Showing posts with label ကြားဖြတ်ဆုံးဖြတ်ချက်. Show all posts
Showing posts with label ကြားဖြတ်ဆုံးဖြတ်ချက်. Show all posts

Friday, January 24, 2020

ICJ နိုင်ငံတကာတရားရုံး ကြားဖြတ်ဆုံးဖြတ်ချက် နဲ့ ပတ် သက်ပြီး နိုင်ငံတကာတုံ့ပြန်

VOA
24 ဇန္နဝါရီ၊ 2020 
ဗွီအိုအေ (မြန်မာဌာန) 

 

မြန်မာနိုင်ငံတွင်း ကျန်နေတဲ့ ရိုဟင်ဂျာတွေကို ကာကွယ်ပေးရေး ကိစ္စတွေကို ချက်ချင်းဆောင်ရွက်ဖို့ လိုပြီး ဂျီနိုဆိုဒ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်မဖြစ် ဆိုတာတရားရုံးက အဖြေထုတ်တဲ့အထိ စောင့်နေစရာ မလိုဘူး လို့လည်း ICJ က သုံးသပ်ပါတယ်။ ဒီကြားဖြတ်ဆုံးဖြတ်ချက်နဲ့ ပတ်သက်တဲ့ တုံ့ပြန်ချက်တွေကို စုစည်း တင်ပြထားပါတယ်။

Link : Here

Thursday, January 23, 2020

ICJ ဆုံးဖြတ်ချက်ကို မြန်မာလိုက်နာဖို့ ယန်ဟီးလီပြော ကြား

လွတ်လပ်တဲ့အာရှအသံ( RFA ) 
မိုးမြင့်၊ ဝေမာထွန်း
2020-01-23
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကို တွေ့ရစဉ်၊Photo: RFA
 

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီက နိုင်ငံတကာတရားရုံး ICJ က မြန်မာ အပေါ် ချမှတ်လိုက်တဲ့ ကြားဖြတ်စီရင်ချက်ကို မြန်မာအစိုးရအနေနဲ့ မဖြစ်မနေ လိုက်နာဆောင်ရွက်ဖို့ လို အပ်တယ်လို့ ဒီနေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက် ပါတယ်။

မြန်မာလိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်အစီအမံလေး ချက် နိုင်ငံတကာ တရားရုံး အိုင်စီဂျေ ချမှတ်


B B C 
ဘီဘီစီ မြန်မာပိုင်း
2020.01.23
ကြားဖြတ်အစီအမံတွေ ချမှတ်ပေးဖို့ တောင်းဆိုတာကို ကြားနာနေတဲ့ တရားရုံး

မြန်မာက လူမျိုးတုံးသတ်ဖြတ်မှု တားဆီးတဲ့ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ကြားဖြတ်အစီ အမံတွေ ချမှတ်ပေးဖို့ ဂမ်ဘီယာနိုင်ငံက ကုလသဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး အိုင်စီဂျေမှာ တောင်းဆိုထားတာ ကို ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်မှာ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့မှာ တရားရုံးက မြန်မာက ဆောင်ရွက် ရမယ့် ကြားဖြတ် အစီအမံ အချက်လေးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့ပါတယ်။

အဲဒီလေးချက်ကို တရားရုံးက တရားသူကြီး ၁၇ ဦးလုံးက တညီတညွတ်တည်း သဘောတူချမှတ်ခဲ့ တာပါ။

Tuesday, January 14, 2020

ကြားဖြတ်လုပ်ဆောင်မှုဆိုင်ရာ ဆုံးဖြတ်ချက် ၂၃ ရက်နေ့ ICJ ချမှတ်မည်

VOA 
ဗွီအိုအေ (မြန်မာဌာန)
15 ဇန်နဝါရီ၊ 2020 
ICJ တရားရုံးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာကိုယ်စား ထွက်ဆိုနေစဉ်။ 

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး မြန်မာနိုင်ငံက ကြား Nဖတ် လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ချမှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ တရားခုံရုံး ICJ မှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားချက် အပေါ် လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ICJ က ဆုံးဖြတ်ချက် ချတော့မယ်လို့ ဂမ်ဘီယာ တရားရေးဌာနက Twitter မှာ အင်္ဂါနေ့က ကြေညာပါတယ်။

ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့ ဂမ်ဘီယာအဆို ICJ မှာ ဇန်နဝါရီ ၂၃ ဆုံးဖြတ်မည်

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
2020-01-14

ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
 
 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွဲချက်နဲ့ မြန်မာနိုင်ငံကို တရားစွဲထားတဲ့ ဂမ်ဘီယာကနေ တောင်း ဆိုထားတဲ့ “အရေးပေါ် ကြားဖြတ်အရေးယူမှု ချမှတ်ပေးဖို့အဆို” ကို ICJ နိုင်ငံတကာတရားရုံးက ဇန်နဝါရီ လ ၂၃ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ ဂမ်ဘီယာနိုင်ငံ တရားရေးဌာနရဲ့ တွစ်တာအကောင့်မှာ မနေ့က ရေးသား ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */