-19 ရောဂါ ကာကွယ် တားဆီးရေးအတွက် ကုလသမဂ္ဂအနေနဲ့ အကူအညီတွေ ပေးသွားမှာ ဖြစ်တယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးက ကြေညာလိုက်ပါတယ်။

ဒီကနေ့ ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ COVID-19 ရောဂါ မပြန့်ပွားရအောင် ကာကွယ်တားဆီးဖို့အတွက် အမေရိကန်ဒေါ်လာ ၂.၂ သန်းကျော် သုံးစွဲသွားမှာဖြစ်တယ်လို့ ပြောထားပါတယ်။

Friday, March 6, 2020

ရခိုင်မြောက်ပိုင်း-ဘင်္ဂလားနယ်ခြားက ဒုက္ခသည် နဲ့ ဒေသ ခံတွေအတွက် နောက်ထပ် ဒေါ်လာ ၅၉ သန်း ကန် ကူညီ မည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမွတ်ဆလင် ဒုက္ခသည်များ


မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ ဒေသခံတွေအတွက် အကူအညီအဖြစ် နောက်ထပ် ဒေါ်လာ ၅၉ သန်း ကူညီမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။

အကူအညီတွေဟာ ရခိုင်ပြည်နယ်က ထွက်ပြေးလာကြရတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအ၀င် ဘင်္ဂ လားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းကျော်အတွက် အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး နိုင် မှာ ဖြစ်သလို၊ ဒေသခံ လူမှုအသိုင်းအ၀ိုင်း အတွက်လည်း သုံးစွဲသွားမှာ ဖြစ်ကြောင်း အမေရိကန် နိုင်ငံ ခြားရေး ၀န်ကြီးဌာနက ကြာသပတေးနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

Tuesday, December 10, 2019

ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန
10 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မြင်ကွင်း(VOA မြန်မာပိုင်းသတင်းဓာတ်ပုံ) 


လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ Gambia နိုင်ငံကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အကူအညီပေးမယ်လို့ ထုတ်ဖော် ပြော ကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star အွန်လိုင်း သတင်းတစ်ရပ်က ပြောပါတယ်။

အဲဒီ နှစ်နိုင်ငံရဲ့ ပူးတွဲ ကြေညာချက်မှာ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင် ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင် ငံ က လျှောက်ထားတာကို ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေက ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

Friday, November 29, 2019

ICJ ကြားနာပွဲအတွက် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ သက်သေ အထောက်အထား ကူညီမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
29 နိုဝင်ဘာ၊ 2019
သက်နိုင်

ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ကြားနာစစ်ဆေးတဲ့အခါ လိုအပ်တဲ့ အချက်အလက် အထောက်အထားတွေ ကူညီပေးသွားမှာ ဖြစ်တယ်လို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့ က ပြောဆိုလိုက်ပါတယ်။ ခေတ်အဆက်ဆက် လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ပြဿနာကို ကိုင်တွယ် မယ့် ICJ ကြားနာပွဲကို အပြည့်အဝ ထောက်ခံတယ်လို့ AA အပါအဝင် တိုင်းရင်းလက်နက်ကိုင် ၃ ဖွဲ့ကြေညာ ချက် ထုတ်ပြန်လိုက်တာပါ။ VOA သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */