Monday, February 17, 2025

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

ဧရာဝတီ
ဂျိမ်းရွှေ
17 February 2025
သူ့အတွေး သူ့အမြင်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ICJ တရားရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။

Meta’s new content policies risk fueling more mass violence and genocide

AMNESTY
International

17 February 2025 

By Pat de Brún, Head of Big Tech Accountability at Amnesty International and Maung Sawyeddollah, the founder and Executive Director of the Rohingya Students’ Network.

Recent content policy announcements by Meta pose a grave threat to vulnerable communities globally and drastically increase the risk that the company will yet again contribute to mass violence and gross human rights abuses – just like it did in Myanmar in 2017. The company’s significant contribution to the atrocities suffered by the Rohingya people is the subject of a new whistleblower complaint that has just been filed with the Securities and Exchange Commission (SEC). 

Argentinian Court Issues Arrest Warrants for Myanmar Officials Over Rohingya Atrocities

THE | DIPLOMAT
By Sebastian Strangio
February 17, 2025
The Supreme Court of Argentina in Buenos Aires, Argentina. Credit: ID 10811671


A court in Argentina on Friday issued an arrest warrant for Senior Gen. Min Aung Hlaing, the head of Myanmar’s military junta, for his role in alleged “genocide and crimes against humanity” against the Rohingya minority group.

အကျဉ်းကျ ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ပြန်ပို့တဲ့သတင်းကြောင့် စိုးရိမ်မှုတွေထွက်ပေါ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၇ ဖေဖော်ဝါရီ၊ ၂၀၂၅ 

အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

အကျဉ်းထောင်တွေမှာ ဖမ်းဆီးခံထားရတဲ့ ထောင်ဂဏန်းရှိ ရိုဟင်ဂျာတွေကို မကြာသေးခင်က ရခိုင် ပြည်နယ်ပြန်ပို့လိုက်တဲ့သတင်းတွေ ထွက်လာတာကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူတွေ စိုးရိမ်နေကြပါတယ်။ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကို ပြန်ပို့လိုက်တာကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တကျော့ပြန်ရင်ဆိုင်ရနိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေကြတာပါ။ ရန်ကုန်ကသတင်းပေးပို့ ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

Sunday, February 16, 2025

အင်းစိန်ထောင်မှစစ်ကောင်စီခေါ်ထုတ်သွားသည့် ရိုဟင်ဂျာ ၉၀ဝ ကျော်အတွက် စိုးရိမ်ရကြောင်း PPNM ပြော

မဇျ္စိမ
February 16, 2025 

ပုံအညွှန်း- အင်းစိန်အကျဉ်းထောင်အား Google mapမှ တွေ့မြင်ရစဉ်။

ဖီးလ်နစ်


မဇ္စျိမ။ ။ အင်းစိန်ထောင်တွင်ထိန်းသိမ်းထားသည့် ကလေးငယ်နှင့်အမျိုးသမီးများအပါအဝင် လွတ် ရက်စေ့ ရိုဟင်ဂျာ၉၃၆ဦးအား စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ဝင်များက ခရီးသယ်တင်ကားဖြင့် ယနေ့(ဖေ ဖော်ဝါရီလ၁၆)ရက်)နံနက်ပိုင်းတွင်ခေါ်ထုတ်သွားကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်သည်။

အင်းစိန်ထောင်မှ ရိုဟင်ဂျာ ၉၀၀ ကျော်ကို စစ်တပ် ခေါ်ထုတ်သွား

DVB 
February 16, 2025 

ရန်ကုန်၊ အင်းစိန်ထောင်ထဲက လွတ်ရက်စေ့ ရိုဟင်ဂျာ အယောက် ၉၀၀ ကျော်ကို ဒီမနက်ပိုင်းမှာ ကားတွေနဲ့ စစ်တပ်နဲ့ရဲတွေက ခေါ်ထုတ်သွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက်(PPNM)က ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

AA၏ စစ်ရေးအောင်မြင်မှုနှင့် ရိုဟင်ဂျာများအတွက် အကျိုးသက်ရောက်နိုင်ချေ

Myanmar Now
ဆုချေ
February 16, 2025
 


ရခိုင်ဒေသကို စစ်ကောင်စီ လက်လွှတ်လိုက်ရလုနီးပါး ဖြစ်နေပြီး ရိုဟင်ဂျာတို့၏ အနာဂတ်သည် AA, ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့များနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရတို့၏ လက်ထဲတွင် ရှိလာတော့မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကူတို့ပါလောင် ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာဒုက္ခသည်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလက တွေ့ရစဉ်။ ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၌ အရှိန်အမြင့်ဆုံး ဖြစ်လာခဲ့သော အကြမ်းဖက်မှုများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာကြသည့် မူဆလင်များမှာ ဘင်္ဂလားဒေ့ရှ်တွင် နေထိုင်လျက်ရှိကြသည်။ မြန်မာစစ်တပ် ဦးဆောင်ခဲ့သည့် အကြမ်းဖက်မှုဖြစ်စဉ်မှာလည်း လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး၏ အကြောင်းအရာ ဖြစ်လာခဲ့သည်။ (ဓာတ်ပုံ - Munir Uz Zaman/AFP)


သေနတ်သံနှင့် ဗုံးပေါက်ကွဲသံများကို အဝေးမှ ကြားနေရဆဲဖြစ်ကာ၊ မိုဟာမက် (အမည်လွှဲ)တွင် အခြားရွေးချယ်စရာမရှိဘဲ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မောင်တောမြို့နယ်ရှိ ကျေး ရွာတစ်ရွာတွင် သြဂုတ်လမှစ၍ နေထိုင်နေရသည်။ သူသည် AA နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများကြောင့် နေအိမ်မှ ထွက်ပြေးခဲ့ရခြင်းဖြစ်သည်။

အင်းစိန်အကျဉ်းထောင်မှ ရိုဟင်ဂျာအကျဥ်းသား ၁,၀၀၀ နီးပါးအား စစ်တွေသို့ပို့ဆောင်လိုက်ကြောင်း PPNM ပြော

KIC
February 16, 2025
Photo: Anadolu Agency (ပုံဟောင်း) 

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ


အင်းစိန်အကျဥ်းထောင်တွင်ထားရှိသည့် ရိုဟင်ဂျာအကျဥ်းသား (၅၈၄)ဦး၊ အကျဥ်းသား (၂၆၇)ဦး၊ ကလေးငယ်(၆၇)ဦးတို့အား စစ်ကောင်စီလက်အောက်ခံ တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်းတွင် ရေကြောင်းဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ပို့ဆောင်လိုက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ပြောသည်။

ရိုဟင်ဂျာအကျဉ်းသား တစ်ထောင်နီးပါးကို စစ်ကောင်စီပြန်လွှတ်

RFA
RFA Burmese
2025.02.16 

ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ရှေ့အား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ Photo: RFA 

Updated 4:50 PM, Feb 16, 2025


လွတ်ရက်စေ့တဲ့ ရိုဟင်ဂျာအကျဥ်းသား တစ်ထောင်နီးပါးကို အင်းစိန်အကျဥ်းထောင်ကနေ စစ်ကောင်စီက ဒီနေ့ပြန်လွှတ်ပြီး စစ်တွေကို ပို့လိုက်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက် (PPNM) က ပြောပါတယ်။

Saturday, February 15, 2025

ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ မလေးရှားအစိုးရ စီစဉ်

RFA
RFA Burmese
2025.02.15 

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကမ်းခြေကို ရောက်ရှိလာသည့် ရိုဟင်ဂျာဒုက္ခသည်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ်။ AFP

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR က အသိမှတ်ပြုထားတဲ့ ဒုက္ခသည်တွေကို မလေးရှားအစိုးရက တရားဝင်အလုပ်လုပ်ခွင့်ပြုဖို့ စီစဉ်နေတယ်လို့ မလေးရှားအစိုးရရဲ့ ဝန်ကြီးချုပ်ရုံးဝန်ကြီး ဇာလီဟာမူစတာဖာ ( Zaliha Mustafa) ကပြောပါတယ်။

မြန်မာခေါင်းဆောင်တွေ ဖမ်းဝရမ်း အာဂျင်တီးနားရှေ့နေ ရှင်းပြ

VOA
အင်ကြင်းနိုင်
၁၅ ဖေဖော်ဝါရီ၊ ၂၀၂၅ 
မှတ်တမ်းပုံဟောင်း_ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် June 23, 2021 (AP Photo/ Alexander Zemlianichenko, Pool)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ စစ်ဘက်အရာရှိ ၂၀ ကျော်ကို အာဂျင်တီးနား တရားရုံးက နိုင်ငံ တကာ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အကြောင်းအရင်းမှာ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ စစ်တပ်ရဲ့ကျူး လွန်မှု သက်သေ အခိုင်အမာရှိနေတာကြောင့် ဖြစ်တယ်လို့ အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာစစ်ခေါင်းဆောင်တွေကို အဓိက ပစ်မှတ်ထား ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အာဂျင်တီးနားတရားရုံးအမိန့်နဲ့ ပတ်သက်လို့ ရိုဟင်ဂျာအကျိုးဆောင်ရှေ့နေလည်းဖြစ် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ Tomas Quintana ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ် မေးမြန်းထားပါတယ်။

 

လွတ်လပ်ရေးခေတ်က ရိုဟင်ဂျာနှင့် ရခိုင် ချစ်ကြည်ရေး

 


 ဘူးသီးတောင်မှ ဖဆပလ ဥက္ကဌ ဉီးစံထွန်းအောင်သည် မူဂျာဟစ်လား။


၁။  24-11-1955 ရက်စွဲဖြင့် ထုတ်ဝေသည့် အပတ်စဉ်ထုတ် "ရခိုင်အသံ"သတင်းစာ မျက်နှာဖုံးတွင်

"ဘူးသီးတောင်မြို့နယ် ဖဆပလဥက္ကဌ ဉီးစံထွန်းအောင်သည် ရခိုင့်အသံကို တရားစွဲရန်ကြံစည်သော်လည်း အထမမြောက်သဖြင့် မဟာအရှက်တော်ရရှိသွားသည်ဆိုခြင်း" ခေါင်းစီးဖြင့် ဖော်ပြထားသော သတင်းတစ်ပုဒ်ကို ဖတ်ရှုရသည်။


၂။ ထိုသတင်းတွင် စစ်တွေခရိုင် ဗ တ လ စ ဥက္ကဌအဖြစ်မှ ထုတ်ပယ်ခံရသူ ဉီးစံထွန်းအောင်သည် ကုလားနှင့်ရခိုင် ဖ ဆ ပ လ အဖွဲ့ဝင် ၅၀ ဉီးခန့်ကို ဖိတ်ကြားပြီး ရခိုင်တွင် စောင်ရေအများဆုံးထုတ်သည့် ရခိုင့်အသံ သတင်းစာကို မဖတ်သင့်ကြောင်း၊ မကြည့်သင့်ကြောင်း၊ ဘူးသီးတောင်မှ အရောင်းကိုယ်စားလှယ်ကိုလည်း ဘူးသီးတောင်တွင် မရောင်းရန်တားမြစ်ပြီးဖြစ်ကြောင်း၊ ပြောကြားသည်ဟုလည်းကောင်း၊


၃။ ရခိုင့်အသံစာစောင်တွင် မူဂျာဟစ်တို့ကို မကောင်းရေးသဖြင့်ကုလားရခိုင်သွေးကွဲရန်ရှိကြောင်း၊ မူဂျာဟစ်အကြောင်းကို သူတို့သာ အသိဆုံးဖြစ်ကြောင်းပြောပြီး

နောက်က်ိုယ်ရည် သွေးသည့်စကားများကိုပြောသည်ဟုလည်းကောင်း၊


၄။ ထို့နောက် ရခိုင့်အသံကို တရားစွဲရန်တင်ပြရာ ထောက်ခံသူမရှိသဖြင့် ၎င်း၏အဆိုကို ရုပ်သိမ်းခဲ့ရကြောင်းနှင့်
မူဂျာဟစ်အကြောင်းကို ကျွန်ပ်ရေးမည်ဟု အရှက်ပြေပြောဆိုသည်ဟုလည်းကောင်း၊


၅။  သူသည် မူဂျာဟစ်လား၊ မူဂျာဟစ်ကို မျက်နှာချိုသွေးခြင်းပင်လား ဝေဖန်သံကြားနေရသည်ဟုလည်းကောင်း၊


၆။ မူဂျာဟစ်အကြောင်း မကောင်းရေးရုံဖြင့် ကုလားရခိုင် သွေးကွဲရန်အကြောင်းမရှိဟုလည်းကောင်း၊


၇။ ရခိုင်အသံကို ဆက်လက်ဖတ်ရှုကြမည်ဟု ကုလားခေါင်းဆောင် အချို့ပြောနေကြသည်ဟုလည်းကောင်း ထည့်သွင်းဖော်ပြထားသည်။


၈။ ရခိုင်သမိုင်းမိတ်ဆက်စာအုပ်တွင် စာရေးဆရာ ဒေါက်တာအေးချမ်း၏ ကိုယ်ရေးအကျဉ်း၌ ဘူးသီးတောင်မှ
ဉီးစံထွန်းအောင်တွင် သက်ရှိသားသမီး ၁၀ဉီး ထွန်းကားခဲ့ရာ ၎င်းမှာ ပဉ္စမမြောက်သားဖြစ်ကြောင်း ရေးထားသည်ကို တွေ့ရသည်။


-သမိုင်းသုတေသီ မောင်မောင်


ကိုးကား။ ၁၉၅၅ ခု နိုဝင်ဘာလ ၂၄ ရက်နေ့ထုတ် "ရခိုင့်အသံ" အပတ်စဉ်ထုတ် သတင်းစာ။ 

မူရင်းလိင့်

https://m.facebook.com/story.php?story_fbid=1299011217194733&id=100012576017385




အာရကန် ဌာနေတိုင်းရင်းသား ရိုဟင်ဂျာ

 


သမိုင်းအထွာထွာ

၁၈၅၂ ခုနှစ် ထုတ် An Account of Burma Empire သမိုင်းစာအုပ် စာမျက်နာ ၆၆ က ပြောပြနေတဲ့ ရိုဟင်ဂျာ

The mohamedans who have been long settled in the country, called themselves Rooinga or natives of Arracan.

[မိုဟာမေဒတွေဟာ တိုင်းပြည်ထဲမှာ ရှေးပဝေသဏီကပင် နေထိုင်လာခဲ့သူတွေ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ ရိုဝန်ဂါ လို့ ခေါ်ပြီးတော့ အာရကန်ပြည်ရဲ့ မူလနေထိုင်သူလို့ ဆိုကြတယ်။]

စာချောချောနဲ့ ပြန်မယ်ဆိုရင်-

ရှေးပဝေသဏီကပင် မွတ်စလင်တွေဟာ အာရကန်ပြည်မှာ နေထိုင်လာခဲ့သူတွေဖြစ်တယ်။ သူတို့ဟာ ရိုဟင်ဂျာလူမျိုးဖြစ်ပြီး အာရကန်ပြည်ရဲ့ တိုင်းရင်းသားတွေ ဖြစ်ပါတယ်။

Friday, February 14, 2025

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

မဇ္ဈိမ
Friday, February 14, 2025

 
၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP
 
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း Burmese Rohingya Organisation UK (BROUK) အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် ထုတ်ပြန်သည်

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် စစ်ခေါင်းဆောင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

မဇျ္စိမ
ဂျူချန်း
February 14, 2025

ပုံအညွှန်း- ၂၀၂၄ မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့အခမ်းအနားတွင် မြင်တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓါတ်ပုံ- AFP

(မဇ္ဈိမ) ။ ။ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အာဂျင်တီးနားတရားရုံးက ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်လိုက်ကြောင်း Burmese Rohingya Organisation UK (BROUK) အဖွဲ့က ယနေ့ (ဖေဖော်ဝါရီ ၁၄ ရက်) တွင် ထုတ်ပြန်သည်။

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

RFA
RFA Burmese
2025.02.14

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့် ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့ ၌ ဆန္ဒပြနေသူတစ်ဦး။
Updated 5:26 PM Feb 14, 2025

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထုတ်တဲ့ဝရမ်း ကုလ နဲ့ အင်တာပိုလ် ကို ပို့မယ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

VOA
ဗွီအိုအေ (မြန်မာဌာန)
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅ 
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
 
မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိပ်တန်းစစ်အရာရှိတချို့ကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ကြောင်း UK အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK က ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

RFA
RFA Burmese
2025.02.14

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့် ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့ ၌ ဆန္ဒပြနေသူတစ်ဦး။

Updated 5:26 PM Feb 14, 2025

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */