Jan 13,2014
Link : Here
”ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ နောက်ကွယ် မှ ပကတိအမှန်တရား”ဟူသော ခေါင်းစဉ်ဖြင့်ဘာသာပြန် ဆောင်းပါး တစ်ပုဒ်ကို (၂ဝ၁၇-ခုနှစ်၊ အောက်တိုဘာ ၁၃-ရက်) နေ့စွဲပါ ကြေးမုံသတင်းစာမှာ တွေ့ရှိဖတ်ရှု ရ သည်။ The Global New Light of Myanmar မှာ ဦးခင်မောင်မြင့်က The Truth behind the Northern Rakhine Issue) အမည်ဖြင့် ရေး ခဲ့သောဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်။
ဆောင်းပါးရှင်က သမိုင်းမှန်ကိုသိရှိသဖြင့် ဘက်လိုက် ခြင်းမရှိ၊ အစွဲကင်းကင်းဖြင့်ရေးသည်ဟု ပြောဆိုထားသော် လည်း၊သူ့ဆောင်းပါးသည် လက်တွေ့နှင့် လွဲနေခြင်း၊ အမြင် စောင်း၍ရေးခြင်း ၊ အစဉ်အလာ အတိုင်း ရိုဟင်ဂျာ များ မြေခံ၊နယ်ခံများမဟုတ်ဘဲ တဖက် အိန္ဒိယ၊ ဘင်္ဂလား မှ လာရောက်နေထိုင်သူများအဖြစ် သရုပ်ဆောင် ရန် ထင်ဟပ် စေရန် အားထုတ်ထားသော ဆောင်းပါးသာဖြစ်သည်။ သို့ ဖြစ်၍ အထက်ဆောင်းပါး နှင့် စပ်လျဉ်း၍ အဖြစ်မှန်၊ အကြောင်းမှန်ကို ပြည်သူများ သိရှိနိုင်ရန် ဤဆောင်းပါးဖြင့် သုံးသပ်တင်ပြခြင်း ဖြစ်ပါ သည် ။
❖ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ (ရိုဟင်ဂျာ) တွေကို တဖက်နိုင်ငံ ထွက်ပြေးသွားအောင် တပ်မတော်နဲ့ အရပ်သားအစိုးရ ရည်ရွယ်ချက်နဲ့ နယ် မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ဟု ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ DHRP က ထုတ်ဖော်ပြော ကြား လိုက် ပါတယ်။
ပါတီအမည်
ပါတီအမည် ၊ Democracy and Human Rights Party
၁။ ဥက္ကဋ္ဌ - ဦးကျော်မင်း
၂။ ပါတီဝင်အရေအတွက် - တစ်သောင်းခန့်
၃။ ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်အပါအဝင် မဲဆန္ဒနယ် ၄၀ ခန့်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်။
၄။ ပါတီဆောင်ပုဒ်နှင့်မူဝါဒ - ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရှင်သန်ရေး။
၅။ ကိုယ်စားလှယ်လောင်းသတ်မှတ်ချက် - လူကောင်းဖြစ်ရမည်။ ပြည်သူလက်ခံနိုင်မည့်သူဖြစ်ရမည်။ နိုင်ငံရေးအတွေးအမြင်နှင့် အတွေ့အကြုံရှိသူဖြစ်ရမည်။တိုင်းရင်းသားပြည်သူများနှင့် ဆက်ဆံရေးပြေပြစ်သူဖြစ်ရမည်။
၆။ ရန်ပုံငွေ - ဗဟိုအလုပ်အမှုဆောင်အပါအဝင် ပါတီဝင်များ၏ ထည့်ဝင်ငွေဖြင့် အဓိကလည်ပတ်သည်။
၇။ ပါတီနောက်ခံသမိုင်းကြောင်း -၁၉၉၁ က ဖျက်သိမ်းခဲ့သော အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီကိုအခြေခံ၍ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီကို၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် တည်ထောင်ခဲ့သည်။