Showing posts with label ကြားနာမှု. Show all posts
Showing posts with label ကြားနာမှု. Show all posts

Thursday, December 12, 2019

ICJ ပထမအကျော့ ကြားနာမှု မြန်မာအဆုံးသတ် လျှောက်လဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
13 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ICJ နိုင်ငံတကာတရားရုံးရဲ့ အခု နောက်ဆုံးနေ့ အပြန်အလှန်ကြားနာပွဲ မြန်မာရဲ့ နောက်ဆုံးပိတ် လျှောက်လဲချက်ကို မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ၆ မိနစ်ကျော်ကြာ ပြောဆိုပြီး တဘက်က စွပ်စွဲချက်တွေအပေါ်မှာ ထူးထူးခြားခြား ထပ်ငြင်းဆိုခဲ့တာမရှိပါဘူး။ စုံစမ်းမှုတွေနဲ့ တရားစီရင်ရေးကိစ္စမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မျက်ကွယ်ပြုထားလို့ မရနိုင်ဘူးဆိုတာကိုပဲ ငြင်းဆိုသွားပါတယ်။

Tuesday, December 10, 2019

ICJ ကြားနာပွဲ ပထမနေ့ တရားလိုတင်ပြချက်

VOA
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မြင်ကွင်းများ (VOA မြန်မာပိုင်းသတင်းဓာတ်ပုံ)

မြန်မာနိုင်ငံဟာ လူမျိုးတုံး သတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက် တယ် ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဒီနေ့ စတင် ကြားနာစစ်ဆေးပါတယ်။ တရားစွဲတင်တဲ့ ဂမ် ဘီယာနိုင်ငံ ကိုယ်စားလှယ်တွေကနေ တရားရုံးကို လျှောက်ထားရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေကို ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့ရဲ့ အထောက်အထားတွေနဲ့ တင်ပြသလို၊ မြန်မာနိုင် ငံထဲ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ နောက်ထပ် လူမျိုးတုန်း သတ်ဖြတ်ခံရမှု အန္တရာယ်ကြုံနေ တာမို့ ဒီအတွက် ကာကွယ်တားဆီးဖို့ ယာယီအစီအမံတခု ချပေးဖို့ ICJ တရားရုံးကို တင်ပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ဒီနေ့ ကြားနာမှုအကြောင်း အနှစ်ချုပ် တင်ပြပေးမှာပါ။

Tuesday, November 26, 2019

ဘူးသီးတောင် စစ်ခုံရုံးကြားနာမှု ပြည်သူတွေ လေ့လာနိုင်

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-26
ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ဂူတာပြင်ရွာခံတွေနဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Information Committee

ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ် သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော်  ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီ ကနေ့စတင် လိုက် ပါတယ်။

Tuesday, November 19, 2019

ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာ နိုင်ငံ၏ လူမျိုးတုံးသတ်ဖြတ်မှုကို ဒီဇင်ဘာလအတွင်း ကြား နာစစ်ဆေးမည်


ELEVEN

REF: AFP
19 နိုဝင်ဘာ 2019

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) မွတ်စလင်များအပေါ် လူမျိုးတုံးသတ် ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲထားမှုအား ကုလသမဂ္ဂ၏ ထိပ်တန်းတရားရုံးရှေ့မှောက်၌ ဒီဇင်ဘာလ အတွင်း ကြားနာစစ်ဆေးမည်ဖြစ်ကြောင်း ကုလသမဂ္ဂခုံရုံးက နိုဝင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

မွတ်စလင်အများစု နေထိုင်သည့် အာဖရိကနိုင်ငံငယ်ကလေးဖြစ်သော ဂမ်ဘီယာက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) အား ဘင်္ဂါလီများကို ကာကွယ်စောင့်ရှောက်ရန်အတွက် အရေးပေါ်တရားရုံးအမိန့်စာတစ်ရပ် ထုတ်ပေးရန် တောင်းဆိုမည်ဖြစ်ပြီး အမှု၏ ပိုမိုကျယ်ပြန့်သည့်အပိုင်းကို ကိုင်တွယ်မည်လား ဟူသည်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ရပ် ချရန်ကိုမူ ဆိုင်းငံ့ထားဆဲဖြစ်သည်။

ICJ တရားရုံး ပထမဆုံးကြားနာပွဲ ဒီဇင်ဘာ ၁၀ ရက်စမည်

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-19
ICJ ကုလသမဂ္ဂတရားရုံးကို တွေ့ရစဉ်
Photo: IJC 

 ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲလိုက်တဲ့အမှုအတွက် ပထမဆုံးကြားနာပွဲကို ဒီဇင်ဘာလထဲမှာ ပြုလုပ်မယ့်အကြောင်း ICJ ကုလသမဂ္ဂတရားရုံးက ဒီနေ့ အချိန်စာရင်းထုတ်ပြန်လိုက်ပါတယ်။

The Convention on the Prevention and Punishment of the Crime of Genocide ဆိုတဲ့ လူမျိုးတုံး သတ် ဖြတ် မှုများ ကာကွယ်ရေးနဲ့ အပြစ်ပေးအရေးယူခြင်းဆိုင်ရာ နိုင်ငံတကာသဘောတူညီမှုကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တဲ့အတွက် တရားဥပဒေအရအရေးယူဖို့ ဂမ်ဘီယာနိုင်ငံက အမှုဖွင့်တိုင်ကြားချက်ကို နယ်သာ လန် နိုင်ငံ သဟိဂ်မြို့က တရားရုံးမှာ ပထမဆုံးကြားနာတော့မှာ ဖြစ်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */