Monday, February 24, 2025

ရိုဟင်ဂျာအကျပ်အတည်းဖြေရှင်းဖို့ ကုလက သက်ဆိုင်သူအားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေ

RFA
2025.02.24 

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က တွေ့ရစဥ်။The Financial Express Photo

ရိုဟင်ဂျာပြဿနာကို ဖြေရှင်းဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ဂျူလီဘိရှော့ကပြောကြားပါတယ်။

အထူးသံတမန်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ အကျပ်အတည်းကိုဖြေရှင်းဖို့ စိတ်ပါဝင်စားသူတိုင်းနဲ့ စကားပြောနေပါတယ်လို့ ဆိုပါတယ်။

ကုလအတွင်းရေးမှူးချုပ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို သွားရောက်မည်

RFA
RFA Burmese
2025.02.23
 

၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ရုရှားနိုင်ငံတွင် ကျင်းပသည့် BRICS ညီလာခံ တက်ရောက်လာသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres)။ Photo: Reuters

Saturday, February 22, 2025

Rohingya leader: Grateful to Bangladesh, want to return to Arakan

Dhaka Tribune
Tribune Desk
Publish : 21 Feb 2025

The Rohingya community in Ukhiya, Coxs Bazar, observed International Mother Language Day, honoring linguistic heritage and unity, on Friday, February 21, 2025. Photo: Bangla Tribune

International Mother Language Day 2025 was observed at the Rohingya camp in Ukhiya, Cox’s Bazar.

To mark the occasion, a gathering was held on Friday morning at Block C of Camp 9 in Palongkhali union.

The event began with a tribute to the martyrs of the 1952 Language Movement. Religious leaders, teachers, youth activists, and Rohingya leaders delivered speeches during the program.

Friday, February 21, 2025

ရိုဟင်ဂျာများ နေရပ်ပြန်ရေး ဆွေးနွေးရန် ကုလအကြီးအကဲ ဘင်္ဂလားဒေ့ရှ် သွားမည်

DVB
February 21, 2025

Photo-UN

လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဖိနှိပ်မှုတွေကြားက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို လာမယ့် မတ်လထဲမှာ သွားရောက်ဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် သတင်းမှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာတွေအတွက် အမေရိကန်ဒေါ်လာ သုံးသန်းကျော် ဂျပန်အစိုးရ လှူဒါန်း

RFA
RFA Burmese
2025.02.21 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒုက္ခသည်စခန်းတွင် နေထိုင်သည့် ရိုဟင်ဂျာများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားနဲ့ ဘာဆန်ချာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည်တွေ ရောဂါဖြစ်ပွားမှု လျှော့ချဖို့နဲ့ သေဆုံးတာတွေကို ကာကွယ်ဖို့ရည်ရွယ်ပြီး ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတစ်ဆင့် လှူဒါန်းလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး NUG ဘာလုပ်သင့်သလဲ

TM Media
Feb 21, 2025


ဒေါ်အောင်ဆန်းစုကြည်ဖမ်းဝရမ်းနဲ့ပတ်သက်ပြီး NUG ဘာလုပ်သင့်သလဲ မအလတို့ကျူးလွန်တဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ရဲ့ တာဝန်တကယ်ကင်းပါရဲ့လား။ အာဂျင်တီးနားတရားရုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးထင်ကျော်ကို ထည့်သွင်းဖမ်းရမ်းထုတ်တဲ့အပေါ် NUG ရဲ့ကြေညာချက်ဟာ ရှေ့နောက်ညီပါရဲ့လား။ NUG ဘာလုပ်သင့်သလဲ။

Link : Here

Thursday, February 20, 2025

ရိုဟင်ဂျာအမှု ဖမ်းဝရမ်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်ပါဝင်လာတာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ NUG ပြော

ဖက်ဒရယ် FM
ဖေဖော်ဝါရီလ ၁၉ ရက်
 

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပါအဝင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တာဟာ ၂၀၀၈ ခြေဥကို နားမလည်တာကြောင့်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဖက်ဒရယ် FM ကိုပြောပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ AA နဲ့ ARSA တိုက်ပွဲဖြစ်

RFA
RFA Burmese
2025.02.20 

အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) အဖွဲ့ဝင်များအား ၂ဝ၂၂ ခုနှစ်၊ ဧပြီလလယ်ပိုင်းက တွေ့ရစဉ်။
Arakan Rohingya New Generation Organization via Facebook Photo 

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က AA နဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်ဖွဲ့ (ARSA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

AA က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေချိန် မီးတိုက်ရွာရဲ့ အရှေ့မြောက်ဘက် တောင်တန်းပေါ်မှာ တိုက်ပွဲပြင်းထန်ခဲ့တာလို့ မောင်တောဒေသခံ တစ်ဦးက ပြောပါတယ်။

အကျဉ်းထောင်မှ ပြန်လွတ်လာသည့် ရိုဟင်ဂျာ ၉၀၀ ကျော်ကို အဓမ္မ စစ်မှုထမ်းခိုင်းမှာ စိုးရိမ်

DVB
February 20, 2025 


ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုရောက်ရှိတဲ့ ရိုဟင်ဂျာ ၉၀၀ ကျော်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက သတင်း မထုတ်ပြန်သေးတဲ့အတွက် အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရမှာကို ရိုဟင်ဂျာ အရေးတက်ကြွလှုပ်ရှားသူတွေက စိုးရိမ်နေပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်မှာ အင်းစိန်အကျဉ်းထောင်ကနေ လွတ်‌ရက်စေ့တဲ့ ရိုဟင်ဂျာ ၉၁၈ ယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရန်ကုန်ကနေ စစ်တွေမြို့ကို ရေကြောင်းကနေ ပို့ဆောင်ခဲ့တာပါ။

အင်းစိန်ထောင်မှလွတ်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါး စစ်တွေကို ရောက်ရှိ

Myanmar Now
ကိုချို
February 20, 2025
 


ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါးသည် ရေလမ်း ခရီးဖြင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု စစ်တွေဒေသခံများထံက သိရသည်။

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်မှ လွတ်မြောက်လာသည့် ရိုဟင်ဂျာ ၁၀၀၀ နီးပါးသည် ရေလမ်း ခရီးဖြင့် ဖေဖော်ဝါရီ ၁၉ ရက် နံနက်တွင် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု စစ်တွေဒေသခံများထံက သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက်က လွတ်လာခြင်းဖြစ်ပြီး အများစုမှာ လဝကဥပဒေဖြင့် ထောင်ချခံရသူများဖြစ်သည်၊ စစ်တွေ ဒေသခံ ၁၀၀ ခန့် ပါဝင်ပြီး အများစုမှာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ဒေသများမှ ဖြစ်ကြသည်။

Wednesday, February 19, 2025

အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်း NUG တုန့်ပြန်ချက်

VOA
အင်ကြင်းနိုင်
၁၉ ဖေဖော်ဝါရီ၊ ၂၀၂၅ 
ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ရိုဟင်ဂျာများ (ယခင်ပုံဟောင်း)

 ဝါရှင်တန်ဒီစီ အာဂျင်တီးနားတရားရုံးရဲ့ နိုင်ငံတကာဖမ်းဝရမ်းမှာ ပါဝင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ နာမည်တွေကို ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က လူနည်းစုရိုဟင်ဂျာတွေကို အကြမ်းဖက် သတ်ဖြတ်မှု ကျူးလွန်ခဲ့တာနဲ့ စပ်လျဥ်းပြီးတော့ အာဂျင်တီးနားတရားရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ စစ်တပ်ခေါင်းဆောင်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်တို့လည်း ပါရှိနေတာပါ။

Aung San Suu Kyi’s Defensive Denial of the Rohingya Massacre: A Rhetorical Analysis of Denial and Positive-Image Construction

JSPP
Journal of Social and Political Psychology 

 

Idhamsyah Eka Putra*1,2, Hema Preya Selvanathan3, Ali Mashuri4, Cristina J. Montiel5
[1] Faculty of Psychology, Persada Indonesia University, Jakarta, Indonesia. [2] Division for Applied Social Psychology Research (DASPR), Jakarta, Indonesia. [3] School of Psychology, The University of Queensland, Brisbane, Australia. [4] Faculty of Social and Political Sciences, University of Brawijaya, Malang, Indonesia. [5] Department of Psychology, Ateneo de Manila University, Quezon City, Philippines.

Abstract

In December 2019, the International Court of Justice (ICJ) accused the Myanmar government of genocide against Rohingya Muslims. Represented by Nobel Peace Prize winner Aung San Suu Kyi, Myanmar authorities denied such accusations. To understand how a political leader can deny ingroup wrongdoings, we unpacked Suu Kyi’s ICJ speech and analyzed her defensive rhetorical style through critical narrative analysis. We aimed to identify and describe the denial strategies Suu Kyi used as well as how she maintained a positive ingroup image to support her position. Our findings showed that Suu Kyi engaged in interpretative denial of genocide by arguing that genocide cannot occur when there is armed conflict, that there were victims and perpetrators on both sides, and that misconducts by law enforcement had been addressed. To maintain the ingroup’s positive image, she portrayed Myanmar as moral by emphasizing the government’s knowledge of ethical standards and laws, as well as their support for peace and justice. By examining political discourse used by a national leader internationally renowned for supporting human rights, our findings shed light on the dynamic, constructive nature of denial. Theoretical and applied contributions to understanding denial of ingroup wrongdoing are discussed.

Keywords: denial, ingroup wrongdoing, genocide, mass violence, competitive victimhood, ingroup image, moral disengagement

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ကျော်တို့ကို ဖမ်းဝရမ်းထုတ်တရားစွဲဆိုမှု ရုပ်သိမ်းပေးဖို့ NUG တောင်းဆို,

BBC
၁၉ ဖေဖော်ဝါရီ ၂၀၂၅

                                                ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်ကျော် (ပုံဟောင်း)

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အာဂျင်တီးနားဖက်ဒရယ်တရားရုံးကထုတ်လိုက်တဲ့ ဖမ်းဝရမ်းစာရင်းထဲမှာ နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်းဦးထင်‌ ကျော်တို့ပါဝင်နေတာကြောင့် ဖမ်းဝရမ်းထုတ် တရားစွဲဆိုတာကနေရုပ်သိမ်းပေးဖို့ အမျိုးသားညီ ညွတ်‌‌ရေးအစိုးရ(NUG) က စာထုတ်တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ တရားစွဲခံရခြင်းက လွတ်နိုင်မလား

DMG
19 Feb 2025
 

မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

ပုံစာ - ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား နေပြည်တော်တွင် တွေ့ရစဉ်။ ဓာတ်ပုံ - AP

မွတ်ဆလင် (ရိုဟင်ဂျာ) များကို လူလူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် ကိစ္စနှင့်ပတ်သတ်၍ အာဂျင်တီးနား တရားရုံးက ဝရမ်းထုတ်ခဲ့သည့်အထဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ ပါဝင်ခြင်းကို ဖယ်ရှားပေးရန် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၈ ရက်က ထုတ်ပြန် တောင်းဆိုခဲ့သည်။

GW- Generation Wave ( မျိုးဆက်လှိုင်း ) သဘောထားထုတ်ပြန်ချက်


ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော် ဘာကြောင့် ဝရမ်းစာရင်းထဲပါနေလဲ (ရုပ်/သံ)

ဧရာဝတီ
19 February 2025
Video



ရိုဟင်ဂျာတွေကို လူမျိုးတုန်း သတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်တဲ့ထဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဟောင်း ဦးထင်ကျော်တို့ ပါဝင်လာတာ တွေ့ရပါတယ်။

အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

National Unity Government
Author: National Unity Government
February 18th, 2025 


၁။ ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန် လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံပါသည်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းကိုဆန်းစစ်ခြင်း

BBC
၁၆ ဖေဖော်ဝါရီ ၂၀၂၅
 

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ ၂၃ ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

ဒီစွဲချက်နဲ့ အမှုကို ၂၀၁၉ ခုနှစ်မှာ စဖွင့်ခဲ့တာဖြစ်ပြီး ၆ နှစ်အကြာ ၂၀၂၅ ခုနှစ်မှာတော့ စစ်ခေါင်းဆောင်၊ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် စစ်တပ်အရာရှိကြီး/ငယ် ၂၂ ဦးက ဖမ်းဝရမ်းထဲမှာ ပါဝင်လာတာဖြစ်ပါတယ်။

အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းထဲမှာ အဲဒီ ၂၀၁၇ ခုနှစ်က သမ္မတအဖြစ် တာ၀န်ယူခဲ့တဲ့ ဦးထင်ကျော်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ လည်း ပါ၀င်နေပါတယ်။

ထုတ်ပြန်လိုက်တဲ့ ဖမ်းဝရမ်းက စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာနိုင်လဲ။ သမ္မတဟောင်းနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တို့ကို ဝရမ်းထုတ်မှုက ဘယ်လိုသဘောဆောင်လဲ။


အာဂျင်တီးနားတရားရုံးကဘယ်လိုအလုပ်လုပ်သလဲ

၂၀၁၇ ခုနှစ်က မြန်မာကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာအမျိုးသမီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့ကမ်းခြေတစ်ခုမှာတွေ့ရတဲ့မြင်ကွင်း

စစ်ခေါင်းဆောင်နဲ့ မြန်မာစစ်တပ်အရာရှိတွေကို ဖမ်းဝရမ်းထုတ်လိုက်တဲ့ အာဂျင်တီးနားတရားရုံးဟာ အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး စနစ်ကိုအခြေခံထားပြီး ရာဇဝတ်မှုတွေကို စစ်ဆေးတဲ့ ဖယ်ဒရယ်တရားရုံးဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးစနစ်ကိုအခြေခံထားတာကြောင့် ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် သတ်ဖြတ်မှုတွေအပါအဝင် ညှဥ်းပမ်းနှိပ်စက်တဲ့ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK)က ၂၀၁၉ ခုနှစ်မှာ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ အမှုဖွင့်တိုင်ကြားခဲ့တာဖြစ်ပါတယ်။

မြို့တော် ဗျူနိုအေးရီးစ်မှာရှိတဲ့ ဒီဖက်ဒရယ်တရားရုံးကနေ ၂၀၂၁ ခုနှစ်မှာ ယူကေမြန်မာရိုဟင်ဂျာအ ဖွဲ့ (BROUK) ရဲ့ စစ်ခေါင်းဆောင်တွေအပေါ် စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ စုံစမ်းစစ်ဆေးရေးအာဏာကို အာဂျင်တီးနားတရားရုံးအပြင် ဗဟိုအစိုးရရှေ့နေရုံးကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။

အဲဒီရုံးက‌နေ အာဂျင်တီးနားတရားရုံးဘက်က တောင်းခံလာတဲ့ အကူအညီတွေအတွက် သက်သေအထောက်အထားတွေ မျှဝေပြီး ပံ့ပိုးခဲ့တာလို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ IIMM ဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာနေတဲ့အဖွဲ့ဖြစ်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ စည်းထားတာဖြစ်ပါတယ်။

BROUK က တိုင်ကြားခဲ့တဲ့ အဲဒီအမှုကို ၂၀၂၃ ခုနှစ် ဇွန်လ၊ အာဂျင်တီးနားဖက်ဒရယ်တရားရုံးမှာ ကြားနာခဲ့ပြီး ရိုဟင်ဂျာမျက်မြင်သက်သေ ၆ ယောက်လည်းထွက်ဆိုခဲ့တယ်လို့ BROUK ကပြောပါတယ်။

၂၀၂၄ ခုနှစ် ဇွန်လမှာတော့ အာဂျင်တီးနားအစိုးရရှေ့နေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်း ၂၅ ခုထုတ်ပြန်ဖို့ ဖက်ဒရယ်ရာဇဝတ်ခုံရုံးဆီ တင်သွင်းခဲ့တယ်လို့ IIMM က ဖော်ပြပါတယ်။

အာဂျင်တီးနားနိုင်ငံဟာ"ကမ္ဘာ့နေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်"ကိုအသုံးပြုပြီး မြန်မာက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ကြီးလေးတဲ့နိုင်ငံတကာ ရာဇဝတ်မှုတွေအတွက် စွပ်စွဲချက်တွေကို စတင်စစ် ဆေးခဲ့တဲ့ ပထမဦးဆုံးနိုင်ငံဖြစ်ပါတယ်။

အဲဒီအချက်ကို အခြေခံပြီး အခြားနိုင်ငံတစ်ခုကနေ တရားစွဲဆိုအမိန့်ချပိုင်ခွင့်ရှိတယ်လို့ IIMM က ထောက်ပြထားပါတယ်။

ကမ္ဘာအနှံ့တရားစီရင်ပိုင်ခွင့်(Universal Jurisdiction) ဆိုတာဟာ တချို့ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ အမှုကိုစစ်ဆေးရတဲ့နိုင်ငံနဲ့ ဆက်စပ်မှုမရှိရင်တောင် ကျူးလွန်သူတွေကို နိုင်ငံတကာဥပဒေတွေနဲ့အညီ တရားစွဲဆိုမှုပြုလုပ်နိုင်တဲ့ အခွင့်အာဏာဖြစ်တယ်လို့ IIMM က ဆိုပါတယ်။
IIMM ဟာ မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်မှုတွေနဲ့ ပတ်သက်တဲ့အမှုတွေကို စစ် ဆေးနေတဲ့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC နဲ့ နိုင်ငံတကာတရား ICJ တို့ကိုလည်း သတင်းအချက် အ လက်နဲ့ စိစစ်သုံးသပ်ချက် အမှုတွဲ ၈၀ ကျော်ကို မျှဝေခဲ့တဲ့အကြောင်း၂၀၂၄ ခုနှစ် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ IIMM တင်ပြခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

BROUK ကတော့ မြန်မာစစ်ခေါင်းဆောင်နဲ့ အရာရှိတွေအတွက် အာဂျင်တီးနားတရားရုံးရဲ့ အပြည်ပြည်ဆိုင်ရာဖမ်းဝရမ်းဟာ ရိုဟင်ဂျာအပါအဝင် မြန်မာစစ်တပ်လက်အောက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ခံစားခဲ့ရတဲ့သူတွေအတွက် တရားမျှတမှုသမိုင်းမှတ်တိုင်တစ်ခုပဲလို့ ကြေညာထားပါတယ်။

ဖမ်းဝရမ်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးထင်ကျော်လည်းပါဝင်
၂၀၁၆ ခုနှစ်က တွေ့ရတဲ့ သမ္မတ ဦးထင်ကျော်နဲ့ ဒေါ် အောင်ဆန်းစုကြည်

အမှုတိုင်ကြားခဲ့တာဟာ ၂၀၁၉ ခုနှစ်အရပ်သားအစိုးရလက်ထက်ဖြစ်ပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အရပ်သားအစိုးရဦးဆောင်နေတဲ့ကာလဖြစ်ပါတယ်။

ဒါပေမဲ့ ရိုဟင်ဂျာတွေ ကျူးလွန်ခံရချိန် ၂၀၁၇ ခုနှစ်ဟာ သမ္မတဦးထင်ကျော် ဦးဆောင်ခဲ့တဲ့ကာလဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ် BROUK က အမှုစဖွင့်ချိန်မှာ သမ္မတဦးထင်ကျော် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကိုပါ ထည့်သွင်းအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ BROUK က ၂၀၂၃ ခုနှစ်မှာ နိုင်ငံရဲ့ အခြေအနေကြောင့် သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နာမည်တွေကို ဖြုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၄ ဇွန်လမှာတော့ အာဂျင်တီးနားတရားရုံးရှေ့နေဘက်က အမှုတည်ဆောက်ပြီးဖြစ်တာကြောင့် ဆိုကာဖြုတ်လို့မရကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၅ ဖေဖော်ဝါရီ ဖမ်းဝရမ်းထွက်လာချိန်မှာ သမ္မတဦးထင်ကျော် နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်လာတာဖြစ်ပါတယ်။

ရိုဟင်ဂျာအမှုဟာ NLD အစိုးရလက်ထက်မှာဖြစ်ခဲ့တာကြောင့် အာဂျင်တီးနားတရားသူကြီးဦးဆောင် တဲ့အဖွဲ့ကနေ အရပ်ဘက်ခေါင်းဆောင်တွေမှာ တာဝန်ရှိ၊ မရှိစစ်ဆေးဖို့ အချိန်တန်တာကြောင့် ဖမ်းဝရမ်းစာရင်းမှာ တစ်ခါတည်းထည့်သွင်းခဲ့တာလို့ အမှုကိုဆောင်ရွက်ပေးနေတဲ့ အာဂျင်တီးနားလူ့အခွင့်အရေးရှေ့နေ သောမတ်စ်ကွင်းတားနား က VOA သတင်းဌာနကို ဖြေထားပါတယ်။

ဒါပေမဲ့ ဒီအမှုမှာ အရပ်ဘက်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့လားဆိုတဲ့ မေးခွန်းအတွက် အထောက် အထားတွေအရ စစ်တပ်ပါဝင် ပတ်သက်နေတယ်ဆိုတဲ့အခြေအနေလိုမျိုးတော့ ပြတ်ပြတ်သားသားပြောလို့မရတဲ့ အကြောင်း ကွင်းတားနား က နှိုင်းယှဉ်ပြီးရှင်းပြထားပါတယ်။

ကွင်းတားနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အဖြစ် ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေပညာရှင်၊ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်တဲ့ ဦးအောင်ထူး ကတော့ အရပ်သားခေါင်းဆောင်တွေ ဖမ်းဝရမ်းစာရင်းထဲပါလာပေမဲ့ တရားရုံးကို အယူခံဝင်နိုင်တဲ့ အခြေအနေရှိတယ်လို့ ထောက်ပြပါတယ်။

"အမှန်တရားဖော်ထုတ်ရေးဘက် မျက်နှာမူပြီး တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် တရားစွဲတဲ့အပိုင်းက လျှော့ပေါ့သက်သာလို့ရတဲ့ ဥပဒေကြောင်းအခြေအနေတွေရှိတယ်" လို့ ဦးထူးအောင်က မှတ်ချက်ပြုပါတယ်။

မြန်မာစစ်တပ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမရနိုင်တော့ဘူးဆိုတဲ့ အမှန်တရားကိုလက်ခံပြီး ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ အစိုးရအဖွဲ့အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို အမှုရင်ဆိုင်ချိန် ဖော်ထုတ်ပေးဖို့လိုတယ်လို့ ဦးအောင်ထူးက ထောက်ပြပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး အမှုအတွက်ချေပနိုင်တဲ့အခွင့်အရေးမရှိတဲ့ အခုလိုအချိန်မှာ ဖမ်းဝရမ်းထဲထည့်တာက မဖြစ်သင့်တဲ့လုပ်ဆောင်ချက်လို့ ဝေဖန်ထားကြပါတယ်။

စစ်ကောင်စီဘက်ကတော့ အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းအပေါ် တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုတာမရှိသေးပါဘူး။


ဖမ်းဝရမ်းနောက်ဆက်တွဲခြေလှမ်း

ပြင်သစ်နိုင်ငံ၊ လီယွန်မြို့မှာရှိတဲ့ နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) ဌာနချုပ်

အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပို) နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ BROUK အဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကိုပြောပါတယ်။

"အာဆီယံဥက္ကဋ္ဌ မလေးရှားကိုပို့မယ်။ ဥရောပသမဂ္ဂ(EU) ကိုပို့မယ်၊ ပြီးရင် အစ္စလာမ်မစ် နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ကိုပို့မယ်။ ပြီးတော့ အမေရိကန်နဲ့ ကုလသမဂ္ဂ (UN)ကိုပို့မယ်။ အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုပို့မယ်" လို့ သူက ပြောပါတယ်။

ဝရမ်းထုတ်ခံထားရတဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေ ပြည်ပနိုင်ငံတွေကို အသွားအလာလုံးဝ လုပ်လို့မရဘဲ ဘယ်နိုင်ငံရောက်နေပါစေ ဖမ်းလို့ရအောင် ရည်ရွယ်ပြီး အခုလိုပို့ဆောင်မှာလို့ ဦးထွန်းခင်က တုံ့ပြန်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ချိတ်ဆက်ထားတဲ့ ၁၉၆ နိုင်ငံထဲမှာ အာဂျင်တီးနားနဲ့ မြန်မာ နိုင်ငံလည်းပါဝင်တယ်လို့ အင်တာပိုရဲ့ ဝက်ဘ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

အာဂျင်တီးနားရှေ့နေကတော့ အင်တာပိုအနေနဲ့ နိုင်ငံအသီးသီးက ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလုပ် ဆောင်ရမှာဖြစ်လို့ ရှုပ်ထွေးတဲ့လုပ်ငန်းစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်နဲ့ အာဆီယံတို့လို မိတ်ဖက်အဖွဲ့အစည်းနိုင်ငံတွေဆီက ပံ့ပိုးကူညီမှုတွေရဖို့ အာဂျင်တီးနားအနေနဲ့ ချဉ်းကပ်ဆောင်ရွက်မယ်လို့ သူကဆိုထားပါတယ်။

အင်တာပိုအနေနဲ့ ဖမ်းဝရမ်းလက်ခံရရှိတဲ့အခါ နိုင်ငံတကာရဲလုပ်ငန်းစဉ်တွေအရ စစ်ခေါင်းဆောင်နဲ့ စစ်တပ်အရာရှိတွေအပေါ် အရေးယူမှုလုပ်နိုင်တယ်လို့ နိုင်ငံတကာဥပဒေပညာရှင် ဦးအောင်ထူးက ဘီဘီစီကို ဖြေပါတယ်။

အင်တာပိုအနေနဲ့ အနီရောင်အဆင့် သတိပေးချက် (Red Notice)ကို အဖွဲ့ဝင်နိုင်ငံတွေဆီ တရားဝင်အကြောင်းကြားပြီး ဖမ်းဝရမ်းစာရင်းထဲပါတဲ့သူတွေကို ဖမ်းခိုင်းလို့ရတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

"ဖမ်း မဖမ်းဆိုတာကလည်း သက်ဆိုင်ရာ နိုင်ငံတွေနဲ့ စစ်ကောင်စီနဲ့ကြား ဆက်ဆံရေးအပေါ်မှာလည်း မူတည်မယ်" လို့ သူက ထောက်ပြပါတယ်။

၂၀၂၅ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ မလေးရှားနိုင်ငံဟာ အာဂျင်တီးနားနဲ့ လွှဲပြောင်းရေးစာချုပ်(Extradiction Treaty)ချုပ်ဆိုထားတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။

လွှဲပြောင်းရေးစာချုပ်ဆိုတာဟာ ဝရမ်းထဲပါတဲ့သူကိုဖမ်းပြီး ဝရမ်းထုတ်တဲ့နိုင်ငံကို ပြန်လွှဲပေးတဲ့စာချုပ်ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့ပြဿနာဖြေရှင်းရေး သက်ဆိုင်သူအားလုံးတွေ့ဆုံဖြေရှင်းရေးကို လမ်းကြောင်းဖော်ထားတဲ့ မလေးရှားက စစ်ခေါင်းဆောင်ကို ဖမ်းဆီးတာမျိုးနဲ့ ဝရမ်းထုတ်တဲ့နိုင်ငံပြန်လွှဲဖို့ဆိုတာ ဖြစ်နိုင်ချေနည်းတယ်လို့ စင်္ကာပူအခြေစိုက် မြန်မာ့အရေးလေ့လာသူတစ်ဦးက မှတ်ချက်ပြုပါတယ်။

မလေးရှားနိုင်ငံရဲ့ မြန်မာ့အရေးအထူးသံတမန်ဟာ ဖေဖော်ဝါရီလထဲမှာပဲ မြန်မာ့အရေးဖြေရှင်းရေးလုပ်ငန်းစဉ်တွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ K2C (KNU၊ KNPP၊ CNF) အဖွဲ့တွေအပြင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ လည်း တွေ့ဆုံထားပါတယ်။

ICC ဖမ်းဝရမ်း ထပ်ထွက်လာနိုင်လား
ICC ရှေ့နေချုပ်ကာရင်မ်ခန်း (ပုံဟောင်း)

အပြည်ပြည်ဆိုင်ရာ ဖမ်းဝရမ်းထုတ်လိုက်တာက နိုင်ငံတကာတရားစီရင်ရေးအရ ICC နဲ့ နိုင်ငံတကာတရားရုံး(ICJ)တို့ရဲ့ မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေအပေါ် အရေးယူလာနိုင်ဖို့ အားဖြည့်လိုက်တာဖြစ်တယ်လို့ ယူကေအခြေစိုက် မြန်မာရိုဟင်အဖွဲ့ (BROUK)ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောထားပါတယ်။

"ဒါက ရိုဟင်ဂျာတွေတင်မကဘူး၊ လူမျိုး၊ ကျား၊ မ မခွဲခြားဘဲ လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးအတွက် တရားမျှတမှုပဲ" လို့ BROUK က ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်က နယ်မြေရှင်းလင်းတယ်ဆိုပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ၅ နှစ်ကြာစုံစမ်းပြီး စစ်ခေါင်းဆောင်မှာ အပြစ်ရှိကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ ဆုံးဖြတ်ချက်ထွက်လာပါတယ်။

အဲဒီနောက် ICC ရှေ့နေချုပ်ကာရင်မ်ခန်းက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးပါဆိုပြီး ICC ရုံးတော်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် မြန်မာ့အရေးတာဝန်ခံမှုရှိစေရေး MAP အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာခရစ္စတိုဖာဂန်းနက်စ် က ၂၀၂၄ ဒီဇင်ဘာက ဘီဘီစီနဲ့ အင်တာဗျူးမှာ မြန်မာ စစ်ခေါင်းဆောင် အတွက် ICC ရဲ့ ဖမ်းဝရမ်းပါထပ်ပြီး ထွက်လာမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်ကို ကမ္ဘာ့နိုင်ငံတွေလက်ခံဖို့ပိုခက်ခဲသွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။

တဖက်မှာလည်း ICC အနေနဲ့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးရေး စဉ်းစားနေတဲ့ကာလမှာအာဂျင်တီးနားရဲ့ ဖမ်းဝရမ်းကိုပါ ဆက်စပ်ပြီးစဉ်းစားနိုင်တယ်လို့ နိုင်ငံတကာဥပဒေ ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။

"ရိုဟင်ဂျာအမှုအကြောင်းအရာတူနေတဲ့အတွက် ICC အနေနဲ့ စဉ်းစားနိုင်တယ်"လို့ သူကဆိုပါတယ်။

ICC ရဲ့ ဖမ်းဝရမ်းထွက်လာရင်တော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမယ့် လုပ်ငန်းစဉ်တစ်ခုလုံးအပေါ်မှာအပျက်သဘောသက်ရောက်သွားနိုင်တယ်လို့ ဦးအောင်ထူးက ကောက်ချက်ချပါတယ်။

" နိုင်ငံတကာရာဇဝတ်မှုကျုးလွန်သူအဖြစ် အတိအလင်းဆိုနိုင်လို့ စစ်ခေါင်းဆောင်အနေနဲ့ သမ္မတတက်လုပ်ဖို့ မဖြစ်နိုင်တော့တဲ့အခက်အခဲနဲ့ ရင်ဆိုင်ရလိမ့်မယ်"

Link : Here

Tuesday, February 18, 2025

အာဂျင်တီးနားတရားရုံးရောက် ရိုဟင်ဂျာအမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်

 



ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လူမျိုးတုံးသတ်ဖြတ်မှု ဖမ်းဝရမ်းက ဖယ်ရှားပေးဖို့ NUG တောင်းဆို

RFA
RFA Burmese
2025.02.18
 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ယာ) နှင့် သမ္မတဟောင်း ဦးထင်ကျော် (ဝဲ) တို့အား တွေ့ရစဉ်။ AFP & MYANMAR STATE COUNSELLOR OFFICE

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး သမ္မတဟောင်း ဦးထင်ကျော်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ် တရားစွဲဆိုထားတာကနေ ဖယ်ရှားပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တောင်းဆိုလိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */