Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Tuesday, January 19, 2021

ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး ဆွေးနွေး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင်
2021-01-18

ရခိုင်ပြည်နယ်မှာရှိတဲ့ လူမျိုးစု အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သွားဖို့ လိုလားကြောင်း မလေးရှား နိုင်ငံရောက် ရခိုင်နဲ့ ရိုဟင်ဂျာအသိုက်အဝန်းက အဖွဲ့အစည်းအချို့ ပူးပေါင်းပြီး ကြေညာချက် ထုတ်ပြန်ခဲ့ပါ တယ်။

ဇန်နဝါရီလ ၁၈ ရက် မနေ့က အွန်လိုင်းကနေ ပြုလုပ်တဲ့ ရခိုင်ပြည်၏ စည်းလုံးညီညွတ်သော မတူကွဲပြားသည့် အသိုင်းအဝန်းများရဲ့ ထုတ်ပြန်ကြေညာချက် ဖတ်ကြားပွဲမှာ ရခိုင်နဲ့ ရိုဟင်ဂျာ အသိုင်းအဝိုင်းက လူမျိုးစု ခေါင်း ဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်အသိုင်းအဝိုင်းက ပုဂ္ဂိုလ် အချို့ အပါအဝင် တက်ရောက်သူ ၁၀၀ကျော် ရှိခဲ့ပါတယ်။

Saturday, January 16, 2021

မီးလောင်သွားတဲ့စခန်းထဲက ရိုဟင်ဂျာဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံ

VOA 
ဗွီအိုအေ (မြန်မာဌာန)  
မဆုမွန်
16 ဇန်နဝါရီ၊ 2021
 
မီးလောင်သွားတဲ့ ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်း အိမ်ရာတချို့ 
 
 
ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းထဲ အိမ်ရာနဲ့ချီ မီးလောင်ကျွမ်းလို့ ထောင်ချီတဲ့ မီး
ဘေး ဒဏ်သင့်ဒုက္ခသည်အများအပြား ရာသီဥတုဒဏ်နဲ့ နေထိုင်ရေး စားနပ်ရိက္ခာပိုင်း အတော့်ကို အခက်တွေ့ နေကြတယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

ရခိုင်မြောက်ပိုင်းကနေ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်လာကြတဲ့ ရိုဟင်ဂျာဒုက္ခ သည် သိန်းချီခိုလှုံနေထိုင်တဲ့ ကော့ဇ်ဘာဇားခရိုင်တွင်း ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက Nayapara Camp ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ ဇန်နဝါရီလ ၁၄ရက်နေ့ ကြာသပတေးနေ့ မနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ တာပါ။

Thursday, January 14, 2021

ရိုဟင်ဂျာနေအိမ်အလုံး ၅၅၀ ကျော် မီးလောင်ပျက်စီး

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
စောဖိုးခွား
2021-01-14

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင် ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် ၂၀၂၁ ဇန်နဝါရီ ၁၄ ရက်နေ့က မီးလောင်ပျက်စီးသွားသည့် နေအိမ်များ။
(Photo: UNHCR)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားခရိုင်မှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းအတွင်းမှာ ဒီကနေ့ မနက် အစော ပိုင်းက မီးလောင်ခဲ့လို့ ရိုဟင်ဂျာဒုက္ခသည် နေအိမ်အလုံးပေါင်း ၅၅၀ ကျော်ပျက်စီးသွားတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်း ၁ နာရီခွဲလောက်မှာ ကော့ဆက်ဘဇားခရိုင် တက်ခ်နက်မှာရှိတဲ့ နာရာပါရာ ဒုက္ခ သည် စခန်း အမှတ်(၅) ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မနက် ၅ နာရီကျော်မှာ မီးငြိမ်းသတ်နိုင် ခဲ့ပါ တယ်။

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝ သစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေကြောင်းခရီး

B B C

ဘီဘီစီ မြန်မာပိုင်း

2020 Jan 14



ဘင်္ဂလားဒေ့ရှ်ဒုက္ခသည် စခန်းက ရိုဟင်ဂျာတွေဟာ ဘဝသစ်အတွက် သက်စွန့်ဆံဖျားနဲ့ ပင်လယ်ရေ ကြောင်း ခရီးနဲ့ မလေးရှားကိုသွားခဲ့ကြပါတယ်။ ဒီခရီးစဉ်မှာသူတို့ ဘယ်လိုကြုံတွေ့ခဲ့ရသလဲ။ Source : BBC Facebook

Wednesday, December 30, 2020

ရိုဟင်ဂျာဒုက္ခသည် ဒုတိယအသုတ် Bhasan Char ကျွန်း ကိုရောက်ရှိ

 ကိုရိုနာ ဗိုင်းရပ်စ် မျိးဗီဇဖွဲ့ စည်းပုံ ဆင့်ကဲပြောင်းလဲလာတဲ့နေရာမှာ မူလဗိုင်းရပ်စ်ထက် ပိုပြီးအစွမ်းထက် လာတဲ့ သဘောတွေ့ရကြောင်း ယူကေရောက် မြန်မာသမားတော်တဦးကပြောကြားလိုက်တာနဲ့အတူ လွှတ်တော်သစ် မတိုင်ခင် ရခိုင်မှာ ရွေးကောက်ပွဲ ပြန်ကျင်းပရေး အလားအလာရှိမရှိ၊ တရားမဝင်မြန်မာလုပ်သားတချို့ ထိုင်းအ လုပ်ရှင်တွေရဲ့ စွန့်ပစ်ခံရတဲ့ သတင်းပေးပို့ချက်၊ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ ကမ္ဘာတလွှား ခရီးသွား စတဲ့ အစီအ စဉ်တွေကို နားဆင်ရမှာပါ။ 

Monday, December 28, 2020

နောက်ထပ်ရိုဟင်ဂျာ ၁၀၀၀ ကို ကျွန်းတစ်ကျွန်းဆီပို့ဖို့ ဘင်္ဂလားဒေ့ရှ်စီစဉ်နေ

SBS မြန်မာ
28.12.2020

Bangladesh is set to move a second batch of Rohingya refugees from neighbouring Myanmar to the remote island of Bhasan Char. Source: Anadolu


ဒီလ အစောပိုင်းတုန်းကပဲ ရိုဟင်ဂျာ အယောက်ပေါင်း ၁၆၀၀ ကို အဲဒီကျွန်းဆီပို့ဆောင်ခဲ့တာဖြစ်ပြီး နောက် ထပ် အယောက် ၁၀၀၀ ဝန်းကျင်ကို ရက်ပိုင်းအတွင်း ပို့ဆောင်ဖို့ ရှိတယ်လို့ တနင်္ဂနွေနေ့မှာပဲ အမည်မဖော် လိုတဲ့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီလူတွေကို စစ်တကောင်းကို အရင်ပို့ဆောင်ပြီးမှ ဒီရေအတက်အကျအပေါ် မူတည်ပြီး Bhasan Char ကျွန်း ကို ပို့ဆောင်မယ်လို့ ပြောပါတယ်။

Thursday, December 10, 2020

Bhasan Char ကျွန်းမှာ အဆင်ပြေအောင် ကြိုးစားနေထိုင် နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2020


 

Bhasan Char ကျွန်းရောက် ရိုဟင်ဂျာဒုက္ခသည်များ

VOA
ဗွီအိုအေ (မြန်မာဌာန)
 
 

ဝေးလံခေါင်သီတဲ့ Bhasan Char ကျွန်းကို ရောက်သွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက သူတို့ရောက်ရှိတဲ့ နေရာသစ်မှာ အဆင်ပြေအောင် နေထိုင်နေကြတယ်လို့ ဗွီအိုအေ ဘင်္ဂလာ ဌာနကို ပြောပါတယ်။ VOA သတင်းထောက် Muazzem Hossain Shakil ရဲ့ သတင်းလွှာကို ကိုခင်မောင်စိုးမင်း ပြောပြပါလိမ့်မယ်။
Link : Here

Monday, December 7, 2020

ရိုဟင်ဂျာဒုက္ခသည်တွေကိုBhasan Charကျွန်းကိုပြောင်း ရွေ့

VOA
ကိုခင်မောင်စိုးမင်း
07 ဒီဇင်ဘာ၊ 2020


ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုနေတဲ့ ကြားကပဲ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို သူတို့ရဲ့စခန်းကနေ ဘင်္ဂလားပင်လယ်အတွင်းက ကျွန်းဆီပြောင်းရွေ့လိုက်ပါတယ်။ AP သတင်းဆောင်းပါးတွေကို ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြပါ့မယ်။ Link : Here

Sunday, December 6, 2020

ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို အငြင်းပွားကျွန်းဆီ ဘင်္ဂလား ဒေ့ရှ် ပို့ဆောင်

မဇ္ဈိမ
06 December 2020

 လူ တစ်သိန်းကို နေရာချထားပေးဖို့ စီစဉ်ထားတဲ့ မြေနိမ့်ကျွန်းဆီ ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ပထမအသုတ် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သောကြာနေ့မှာ ပို့ဆောင်ခဲ့ပါတယ်။

 သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/76286

တည်းဖြတ် - ဇော်မင်းထွေး 

Link : Here

Friday, December 4, 2020

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေကို ဝေးလံခေါင်း သီတဲ့ ဘာဆန်ချာကျွန်းသို့ ပို့ဆောင်

VOM

ဒါကာ၊ ဒီဇင်ဘာ ၄-၂၀၂၀
မျိုးဆက် (VOM)

Photo: Reuters 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ ၁၆၀၀ ကျော်ကို ဘင်္ဂလားပင်လယ်အော်ရှိ ဝေးလံခေါင် သီတဲ့ ဘာဆန်ချာကျွန်းကို နိုင်ငံတောင်ပိုင် စစ်တကောင်းဆိပ်ကမ်းကနေ ပို့ပေးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ရေ တပ် တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီလိုရွှေ့ပြောင်းပေးရာမှာ ကျွန်းပေါ်ကိုသွားရောက်နေထိုင်ဖို့ဆန္ဒရှိသူတွေသာ ပါဝင်ပြီး ဒီလိုလုပ်ဆောင် လိုက် တဲ့အတွက် မြန်မာနိုင်ငံကထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၁ သန်းကျော်ခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်း တွေမှာ လူဦးရေကြပ်တည်းနေမှုကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ်ကဆိုပါတယ်။

Wednesday, November 25, 2020

ရိုဟင်ဂျာများကို နှိပ်စက်ညှင်းပမ်းရာမှာ တယ်လီနော ပါဝင် ပတ်သက်မှုစုံစမ်းဖို့ OECD လုပ်သင့်တယ်လို့ဆို

KALADAN PRESS NETWORK
BY KALADANPRESS
NOVEMBER 25, 2020

မြန်မာ အစိုးရ စစ်တပ် က ရခိုင်ပြည်နယ်မှာ ၂၀၁၆ နှင့် ၂၀၁၇ က ပြုလုပ်ခဲ့တဲ့ ရက်စက်ကြမ်းတမ်းတဲ့ “ရှင်းလင်း ရေး” စစ်ဆင်မှုမှာ နော်ဝေး အစိုးရပိုင် တယ်လီနော ကုမ္ပဏီရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်၊ အလယ်သံကျော်ကျေးရွာရှိ တာဝါတိုင် အဆောက်အဦးနဲ့ ပတ်သက်ပြီး OECD (Organization of Economic Cooperation and Development) ရဲ့ စည်းမျဉ်းကို ချိုးဖေါက်မှုရှိမရှိ တရားဝင်စုံစမ်းစစ်ဆေးရန် နော်ဝေးရှိ OECD ဆက်သွယ်ရေးရုံး က ထုတ်ပြန် လိုက်ပါသည်။ 

                                      အလယ်သံကျော်ရှိ တ.်လီနော် တာဝါတိုင်


၂၀၁၇ ခု သြဂုတ်လ နောက်ဆုံးပတ်အတွင်း အလယ်သံကျော်ကျေးရွာ မှ ထွက်ပြေးခဲ့သော ရိုဟင်ဂျာယောက် ကျား၊ မိန်းမ၊ ခလေးသူငယ်တွေကို အစိုးရလုံခြုံရေးတပ်တွေက ၎င်းဒေသရှိတယ်လီနော်ဓါတ်အားတိုင် ပေါ် မှ တက်ပြီး ပစ်ခတ်သတ်ဖြတ်ကြောင်း အလယ်သန်ကျော်ရွာမှ ရိုဟင်ဂျာတို့က တိုင်ကြခဲ့သည်။ အမြင့်ပိုင်းမှာရှိ တဲ့ တာဝါတိုင်အုတ်ခုံပေါ်က အစိုးရ စစ်တပ်တို့အတွက် အဝေးကို လှမ်းမြင်နိုင်ပြီး ပြေးလွှားနေတဲ့ ရိုဟင်ဂျာရွာ သားတွေကို ပစ်ခတ်သတ်ဖြတ်ဖို့ နှင့် ခြိမ်းခြောက်ဖို့ အတွက် နေရာလည်းဖြစ်ခဲ့သည်ဟု ရွာသားများ က ပြော ဆိုသည်။

စစ်ဆင်ရေးအချိန်ကာလာတွင် အသတ်ခံရသည့် အလယ်သံကျော်ကျေးရွာသား တရာလောက်လည်း တယ် လီနော တာဝါတိုင် အောက်မှာ ပုံထားတယ်လို့ လည်း ဆိုကြကြောင်းသိရှိရသည်။ဒီရက်စက်မှုအောက်မှ  လွတ်မြောက်လာသူများ၊ ယခု ဘင်ဂါလားဒေးရှ် ရှိ ကမ္ဘာ့အကြီးဆုံးဒုက္ခသည်စခန်းတွင် ရောက်ရှိနေေ သာ သူတွေက “အလယ်သံကျော် အတွက် အမှုမှန်ပေါ်ဆောင်ရေး ကော်မီတီ” မှတဆင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ လတွင် OECD ကို တိုင်တန်းခဲ့သည်။ အချိန်တွေ အတော်ကြာ ဆက်စပ်စုံစမ်းစစ်ဆေးပြီးနောက် နော်ဝေး OECD ဆက်သွယ်ရေးရုံးက ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ အမှုကိုလက်ခံ လိုက်ကြောင်းသိရှိ ရသည်။

Wednesday, November 18, 2020

မြန်မာရွေးကောက်ပွဲလွန် ရိုဟင်ဂျာတို့တောင်းဆိုချက် OIC မှာတင်သွင်း

VOA

ဗွီအိုအေ (မြန်မာဌာန)

မဆုမွန်
18 နိုဝင်ဘာ၊ 2020 

၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လက်ရှိအာဏာရပါတီ NLD ကို ICJ နိုင်ငံတကာခုံရုံးရဲ့ ကြားဖြတ် ဆောင်ရွက်မှုတွေ အကောင်အထည်ဖော်နိုင်ရေး OIC နဲ့နိုင်ငံတကာက တိုက်တွန်းတောင်းဆိုကြဖို့-နောက်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ လက်ရှိမြေပြင် စစ်ရေးအခြေအနေတွေနဲ့ ရိုဟင်ဂျာတို့အရေး- Arakan Rohingya Union အဖွဲ့က OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ကို ဒီသီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ တင်သွင်းလိုက်ပါတယ်။ OIC အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ဒီအစီရင်ခံစာ ကနေ အဓိက ဘာတွေ တိုက်တွန်းတောင်းဆိုထားပါသလဲဆိုတာ အမေရိကန်ပြည်ထောင်စု အခြေစိုက် Arakan Rohingya Union အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဒေါက်တာဝါကာအူဒင်ကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန် ဆက် သွယ်မေးမြန်းထားပါတယ်။

Wednesday, November 4, 2020

ရခိုင်ပဋိပက္ခ အရပ်သားဖမ်းဆီးခံရမှု တိုးလာ

VOA

ဗွီအိုအေ (မြန်မာဌာန)

ကိုနိုင်ကွန်းအိန်
04 နိုဝင်ဘာ၊ 2020
ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားနေသော စစ်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသော ရခိုင်စစ်ရှောင် ဒုက္ခသည်များကို စစ်တွေမြို့မှာ တွေ့ရ။ (ဇွန် ၂၉၊ ၂၀၂၀)
 


လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ ဖမ်းဆီးခံရတာ၊ ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိတာတွေ တိုးလာနေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ တပ်မတော်ကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မသ င်္ကာလို့ ဖမ်းဆီးခံရတာတွေ၊ ပစ်ခတ်မှုတွေကြောင့် ထိခိုက်သေကြေတာတွေရှိနေတယ်လို့ ဒေသခံတွေနဲ့ လွှတ် တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

Thursday, October 22, 2020

ရခိုင်ပြဿနာပြေလည်ရေး အာဆီယံ နဲ့ ပူးပေါင်းဆောင် ရွက်ရန် ကုလအဆင်သင်

VOA

ဗွီအိုအေ (မြန်မာပိုင်း)
22 အောက်တိုဘာ၊ 2020

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အာဆီယံ- ကုလသမဂ္ဂ ၀န်ကြီးများအစည်းအဝေးကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အောက်တိုဘာ ၂၁ ရက် နေ့စွဲနဲ့ သ၀ဏ်လွှာတစောင်ပေးပို့လိုက်ပါတယ်။

အဲဒီသ၀ဏ်လွှာထဲမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ တခြားနေရာတချိုက ရိုဟင်ဂျာ နဲ့ တခြားလူမှု အသိုင်းအ ၀ိုင်းတွေ အိုးအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရဆဲ ဆိုးရွားတဲ့ ဒုက္ခတွေရင်ဆိုင်နေရဆဲ ဖြစ်နေတဲ့အတွက် ပြဿနာရဲ့ ကြောင်းရင်းဇစ်မြစ်ကို ဖြေရှင်းဖို့ အပူတပြင်းလိုအပ်နေတယ် လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကဆိုပါတယ်။ ဒုက္ခသည်တွေ လုံလုံခြုံခြုံ ဂုဏ်သိက္ခာရှိရှိ သူတို့ဆန္ဒအလျောက် ပြန်သွားနိုင်မယ့် အခြေအေ နတွေ ဖန်တီးပေးဖို့လိုအပ်တယ်လို့ လဲဆိုပါတယ်။

Tuesday, October 13, 2020

ရခိုင်အရေး ICC ကို လွှဲပြောင်းပေးဖို့ AI အဖွဲ့ တောင်းဆို

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
2020-10-13

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဘုရားပေါင်းရွာနဲ့ တောင်ပေါက်ရွာ နှစ်ရွာကို မီးရှို့ပြီး အရပ်သားတွေကို သတ်ဖြတ်ခဲ့တာဟာ တပ်မတော်ရဲ့ လက်ချက်ဖြစ်တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့်အဖွဲ့ AI က စွပ်စွဲလိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး ICC က အရေး ယူနိုင်ရေး ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုလိုက်တာပါ။

Saturday, October 10, 2020

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ ထိန်းသိမ်းရေးစခန်းများ ဖျက် သိမ်းရန် HRW တောင်းဆို

မဇ္ဈိမ
Friday, October 09, 2020

ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ကျောက်တစ်လုံးစခန်းတွင် မွတ်ဆလင်အမျိုးသမီးတစ်ဦး သူ၏တဲတွင် ထမင်းချက်နေသည်ကို အောက်တိုဘာ ၃ ရက်၊ ၂၀၁၉ ခုနှစ်က ရိုက်ကူးထားခဲ့သော ဓါတ်ပုံဖြစ်သည်။ (ဓါတ်ပုံ- အေအက်ဖ်ပီ)

ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာ ၁၃၀,၀၀၀ ခန့်ကို ထိန်းသိမ်းထားရှိသည့် နေချင်စဖွယ်မကောင်းသော ခိုလှုံရေး စခန်းများကို ရုတ်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို လိုက် သည်။

ရခိုင်ပြည်နယ်တွင် နယ်မြေရှင်းလင်းရေးများကြောင့် ၂၀၁၂ ခုနှစ်ကစပြီး နေရပ်စွန့်ခွာကာ ထိန်းသိမ်းရေး စ ခန်း တွင် ပိတ်မိနေသည့် ရိုဟင်ဂျာ နှင့် ကမန်မွတ်စလင် ထောင်ပေါင်းများစွာရှိနေသည်ဟု HRW ၏ အောက်တိုဘာလ ၇ ရက်နေ့က ထုတ်ပြန်သည့် စာမျက်နှာ ၁၆၉ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထား သည်။

Friday, September 11, 2020

အိုင်စီစီ ရဲ့ မြန်မာအပေါ် စွပ်စွဲချက်မှာ ဗိုလ်မှူးကြီး အဆင့်အ ထက် ကွင်းဆက်တွေ ပေါ်လာနိုင်

B B C
၁၀ စက်တင်ဘာ ၂၀၂၀
 
ရခိုင်မြောက်ပိုင်းက စစ်ဆင်ရေးတွေမှာ ရိုဟင်ဂျာတွေ အပေါ် ရက်ရက်စက်စက် နှိမ်နင်းခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့တယ်လို့ စွပ်စွဲခံရ

မြန်မာစစ်သားနှစ်ဦး အိုင်စီစီ ရာဇဝတ် တရားရုံးမှာ သက်သေထွက်ရင် ဒီအမှုနဲ့ဆက်စပ်ပြီး အမိန့်ပေးတဲ့ အထက် အရာရှိတွေနဲ့ပတ်သက်တဲ့ ကွင်းဆက်တွေ ဆက်တွေပေါ်လာနိုင်တယ်လို့ နိုင်ငံတကာ ပြစ်မှုဆိုင် ရာ တရားရုံး ဖြစ်စဉ်တွေကို အဆက်မပြတ်လေ့လာနေတဲ့ လူ့အခွင့်အရေးရှေ့နေ၊ ဖက်ဒရယ် ဥပဒေ အ ကယ်ဒမီ ကျောင်းအုပ်ကြီး ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ် ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */