" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုး စလုံး ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "
Showing posts with label ကိုဗစ်-၁၉. Show all posts
Showing posts with label ကိုဗစ်-၁၉. Show all posts

Thursday, June 25, 2020

ဘူးသီးတောင်ဆေးရုံ၌ ကိုဗစ်-၁၉ လူနာ ၂၄ ဦးစာအတွက် ကြိုတင်ပြင်ဆင်ထား

DVB 
25 June 2020
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်ဆေးရုံမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂၄ ဦးထိထားရှိနိုင်အောင် ကြိုတင်ပြင်ဆင် ထားတယ်လို့ ဘူးသီးတောင်မြို့နယ် ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

ဘူးသီးတောင်မြို့နယ်ဆေးရုံမှ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက “လက်ရှိ ပိုးတွေ့ လူနာ ၂ ယောက် ကိုတော့ ခုပြင်ဆင်ထားတဲ့အဆောင်မှာ မထားသေးပါဘူး။ ဒီအဆောင်မှာတော့ ပိုးတွေ့လူနာ၂၄ ဦးအထိ ထား နိုင်အောင် ကြိုတင်ပြင်ဆင်ထားပါတယ်။” လို့ ပြောပါတယ်။

ဘူးသီးတောင်မြို့က ကိုဗစ်-၁၉ လူနာ အမှတ် ၂၉၃ ကူတူ ပါလောင်စခန်းတွင်နေထိုင်ခဲ့သူဖြစ်

DVB
လင်းလက်
25 June 2020
ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင်မှာ ၈ ဦးမြောက် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ လူနာအမှတ် ၂၉၃ ဟာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသူဖြစ်ပြီး ကူတူပါလောင်ဒုက္ခသည်စခန်းမှာ နေထိုင်ခဲ့သူဖြစ် ကြောင်း သိရပါတယ်။

သူ့ကို ဇွန်လ ၂၁ ရက် ညနေ ၄ နာရီခွဲလောက်က မောင်တောမြို့မှ ဘူးသီးတောင်မြို့ သို့သွားရောက်စဉ် မောင်တောမြို့ ၄ မိုင်ဈေးမှာ မောင်တောခရိုင်အုပ်ချုပ်ရေးနဲ့ ကျန်းမားရေးတာဝန်ရှိသူတွေက ဖော်ထုတ်ဖမ်း ဆီးရမိတာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */