Friday, February 8, 2019

ရခိုင်ဒေသ စစ်ဘေးဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ

VOA
February 08, 2019 

 ကျောက်တော်မြို့နယ် ယိုးချောင်းအနောက်ဖက်တောင်မင်းကုလားရွာရောက် စစ်ဘေးဒုက္ခသည်များ ( ဓါတ်ပုံ Wan Lark Foundation)
 
ရခိုင်ပြည်နယ်တွင်းမှာ စစ်ရေးအခြေအနေ ဆက်ပြီးတင်းမာနေသလို စစ်ရှောင်ထွက်ပြေးနေကြရတဲ့ ဒုက္ခ သည် တွေ စားနပ်ရိက္ခာ အခက်အခဲနဲ့ ပိုပြီး ရင်ဆိုင်နေကြရပါတယ်။ သွားလာရခက်ခဲတဲ့ဒေသတွေဘက်က စစ်ရှောင်တွေဆီ အကူအညီတွေ မရောက်နိုင် ရုံသာမက သွားလာရေးလွယ်ကူတဲ့ စစ်ရှောင်စခန်းတွေမှာပါ အကူအညီတွေ လျော့နည်းလာနေတာပါ။ ဒီအခြေအနေတွေကို စုစည်းပြီး ဗွီအိုအေ ထိုင်းအခြေစိုက်သတင်း ထာက် နိုင်ကွန်းအိမ်က သတင်းပေးပို့ထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင် ရသေ့တောင် ပုဏ္ဏားကျွန်းနဲ့ကျောက်တော်မြို့နယ်တွေဘက်မှာရှိတဲ့ စစ်ရှောင် စခမ်းတွေက ဒုက္ခသည်တွေရဲ့ အခြေအနေကို စစ်တမ်းကောက်ယူနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အ စည်းအရုံးက လက်ရှိအချိန်ထိ သိထားသမျှ နောက်ဆုံးအခြေအနေကို အဖွဲ့ရဲ့အတွင်းရေးမှူး ကိုဇော်ဇော် ထွန်း က ဗွီအိုအေကို အခုလိုပြောပါတယ်။

“သူတို့နေရာ သူ့မြို့နယ်အလိုက်တော့အခြေအနေမတူကြဘူးပေါ့။ ပုဏ္ဏားကျွန်းနဲ့ကျောက်တော်မြို့နယ် ဘက်မှာရှိတဲ့ စစ်ရှောင်စခန်းတွေက ကားလမ်းမအနီးမှာရှိတဲ့အခါကျတော့ သွားလာရလွယ်ကူတယ်။

လုံခြုံရေးအစစ်ဆေးတွေနည်းတယ်။ ထောက်ပံ့ကူညီမှုတွေကတော့အထိုက်အလျှောက် ကတော့သွားလာ လို့ရ တာပေါ့နော်။ ဒါပေမဲ့အခုအချိန်မှာ တော့ ထောက်ပံ့တဲ့အသင်းအဖွဲ့တွေက အားနည်းလာတဲ့တဖက် မှာလဲရှိပါတယ်။ လောလောဆယ်မှာ ရိက္ခာအနေနဲ့ ဆိုလို့ရှိရင် ဆန်တခုကလွှဲပြီးတော့ကျန်တဲ့အပိုင်း မှာ တော့ အားနည်းတာကိုတွေ့ရတယ်။ တချို့ဒီတောင်ပေါ်ဒေသပေါ့နော် ချောင်းဖျား မြစ်ဖျားမှာရှိတဲ့ ရွာတွေဆို လို့ရှိရင် စစ်တပ်ကနေပြီးတော့မှ လုံခြုံရေးအကြောင်းပြပြီးတော့လှုပ်ရှား တဲ့အခါမှာ ရိက္ခာသယ်ဖို့ ခွင့် မပြုတဲ့အခါကျတော့ သူတို့မှာအရမ်းကိုအခက်တွေ့နေတယ်လို့ကြားပါတယ်။ ရသေ့တောင် ဘူးသီးတောင် တွေမှာကျတော့ အဲဒီမှာရှိတဲ့စစ်ရှောင်စခန်း တွေကျတော့ လမ်းပမ်းဆက်သွယ်ရေးအခက်ခဲရှိ။ အဓိကတော့ အဲဒီမှာရှိတဲ့ ပဲသဒူရယ် ဒုံးသိမ်ရယ်ပေါ့ နော်။ တိုက် ပွဲတွေကအဲဒီဘက်မှာတောက်လျှောက်ဖြစ်နေတဲ့ အခါကျ တော့ အကူညီကလဲမသွားရဲကြဘူး။ အဲဒီမှာကလည်း ပြတ်လတ်သလောက်ဖြစ်နေကြပြီးနော်။

အခုထိကတော့စစ်ရှောင်တွေရဲ့အခြေအနေတွေက ၅၄၈၀ ရှိနေပါသေးတယ်။ ပိတ်မိနေတဲ့ဦးရေစာရင်း ကတော့ အတိအကျမရဘူးပေါ့လေ။”

အဲဒီ စစ်ရှောင် ၅၅၀၀ နီးပါးထဲမှာ ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအုပ်စုဘက်က စစ်ဘေးဒုက္ခသည် တထောင်ကျော် မပါသေးသလို သွားလာခွင့်ပိတ်ပင်ထားတဲ့ ဒေသတွေက စစ်ရှောင်တွေလည်း မပါသေးပါဘူး။ ဒီလူတွေ အားလုံးပေါင်းမယ် ဆိုရင်တော့ စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ၇၀၀၀ နီးပါးရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။

ပြည်ပအကူညီပေးရေးအဖွဲ့တွေကလည်း ဒုက္ခသည်တွေကို အကူအညီပေးတာတွေရှိပေမယ့် ကန့်သတ်မှု တွေကြောင့် ထိရောက်မှုအားနည်းနေတယ်လို့ ကိုဇော်ဇော်ထွန်းကဆက်ပြောပါတယ်။

“လောလောလတ်လတ်မှာ WFPနဲ့ ICRC နှစ်ဖွဲ့ကပဲ သူတို့ထောက်ပံ့ကူညီမှုတွေပေးနေတာပေါ့နော်။ သူတို့ကလဲပဲ အစိုးရရဲ့ခွင့်ပြုချက် နောက်ပြီးတော့အစိုးရအုပ်ချုပ်ရေးအဖွဲ့အစည်းဆီက သတင်းအချက် အလက် တွေကိုဘဲအဓိ က အားထားပြီးတော့မှ သွားလာနေရတယ်သူတို့ကနေရာအနှံ့ပြားကို မရောက် နိုင်ဘူးပေါ့နော်။”

လတ်တလောမှာ ရိက္ခာပြတ်လပ်နေတာကတော့ ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာအုပ်စုက ကျေးရွာ(၈) ရွာဖြစ်တဲ့ သလူချောင်း ငစရိုင်းကိုင်း၊ ကျွန်းသာယာ၊ လေကွီ၊ ပဲဝ၊ ကင်ပိ၊ သိမ်းချောင်း၊ ခမောင်း စတဲ့ကျေးရွာတွေပါ။

ဒီဒေသတွေရဲ့အခက်ခဲအခြေအနေကိုတော့ ကျောက်တော်မြို့နယ်ဘူမှုကူညီရေးအဖွဲ့ဝင်တဦးဖြစ်တဲ့ ကို ကျော်လှမြင့်က အခုလိုရှင်းပြပါတယ်။

“သလူချောင်းကျေးရွာအုပ်စုတွေကို ဆန်တွေသယ်ယူခွင့်မရဖို့ပိတ်ပင်ထားတယ်။ အဲဒီဒေသမှာနေတဲ့ ကျေးရွာတွေဟာ ပစားရိက္ခာပြတ်လတ်မှုနဲ့ရင်ဆိုင်နေရပါတယ်။ အကူညီပေးရေးအဖွဲ့တွေလဲ အဲဒီလို ကူညီပေးချက်လျှက်နဲ့ ပေးလို့မရတဲ့ အဖြစ်မျိုးနဲ့ကြုံနေရပါတယ်။”

အခုလို ဘေးဒုက္ခရောက်နေတဲ့ စစ်ရှောင်တွေအရေး ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြည် နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့နဲ့ သွားရောက်ဆွေးနွေး ဖို့စီစဉ်နေတယ်လို့ ကျောက်တော်မြို့နယိ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်မောင်ကဆိုပါတယ်။

“တိုက်ပွဲထဲမှာဒုက္ခရောက်နေတဲ့ ကျေးလက်နေပြည်သူတွေကို ကူညီပေးခွင့်မရတာပိုဆိုးတာပေါ့နော်။ လွှတ်တော်ဘက် ကတော့တင်ပြရမှာပေါ့ဗျာ။ ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တဦးချင်းအနေနဲ့ရော ခုဖြစ်နေတဲ့ကိစ္စမှာသက်ဆိုင် ရာ ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရတို့ကို ကျွန်တော်တို့ သွားပြီးတော့ တိုက်တွန်းဆွေးနွေးသွားမဲ့ အစီစဉ်တွေ ရှိပါတယ်။”

တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေကလည်း ဆက်ရှိနေဆဲပါ။ ဒီအ တောအတွင်းမှာပဲ ခရီးသည်ပို့ဆောင်ရေးယာဉ်တွေနဲ့ကိုယ်ပိုင်ယာဉ်ပိုင်ရှင်တွေအနေနဲ့ တပ်မတော် ကနေ အတင်းစေခိုင်းမှုကြောင့်သွားလာတာ စစ်ကားတွေအပေါ်လမ်းကြုံလိုက်ပါတာ စစ်ကားအနီးမှာ ရှိနေတာ ကိုရှောင်ကြဉ်ကြဖို့ ကြာသပတေးနေ့မှာပဲ AA အဖွဲ့က ကြေညာ ချက်တစောင်ထုတ်ပြန်ထားပါတယ်။ဒီလို ထုတ်ပြန်တာနဲ့ပတ်သက်လို့AA ပြန်ကြားရေးတာဝန်ခံခိုင်သုခကအခုလိုပြောပါတယ်။

“ဗမာ့တပ်မတော်ကနေပြီးတော့နော် အရပ်သားကားတွေကို အတင်းအဓမ္မခေါ်ပြီးတော့သုံးနေတဲ့ ဥစ္စာရှိ တယ်။ လမ်းမှာ တွေ့တဲ့ကားတွေကိုဖမ်းခေါ်ပြီးမှ သူတို့ပစ္စည်းတွေကိုသွားခိုင်းတဲ့ဥစ္စာတွေရှိတယ်။ ကျွန်တော်တို့ကနောက် ထပ် နေ ပြီးတော့ အရပ်သားတွေကို ဗမာစစ်တပ် အဲဒီလိုမျိုးခေါ်လာလို့ရှိရင် မလိုက်ဖို့ အတွက်က သတိပေးချက်နေပြီး တော့ ထုတ်ပြန်ထားတာ။

မလိုလားအပ်တဲ့ထိခိုက်မှုတွေမဖြစ်ရအောင်ပေါ့။”

ဒီကနေ့မှာတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးတဲ့သတင်းတွေ မရသေးဘူးလို့ ခိုင်သုခကပြောပါတယ်။ တဖက်မှာလဲ ရခိုင် ပြည်နယ်တွင်း မြို့နယ်တော်တော်များများမှာ အစိုးရရဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ သွား လာရေးကန့်သတ်တာနဲ့ ကျေးရွာတွေမှာ စစ်ဆေးတာတွေကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်နေဆဲ အခြေ အနေမှာရှိပါတယ်။


 
Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */