Showing posts with label အမေးအဖြေ. Show all posts
Showing posts with label အမေးအဖြေ. Show all posts

Monday, November 6, 2023

ရိုဟင်ဂျာအရေးမျှော်လင့်ချက်

VOA
ဆုမွန်
၀၆ နိုဝင်ဘာ၊ ၂၀၂၃

တရားမဝင်နေရပ်ပြန်လာတဲ့ ရိုဟင်ဂျာတွေ ဘာကြောင့်ဖမ်းခံနေရတာလဲ

သိန်းချီတဲ့ ရိုဟင်ဂျာတွေထဲက "တထောင်"စမ်းသပ်ပြန်ပို့မယ့်ရှေ့ပြေးစီမံချက်တောင် အောင်မြင်အောင် အ ကောင် အထည်မဖော်နိုင်သေးချိန် မိမိတို့နေရပ်ကို အကြောင်းမျိူးစုံနဲ့ ပြန်သွားသူတချို့ကို ခိုးဝင်တံဆိပ် တပ်ပြီး ထောင်ချ အရေးယူအပြစ်ပေးနေတာက ထပ်ပြီး လူ့အခွင့်အရေးချိူးဖောက်မှုပါပဲလို့ ရိုဟင်ဂျာတွေက ပြောဆို လိုက်ပါတယ်။

Link : Here

Thursday, January 21, 2021

တရုတ်စီမံကိန်းတွေ လုပ်ဖို့ ရိုဟင်ဂျာတွေကို ရည်ရွယ်ချက် နဲ့ နယ်မြေရှင်းလင်းခဲ့ဟုဆို

MCN TV NEWS CHANNEL
2021 January

❖ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရခိုင်ပြည်နယ်‌ မြောက်ပိုင်းမှာ (ရိုဟင်ဂျာ) တွေကို  တဖက်နိုင်ငံ ထွက်ပြေးသွားအောင် တပ်မတော်နဲ့ အရပ်သားအစိုးရ ရည်ရွယ်ချက်နဲ့ နယ်  မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ဟု ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ DHRP က ထုတ်ဖော်ပြော ကြား လိုက် ပါတယ်။

Tuesday, July 28, 2020

ရိုဟင်ဂျာတွေ မဲပေးခွင့်ရဖို့ ကန်အခြေစိုက်အဖွဲ့တိုက်တွန်း

VOA
 ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
8 ဇူလိုင်၊ 2020
 ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သက်ကယ်ပြင်ဒုက္ခသည်စခန်းမှာ တွေ့ရတဲ့ ရိုဟင်ဂျာ တချို့။ (စက်တင်ဘာ ၀၇၊ ၂၀၁၆)
 
၂၀၂၀ ရွေးကောက်ပွဲမှာ ရိုဟင်ဂျာတွေ မဲပေးပိုင်ခွင့် ရရှိရေးနဲ့ ပတ်သက်လို့ အမေရိကန်အခြေစိုက် အာရေ ကန် ရိုဟင်ဂျာယူနီယံက ထုတ်ပြန်လိုက်တဲ့ အစီအရင်ခံစာ အကြောင်းတင်ပြမှာပါ။ ဇူလိုင်လ ၂၇ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ အဓိကပါဝင်တဲ့ အကြောင်းအရာတွေကို အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ Wakar Uddin က အခုလို စပြောပါတယ်။

ဒေါက်တာ Wakar Uddin။ ။ အရေးအကြီးဆုံး တခုက ရွေးကောက်ပွဲအကြောင်း ရိုဟင်ဂျာလူတွေရဲ့ မဲဆန္ဒ ပေးနိုင်ခွင့်၊ ရိုဟင်ဂျာ ပါတီကို မဲဆန္ဒ election မှာ ရပ်တည်နိုင်မယ့်အကြောင်း၊ နောက်တခုက ရခိုင်ပြည် နယ်မှာ မြို့နယ်အမျိုးမျိုးမှာ ဖြစ်နေတဲ့ စစ်ဖြစ်နေတဲ့အခြေအနေ၊ ဒုက္ခသည်အခြေအနေ၊ နောက်တခုက ဒုက္ခသည် ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအကြောင်း၊ သူတို့ ပြန်နိုင်၊ သွားဖို့ အခြေအနေ၊ ဘယ်လိုလဲ အဲ့ဒါ။"

SEE ALSO:
မအင်ကြင်းနိုင်။ ။ ဒီကိစ္စက ကုလသမဂ္ဂကလည်း ဒီဟာသူတို့အတွက် အရေး ကြီးဆုံးအချက်အနေနဲ့ ပြောထားတာ ရှိတော့ အခုလက်ရှိ အခြေအနေအရ ရိုဟင်ဂျာတွေရဲ့ မဲပေးပိုင်ခွင့်အခြေ အနေ ဘယ်လို ရှိပါသလဲရှင့်။

ဒေါက်တာ Wakar Uddin။ ။ မြန်မာအစိုးရက ရှောင်နေတယ်လို့ ကြားတယ်။ ရှောင်နေတာက ကျနော်ထင် တာက ဒီတပ်မတော်က တပ်မတော်ဘက်က ကန့်ကွက်လို့ အခြေအနေမကောင်းလို့ ဖြစ်ရင်ဖြစ်မှာပေါ့လေ။ အစိုးရရှေ့မှာလည်း NLD အစိုးရရှေ့မှာလည်း ရိုဟင်ဂျာကို မုန်းတဲ့လူတွေလည်း ရှိတယ်လေ၊ ဆန့်ကျင်တဲ့ လူတွေလည်းရှိတယ်။ အဲ့ဒီတော့ ရှုပ်ပွတဲ့ ပြဿနာဖြစ်သွားတယ်။ အဲ့ဒီတော့ အခြေအနေက အခုကျနော်တို့ စောင့်ကြည့်နေတယ်လေ။ သူတို့ မဲပေးနိုင်ခွင့် ရှိမလား၊ မရှိဘူးလားဆိုတာ။

မအင်ကြင်းနိုင်။ ။ အခုရခိုင်မှာ လုပ်မယ့်မဲဆန္ဒနယ်မြေတွေရဲ့ အနေအထား ဥပမာ စစ်တွေမှာရှိတဲ့ IDP မှာ ရှိတဲ့ လူတွေကရော မဲပေးနိုင်မလားပေါ့နော်။ အဲ့လိုမျိုး အခြေအနေကိုရော ဘယ်လောက်ထိသိထားလဲရှင့်။

ဒေါက်တာ Wakar Uddin။ ။ အခုရခိုင်ပြည်မှာရှိတဲ့ ရွာတွေ၊ IDP စခန်းတွေ၊ IDP camp တွေမှာ ရှိတဲ့ လူတွေ ကို အခုသူတို့ ဘာလုပ်မယ်ဆိုတာ နိုင်ငံသားရှိတဲ့သူတွေ green card တွေ၊ ပြီးတော့ ကဒ်အနီ သူတို့ကို မဲပေးနိုင်ခွင့်ပေးမယ်လို့ပြောပါတယ်။ ရိုဟင်ဂျာထဲမှာတော့ အနီကဒ်သိပ်မရှိပါဘူး။ မြန်မာအစိုးရကရိုဟင်ဂျာ တွေကို by force အတင်းအဓ္ဓမ သူတို့ကို NVC လုပ်ခိုင်းပြီးတော့ အဲဒီကနေပြီးတော့ ဒီနိုင်ငံသားပြု လက် မှတ်တွေပေးနေပါတယ်။ အဲဒါကို ရိုဟင်ဂျာကို နိုင်ငံခြားသားလာတယ်၊ တခြားနိုင်ငံက လာတယ်ဆိုပြီးတော့ အဲဒါကို သူတို့ကို NVC လုပ်ခိုင်းတယ်ပေါ့လေ။ ရိုဟင်ဂျာလူမျိုးထဲမှာလည်း နားမလည်တဲ့သူတွေရှိလို့ တချို့ လူတွေက အဲဒါ ဘယ်လောက်ဆိုတယ်ဆိုတာ နားမလည်လို့ နိုင်ငံသားပြုကဒ် ကိုင်ထားတာ ရှိပါတယ်။ အခု သူတို့ပါ အစိုးရက စာရင်းလုပ်နေတာမှ အကွဲရိုဟင်ဂျာလူတွေ၊ နိုင်ငံသားပြုကဒ်တွေ ရှိတဲ့သူတွေ မဲပေးနိုင် မယ်လို့ ထင်ပါတယ်။ ၂၀၁၀ မှာ ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုး white card သူတို့ကို မဲဆန္ဒပေးခွင့် မပေးပါဘူး။ ရခိုင်ပြည်မှာ ရှိတဲ့ မြို့တွေအားလုံးမှာ ရိုဟင်ဂျာ နည်းနည်းပါးပါးပဲ ၁၀၀၊ ၂၀၀ လောက်တောင် ရှိမှာ မဟုတ် ဘူး။ သူတို့ မဲ ပေးနိုင်ခွင့်ရှိတဲ့လူ ဆိုတာ။


SEE ALSO:

ရိုဟင်ဂျာပဋိပက္ခအရေး နိုင်ငံတကာ တရားစီရင်ရေးနဲ့ မြန်မာပူးပေါင်းဖို့ ကုလတိုက်တွန်း 

မအင်ကြင်းနိုင်။ ။ ဒီရိုဟင်ဂျာတွေကို ကိုယ်စားပြုပြီး အမတ်လောင်း၊ ကိုယ်စားလှယ်လောင်း အနေအထား ရော ရှိပြီလားရှင့်။

ဒေါက်တာ Wakar Uddin။ ။ ရှိပါတယ်။ ကျနော်တို့မှာ အရည်အချင်းရှိတဲ့သူရှိပါတယ်။ အခုကျနော်တို့မှာ လက်ရှိပါတီ သုံးခုရှိပါတယ်။ အဲဒီ သုံးခုမှာ ကျနော်တို့က ယှဉ်ပြိုင်မယ့်သူတွေရှိပါတယ်။ အရည်အချင်း ရှိ တဲ့သူတွေရှိပါတယ်။ အခု လိုတာက မြန်မာအစိုးရက သူတို့ကို ခွင့်ပြုဖို့၊ ပြိုင်ဆိုင်ခွင့်ပြုဖို့။

မအင်ကြင်းနိုင်။ ။
ဒေါက်တာ Wakar Uddin ပြောသွားတာပါ။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရ က အသိအမှတ်ပြု လက်ခံထားခြင်းမရှိပါဘူးရှင်။

 
Link : Here

Thursday, July 16, 2020

အားလုံးပါဝင်ခွင့် မရှိတဲ့ ရွေးကောက်ပွဲဆို နိုင်ငံတကာရဲ့ မေးခွန်းထုတ်မှု ပိုဆိုးလာမယ်


MCN TV NEWS CHANNEL
2020-07-16

❖ အာဏာရ အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်အနေနဲ့ နိုဝင်ဘာ (၈) ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့် ရှိအောင် ဦးဆောင်ကျင်းပပေးဖို့ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (Democracy and Human Rights Party) က တောင်းဆိုလိုက်ပါတယ်။

Monday, June 1, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ဒီမိုကရေစီရေးရာ
သားညွန့်ဦး
01 ဇွန်၊ 2020

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။ 

Wednesday, March 11, 2020

လက်နက်စက်ရုံ တည်ဆောက်ဖို့ ရည်မှန်းချက် အခိုင်အမာ ရှိပါတယ်

ဧရာဝတီ 
နန်းလွင်နှင်းပွင့်
11 March 2020 
 ၂၀၁၉ ခုနှစ် ဧပြီလက လိုင်ဇာမြို့တွင် တွေ့ရသည့် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / နန်းလွင်နှင်းပွင့် / ဧရာဝတီ 

ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင်းမှာ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ကြားက နယ်မြေ စိုးမိုးဖို့ အားပြိုင်ပြီး အပြန်အလှန် တိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေက ရပ်တန့်ခြင်း မရှိသေးပါဘူး။

Friday, February 7, 2020

သံခင်းတမန်ခင်းနဲ့ သတင်းပြန်ကြားရေး စနစ် ထိထိရောက် ရောက် ဆောင်ရွက်ဖို့ လိုတယ်

ဧရာဝတီ
ဇင်လင်းထက်
ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး
7 February 2020

မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်စလင်များကို လူမျိုးသုဉ်း သတ်ဖြတ်သည်ဟု ဂမ်ဘီယာ နိုင် ငံက စွပ်စွဲ ပြီး ကြားဖြတ် အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှု အပေါ် အပြည်ပြည်ဆိုင်ရာ တရား ရုံး (ICJ)က မြန်မာနိုင်ငံအနေ ဖြင့် လိုက်နာရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ဇန်နဝါရီ၂၃ ရက်က ဆုံးဖြတ် ချမှတ်ခဲ့သည်။

Monday, December 9, 2019

ဂျီနိုစိုက်အရေး အဖြေရှာတွေ့ပြီ

DVB
By DVB
9 December 2019

၂၁ ရာစု၏ ပထမဆုံးသော ဂျီနိုစိုက်အမှုကို မြန်မာပြည် ဖြေရှင်းရတော့မည်။ ICJ ၌ ဂမ်ဘီယာက မြန်မာ အပေါ် စွဲချက်တင်ခဲ့သည့် Lawsuit တွင် ရိုဟင်ဂျာများအားအပါ် ဂျီနိုစိုက် ကျူးလွန်ခြင်း၊ ပူးပေါင်းကြံ စည် ခြင်း၊ အမုန်းဖန်တီးပြီး၊ ပါဝင်ပက်သက်ခြင်း၊ ကြံရာပါအသွင် တရားမမျှတခြင်း၊ ရပ်တန့်အောင် မကြိုးစား သလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် ကုလ Genocide Convention ပဋိညာဉ် ခံဝန်ကတိ Article-I, III, IV, V, VI တို့အား ချိူးဖောက်ကြောင်း ပါဝင်သည်။ မြန်မာတိုင်းရင်းသား အဖွဲ့ အစည်းအချို့ဘက်ကလည်း ဂမ်ဘီ ယာ စွဲဆိုချက်ကို ထောက်ခံသည့် ကြေညာချက်များ ဆက်လက် ထွက် ပေါ်လာသည်။

Tuesday, July 2, 2019

ဒုက္ခသည်တွေ ဌာနေပြန်ရေး မြန်မာသံအမတ်ကြီး တုံပြန်

VOA
ဗွီအိုအေ (မြန်မာဌာန)
02 ဇူလိုင်၊ 2019
အင်ကြင်းနိုင်
  မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း
ရခိုင်ပြည်နယ်မြောက်ပိုင်း ကို ဒုက္ခသည်တွေ နေရပ်ပြန်လာရေး အခြေအနေတွေ ရှင်းပြဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီကို မြန်မာကိုယ်စားလှယ် အဖွဲ့ ဇူလိုင်လ အကုန်မှာသွားရောက်ဖို့ ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီးက မနေ့က ပြောကြားလိုက်ပါတယ်။

Thursday, September 28, 2017

( 28.09.2017 ) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချ ထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း (ဒီမိုက ရေစီ တူဒေး သတင်းစာ၊ ၂၈-၉-၂၀၁၇)




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် တွေ့ဆုံမေးမြန်းခြင်း

(ဒီမိုကရေစီတူဒေးသတင်းစာ၊ ၂၈-၉-၂၀၁၇)

မေး။ ပြည်ထောင်စုဝန်ကြီးခင်ဗျ။ မောင်တောမှာ ယခုရက်ပိုင်းက တွေ့ရှိခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေကို စုပုံ မြေမြှုပ်ထားတာတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီးတို့အနေနဲ့ နိုင်ငံတကာက သိရှိအောင် ဘယ်လို ဆောင် ရွက်သွားဖို့ စီစဉ်နေပါသလဲ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */