10 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
အပြည်ပြည်ဆိုင်ရာတရားရုံး၌စွဲဆိုမှုကို မြန်မာနိုင်ငံက သွားရောက်ဖြေရှင်းရသည်ထိ မြန်မာနိုင်ငံမှနိုင်ငံခြား ရောက်သွားသူ ပညာတတ်တစ်ဦးက စွမ်းဆောင်ခဲ့သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာ/မူဆလင်တွေ (မြန်မာအစိုးရက ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကို အသိ အမှတ်မပြု) အရေးနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်၊ ခွဲခြား ဆက်ဆံခံရပြီး သူတို့အပေါ် ရာဇဝတ်မှု ကျူးလွန်မှုတွေ ရှိနေတယ်လို့ စွပ်စွဲနေကြတာ အတော်ကြာပါပြီ။

အပြည်ပြည်ဆိုင်ရာတရားရုံးအိုင်စီဂျေမှာ မြန်မာနိုင်ငံ အပေါ် ဂမ်ဘီယာ နိုင်ငံက အမှုဖွင့်ထားတဲ့ အမှုကို ကြားနာဆုံးဖြတ်တဲ့အခါမှာ မြန်မာနိုင် ငံဘက်က ကိုယ်စားပြုခန့်ပိုင်ခွင့်ရှိတဲ့ တရားသူကြီးတစ်ဦးကို ဂျာမန် နီနိုင်ငံကိုလုံးတက္က သိုလ်က ပါမောက္ခ တစ်ဦးကို ခန့်ထားလိုက်ပါတယ်။
အဲဒီပါမောက္ခ ကတော့ ပါမောက္ခClaus Kress ဆိုတဲ့ သူ ဖြစ်ပါတယ်။
အဲဒီတရားသူကြီး နေရာဟာ မြန်မာလိုပြောရရင် ရှောင်တခင် တရား သူကြီးလို့ ပြောရမယ်လို့ ဥပဒေပညာရှင် ဒေါက်တာမြင့်ဇံက ဘီဘီစီ ကို ပြောပါတယ်။
ဒီတရားသူကြီးဟာ မြန်မာနိုင်ငံ အတွက် ရပ်တည်မှာဖြစ်ပြီးတော့အပြည်ပြည် ဆိုင်ရာ တရားရုံးဆုံးဖြတ်ချက်တွေ မှာ မြန်မာနိုင်ငံ အ တွက်ခုခံ ပြီးကွဲလွဲ တဲ့အမြင်တွေ ရှိရင် သူကရေးပေးရမှာ ဖြစ်ပါတယ်။
၂၁ ရာစု၏ ပထမဆုံးသော ဂျီနိုစိုက်အမှုကို မြန်မာပြည် ဖြေရှင်းရတော့မည်။ ICJ ၌ ဂမ်ဘီယာက မြန်မာ အပေါ် စွဲချက်တင်ခဲ့သည့် Lawsuit တွင် ရိုဟင်ဂျာများအားအပါ် ဂျီနိုစိုက် ကျူးလွန်ခြင်း၊ ပူးပေါင်းကြံ စည် ခြင်း၊ အမုန်းဖန်တီးပြီး၊ ပါဝင်ပက်သက်ခြင်း၊ ကြံရာပါအသွင် တရားမမျှတခြင်း၊ ရပ်တန့်အောင် မကြိုးစား သလို ကျူးလွန်သူများအား အပြစ်ပေးရန် ပျက်ကွက်ခြင်း စသည့် ကုလ Genocide Convention ပဋိညာဉ် ခံဝန်ကတိ Article-I, III, IV, V, VI တို့အား ချိူးဖောက်ကြောင်း ပါဝင်သည်။ မြန်မာတိုင်းရင်းသား အဖွဲ့ အစည်းအချို့ဘက်ကလည်း ဂမ်ဘီ ယာ စွဲဆိုချက်ကို ထောက်ခံသည့် ကြေညာချက်များ ဆက်လက် ထွက် ပေါ်လာသည်။