Friday, August 31, 2018
( 31.08.2018 ) မြန်မာနိုင်ငံဆိုင်ရာ UN Fact-Finding Mission နှင့်ပတ် သက်သော ဩစတြေး လျနိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး Senator the Hon Marise Payne ၏ သတင်းထုတ်ပြန်ချက်
မြန်မာနိုင်ငံဆိုင်ရာ UN Fact-Finding Mission နှင့်ပတ်သက်သော
ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Senator the Hon Marise Payne ၏ သတင်းထုတ်ပြန်ချက်
UN Fact-Finding Mission on Myanmar - media release by Australian Minister for Foreign Affairs, Senator the Hon Marise Payne.Thursday, August 30, 2018
Wednesday, August 29, 2018
( 29.08.2018 ) Press Release, Ministry of Foreign Affairs, Malaysia
မြန်မာအစိုးရနဲ့ စစ်တပ်က ရိုဟင်ဂျာလူမျိုးအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တာနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်လိုက်တယ်။ ကုလသမဂ္ဂကို ၁၉၄၈ ခုနှစ် ဂျီနိုဆိုက်ကွန်ဗန်ရှင်းနဲ့ အညီ အရေးယူဖို့နဲ့ မြန်မာနိုင်ငံက အဲဒီကွန်ဗန်ရှင်းရဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်တယ်လို့ သတိပေးထားတယ်။
Tuesday, August 28, 2018
( 28.08.2018 ) The United Nations Security Council open meeting . ( Full Video )
The United Nations Security Council will be briefed by Secretary-General António Guterres, UNHCR Goodwill Ambassador Cate Blanchett, and UN Development Programme (UNDP) Associate Administrator Tegegnework Gettu on the situation in Myanmar and the Rohingya refugee crisis. The UK Minister of State for the Commonwealth and the UN, Lord Ahmad, will chair the meeting.
( 28.08.2018 ) လူတိုင်း အာရုံစိုက် နေသော ရိုဟင်ဂျာ အရေးအခင်း။ ( ဦးကျော်မင်း )
ရိုဟင်ဂျာ အရေးအခင်းကို ဂျင်နိုဆိုက်ဒ် မြောက်နေကြောင်း အမေရိကန် ဟားဗက်တက္ကသိုလ်၊ ရေးလ် (Yale) တက္ကသိုလ်၊ လန်ဒန်ကွင်းမယ်ရီ တက္ကသိုလ်တို့မှ ဥပဒေပညာရှင်များက အချိန်ပေး ကွင်းဆင်းလေ့လာပြီးစာတမ်း များ ထုတ်ခဲ့ပေသည်။ လူ့အခွင့်အရေးဆိုင်ရာ HRW အဖွဲ့၊ fortify rights၊ Amnesty International စသည့် စသည့် အဖွဲ့များကလည်း ဂျင်နိုဆိုက်ဒ် မြောက်သော အကြောင်း အချက်များ ရခိုင်ပြည်နယ်တွင် တွေ့ရှိရသည်ဟု တင်ပြနေသည်မှာ အချိန်ကြာပြီဖြစ်ပါသည်။ ပညာရှင်များ သာသနာ့ ဥသျှောင်များ အ ထင် ကရ နိုင်ငံရေး ခေါင်း ဆောင်များကလည်း ဂျင်နိုဆိုက်ဒ်အဆင့် ကျူးလွန်မှုများတွေ့ ရှိရသည်ဟုသုံးသပ်ထားသည်။ ယခု၂၇/၈/၂ဝ၁၈ ခုနှစ်တွင် ကုလသမဂ္ဂ အချက်အလက် ရှာဖွေ ဖော် ထုတ်ရေး လွတ်လပ်သည့် ကော် မရှင် (IFFM) က အစီအရင် ခံစာမှာ ရိုဟင်ဂျာ အရေး တွင် လူ့အခွင့်အရေး ချိုးဖောက်မှု လူသားမျိုးနွယ်စု သုတ် သင်ရှင်းလင်းသောပြစ်မှု၊ (crime against humanity) စစ်ရာဇဝတ်မှု ကျူးလွန်မှု (war crime) နှင့် ဂျင်နိုဆိုက်ဒ် (Genocide) ပြစ်မှုများ အထမြောက်နေကြောင်း တွေ့ရှိရကြောင်း ဖော်ထုတ်သည်။ ပြစ်မှုကျူးလွန်သူများကို နိုင်ငံတကာက အရေး ယူရမည်ဟု အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။ လက်ရှိ တပ်မတော် ထိပ်တန်းအရာရှိ (၆)ဦးကို ပြစ်မှုတရားခံများအဖြစ် ဖော် ပြထား သည်။ လာမည့် စက်တင်ဘာလ (၁၈)ရက်နေ့ ကုလသမဂ္ဂမှာ တင်ပြမည့် အ သေးစိတ် အစီ ရင်ခံစာမှာ နောက်ဆက်တွဲ ပြစ်မှုကျူးလွန်သူများဟု တင်ပြမည့် စာရင်းလည်းရှိ ကြောင်း သိရှိရ သည်။ ဤအစီရင် ခံစာ သည် ပြင်းထန်သောသဘော ရှိသဖြင့် ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ် တော်တော်များများနှင့် အသင်းအဖွဲ့များ ပညာရှင်များ အတော်ပင်အာရုံစိုက် စိတ်ဝင်စား ဆွေးနွေး နေကြောင်း တွေ့ရသည်။
ကျွန်တော်တို့ ပြည်တွင်းနေ ရိုဟင်ဂျာများကမူ ငြိမ်းချမ်းရေး၊ ချစ်ကြည်ရေး၊ ညီတူမျှတရေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေးတို့ကို လိုလားသည်။ ရခိုင်ဒေသရှိ လူမျိုးစုအားလုံးတို့နှင့် ရန်ဖက်မဟုတ်ဘဲ မိတ်ဖက်များအဖြစ် ဆက်ဆံ နေထိုင်လိုကြသည်။ ရိုဟင်ဂျာသည် လူမျိုးစုတစ်စုအနေဖြင့် နိုင်ငံတော်အပေါ်သစ္စာရှိကြောင်း နိုင်ငံတော် အတွက် ပေးဆပ်စရာများ ကိုလည်း ပေးဆပ်ပြီးဖြစ်သော သာဓကများရှိသည်။ မြန်မာနိုင်ငံတွင်ပထမ ဦးဆုံး လက်နက်အပ်နှံ၍ ငြိမ်းချမ်းရေးရယူခဲ့သူများသည် မူဂျာဟစ်လက်နက်ကိုင်များ ဖြစ်ခဲ့သည်။ မိမိတို့၏ အ ထက်ပါ သဘောဆန္ဒများကို မြန်မာစာနယ်ဇင်းများတွင် (ကျွန်တော်ကိုယ်တိုင်) အကြိမ်ကြိမ် ရေးဖူးပါသည်။ စစ်အစိုးရနှင့် ဒီမိုကရေစီ အစိုးရများကိုလည်း တင်ပြခဲ့သော အကြိမ်ပေါင်း မနဲမနောပါ။
သမိုင်းမှန်ကို အခြေပြုခြင်း၊ ဥပဒေမှန်ကို လေးစားခြင်း၊ ယုတ္တိရှိသော အမြင်ဖြင့် ပြသနာများကို ချဉ်းကပ်ခြင်း များပြုမှသာ ငြိမ်းချမ်းရေး၊ တိုးတက်သာယာရေး ရရှိမည် ဖြစ်ကြောင်းနှင့် ရိုဟင်ဂျာပြသနာဖြေရှင်းရေး အ တွက် အမြဲ အစိုးရနှင့် ပူပေါင်းပါဝင် ဆောင်ရွက်လိုကြောင်းလည်း ဆန္ဒထုတ်ဖော်ခဲ့ပြီး ဖြစ်ပါသည်။ ရောဂါဖြစ်ပြီးမှ ကု သခြင်းထက် ကြိုတင်ကာကွယ်ခြင်းသည် ပို၍သင့်လျော်ကြောင်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် တို့သည် ပြည့်အင်အား ပြည်တွင်းမှာသာ ရှိသည်ကို ယုံကြည်ပါသည်။ ပြည်ပ ပရောဂ ပူးကပ် လာမည်ကို ရှောင်ရှား ကာကွယ်လိုသည်။ ပြည်ပ ကြေးစားများ အသုံးတော်ခံများကိုလည်း အများပြည် သူ များ က လက်မခံကြပေ။
ရိုဟင်ဂျာများသည် သွားလာခွင့် ပိတ်ပင်ထားမှု၊ စီးပွားရေး ကန့်သတ်ထားမှု၊ ပညာရေး ကျန်မာရေးအခွင့်အလမ်း မဲ့မှုများ ဆယ်စုနှင့်ချီ၍ ခံစားနေရသဖြင့် ချို့တဲ့အားနည်းနေသည်။ အပေါင်းအသင်းမဲ့ ခံစားချက်များကို ရင်ဖွင့်ခွင့်မဲ့ ဖြစ်နေသည်။ တစ်ဖက်သက် အပြစ်ဆိုခြင်း၊ ကဲ့ရဲ့ခြင်း၊ သိက္ခာချခြင်းများ ခံရသည့်အပြင် တစ်မျိုးသားလုံး ခိုးဝင်ဘင်္ဂါလီဟု စွပ်စွဲခြင်း ခံနေရသည်။ ယခင့်ယခင်က အစဉ်အလာအရ ရရှိခဲ့သော မဲပေးခွင့်၊ အရွေး ခံခွင့်များလည်း ဆုံးရှုံးသွားခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ရခိုင်မှ မူဆလင် အသိုင်းအဝိုင်းဟု ခေါ်ဆိုရန်မှာကြားခဲ့သော်လည်း ဝန်ကြီးကအစ အားလုံးက ဘင်္ဂါလီဟု ခေါ်ဝေါ် နေ ကြောင်း တွေ့ ရသည်။ ကုန်ကုန်ပြောရ လျှင် အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခြင်းမရှိဘဲ တရားခံဘဝ ရောက် ရှိနေသည်။ ငတ်ဖြတ်နေသည်။ အားနည်းချို့တဲ့နေသည်။ အာဟာရဓာတ် ပျက်နေသည်။ အများစုက အလုပ်အကိုင်မဲ့ ဖြစ်နေသည်။ သွားရေးလာရေး ကျီး လန့်စာ စားနေရသည်။ မြို့နယ်ကျော် သွားလာခွင့် လည်း ကန့် သတ် ထားသည်။
သို့သော် တရားကို နတ်စောင့်သည်၊ သစ္စာစည်တော်ကို လေညှင်းခတ်သည် ဆိုသည့်စကားအရ ယနေ့ ကမ္ဘာတစ်ခုလုံးက ရိုဟင်ဂျာ၏ သစ္စာတရားအတွက် ရေးသား ဟောပြော ဆော်သြနေသည်။ ရိုဟင်ဂျာ အကျိုးတော်ဆောင်များ ပေါ်ပေါက်နေသည်။ ဝမ်းသာစရာမဟုတ်၊ မဖြစ်သင့်တာ ဖြစ်နေခြင်းဖြစ်သည်။ ဘယ် သူ့ကြောင့် လက်ရှိအ နေအထားသို့ ရောက်ရှိနေသည်ကို စဉ်းစားသင့်ပေသည်။ အညှီရှိ၍ ယင်အုံ လာခြင်း များလားဟု စဉ်းစားနေရ သည်။
လက်ရှိပြသနာ၏ ဖြေရှင်းချက်သည် ပြည်တွင်းမှာသာ ရှိသည်ဟု ယုံကြည်ပါသည်။ ကျွန်တော်တို့သည် အစိုးရ နှင့် ပူးပေါင်းညှိနှိုင်း၍ ပြသနာ၏ ဖြေရှင်းချက်ကို ရှာလိုပါသည်။ ညီမျှမှု မျှတမှု ပွင့်လင်းမှန်ကန်မှု ရှိလျှင် အားလုံးက လက်ခံမည် ဖြစ်ပါသည်။ ခွဲခြားမှု ဖိနှိပ်လိုမှု ရှိလျှင်၊ ကိုယ်နှင့်မတူ ရန်သူဟု သဘောထားလျှင် အဖြေမှန်ထွက် လာမည် မဟုတ်ပါ။ အင်အားဖြင့် အနိုင်ယူမည်၊ ငါတို့ထားသလိုနေရမည်ဟု သဘောထားလျှင် အခြေအနေပို၍ ဆိုးရွားသွားနိုင်သည်။ ယနေ့ ကုလသမဂ္ဂအဖွဲ့၏ အခန်းကဏ္ဍ ကျယ်ပြန့်မြင့် တက်လာသည်ကို ကျွန်တော်တို့ သတိထားမိပါသည်။ ၂၁ရာစု နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမျိုးစု အရေးအခင်းအကျင်းများသည် ပို၍ပို၍ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် စပ်ဆက် လာနေကြောင်း လည်း တွေ့ရ သည်။ ရခိုင်ပြည်နယ်မှာ ရှိသော လူမျိုးစုအားလုံး၏ လူဦးရေ အများစုသည် ဘင်္ဂလားဒေ့ရှ်မှာ လက်ရှိ နေ ထိုင် လျက်ရှိသည်။ ရိုဟင်ဂျာများကိုလည်း ဟိုဘက် ဒီဘက် နှစ်ဘက်စလုံးမှာ သမိုင်းမှတ်တမ်း အစိုးရ မှတ် တမ်းများအရ နေထိုင်ကြောင်း တွေ့ရသည်။ မြန်မာပြည်ဘက်တွင် နေထိုင် သူလူမျိုုးစုအားလုံးကို မြန်မာနိုင် ငံ သားဟု ယခင်အစိုးရများက အသိအမှတ်ပြုခဲ့ခြင်းသည် နိုင်ငံရေး၊ လူမှုရေး၊ ရှုထောင့်အဝဝမှ မှန် ကန်ေ သာ လုပ်ဆောင်ချက်ဟု ဆိုရပေမည်။ ပထဝီနိုင်ငံရေးအရ အမှန်ကန်ဆုံး အကောင်းဆုံး လုပ်ရပ်များ ဖြစ် သည်။ လွတ်လပ်ရေးတိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ခေါင်းဆောင်များသည် ဦးနှောက်ရှိပြီး အမျိုးသာရေး ခံယူ ချက် ပြည့်ဝသူများ မှန်ကန်သူများ ဖြစ်ပါသည်။ ကုလားများကို ရွေး ကောက်ပွဲတွင် မဲထည့်ရန် ခေါ် လာခြင်း လုံးဝ မဟုတ်ပါ။
လိုအပ်သောအခါ သိမ်းသွင်းခဲ့သည်၊ ဂုဏ်ပြုခဲ့သည်၊ ချီးကျူးခဲ့သည်၊ တိုင်းရင်းသားဟု သတ်မှတ်ခဲ့သည်၊ လက်တွဲ၍ ခေါ်ဆောင်ခဲ့သည်။ မလိုလားသောအခါ ဂရုစိုက်စရာမလို၊ နှိမ့်ချခွဲခြား၊ ပြစ်တင်ရှုံ့ချနိုင်သည် ဟူသော အယူအဆသည် မရှိသင့်သော အယူအဆ ဖြစ်ပါသည်။
ရိုဟင်ဂျာပြသနာ ဖြေရှင်းရန် ပြည်တွင်းကိုယ်စားပြု အင်အားစုများနှင့် ညှိနှိုင်းဆွေးနွေးသင့်ပါသည်။ သူတို့ အာဘော် သူ့တို့ အသံကိုလည်း နားထောင် ပေးသင့်သည်။ အမေရိကန်နိုင်ငံသား ရိုဟင်ဂျာတစ်ဦးကို မြန် မာအစိုးရမှ ရိုဟင်ဂျာပြသနာ ဖြေရှင်းရန် ချဉ်းကပ်နေကြောင်း သိရ၍ ဝမ်းနည်းပါသည်။ ချဉ်းကပ်မှု မှား ယွင်းနေသည်ဟု ပြောချင်ပါသည်။ ထို့အပြင် ဒေသရှိ ဆရာမွေး တပည့်မွေး စီးပွားရှာပေးသော သတင်းပေး များကို အသုံးပြု၍ ရိုဟင်ဂျာပြသနာ ဖြေရှင်းမည်ဟု ယူဆခြင်းသည် အဏာရှင်ခေတ်က အယူအဆ ဖြစ် ပါသည်။
ကုလသမဂ္ဂ လွတ်လပ်သော အချက်အလက်ရှာဖွေရေး ကော်မရှင် (IFFM) အစီရင်ခံစာသည် အခြေခံမျှသာ ဖြစ် သည်။ အဆင့်ဆင့် သွားရမည် ဖြစ်ပါသည်။ ဤခရီး မနီးပါဟု ပြောရမည်။ ထို့ကြောင့် ပြည်တွင်းတွင် ဝိုင်းဝန်း ဖြေရှင်းရန် အခြေအနေ ရှိပါသည်။
မီဒီယာများ၏ ဆဲဆိုခြင်း၊ သိက္ခာချခြင်း၊ မတော်မတရား စွပ်စွဲ အပြစ်တင်ခြင်းများကို ရပ်တန့်သင့်ပေသည်။ မီဒီယာ အင်တာဗျူးများတွင် တစ်ဖက်သက် ဂိုးရှူးခြင်းများ ရပ်တန့်သင့်ပေသည်။ ဒီမိုကရေစီ လွတ်လပ် ခွင့်ကို တစ်ဖက်လူမျိုးတစ်မျိုးအား စော်ကားရန် အသုံးမပြုသင့်ပေ။ သွားကောင်း၍ မျိုးစပါးဝါးသည် ဟူသော ပုံစံမျိုး မဖြစ်သင့်ပါ။ ရခိုင်ပြည်နယ်မှာ လူမျိုးရေး ပြသနာပေါ်ပေါက်တိုင်း ဘာသာရေး ခေါင်းဆောင်တစ်စု သွားရောက် နှိုးဆော်စည်းရုံးလျက်ရှိသည်ကို ဟန့်တားသင့်ပေသည်။ လူမျိုးရေး ပဋ္ဋိပက္ခကို နှိုးဆော်သော စာအုပ်၊ မဂ္ဂဇင်းများ၊ အစိုးရတာဝန်ခံများ ဦးဆောင်၍ ထုတ်ဝေခြင်းများ မပြုသင့်ပါ။ သူများဒုက္ခ ရောက်ရန် ကြံစဉ်လျှင် မိမိသာ တန်ပြန် ဒုက္ခဂယက်ထဲ ဝင်သွားနိုင်သည်။ သူများ အိုးစွန့်အိမ်စွန့် ဘဝပျက် ဒုက္ခ ရာက်နေ သည် အတွက် ဝမ်းသာခြင်း မဖြစ်သင့်ပါ။ အလှူငွေ ထိုင်စားရန် ထွက်ပြေးခြင်းဖြစ်သည်ဟု တလွဲ သုံး သပ်ခြင်း မပြုသင့်ပါ။ တစ်ဖက်တွင် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးကော်မရှင်၏ အစီရင်ခံ စာကြောင့် အစိုး ရအကျပ်အတည်းတွေ့ပြီဟုလည်း မထင်မြင်သင့်ပါ။ အစိုးရဟူသည် ခွန်အားရှိသည်၊ လုပ်ပိုင် ခွင့်ရှိ သည်၊ ဖြေရှင်းနိုင်စွမ်းရှိသည်။ ပြသနာမှန်သမျှ နောက်ဆုံး အစိုးရနှင့် ညှိနှိုင်းဖြေရှင်းရမည်ကို သတိပြု သင့် သည်။
ဘင်္ဂါလီသည် အရုပ်ဆိုးသည်၊ ရွံစရာကောင်းသည်၊ ရခိုင်ကို ကျူးကျော် စော်ကားသူများ ဖြစ်သည်။ အတူတူ မနေနိုင်၊ သီးခြားနေရမည်၊ ရခိုင်သယံဇာတ လယ်မြေများ ရခိုင်အတွက်သာ ဖြစ်ရမည်၊ ရခိုင်ပြည်နယ်သည် ရခိုင်လူမျိုးကို အခြေခံသော ပြည်နယ် ဖြစ်ရမည်၊ ဘင်္ဂါလီကြောင့် ရခိုင်တိုင်းရင်းသားများ လုံခြုံမှုမရှိ၊ စသည့် စသည့် အယူအဆများ ပြောဆိုမှုများ ဆက်လက်၍ ပြောဆိုသုံးနှုန်း ခံယူခြင်း မပြုသင့်ဟု ယူဆပါသည်။ လူမျိုးစု နှစ်စုကို အတူယှဉ်တွဲနေထိုင်ရန် ပြောဆိုနေသော နိုင်ငံ့ခေါင်းဆောင်များတွင် ဘာသာပေါင်းစုံ ချစ် ကြည် ရေးအဖွဲများ မှ တစ်ဆင့်မအောင်မြင်နိုင်၊ အာဏာစက်ဖြင့်၊ ခေါင်းဆောင်ရေး အရှိန်အဝါဖြင့်၊ တရား ဥပဒေစိုးမိုးစေခြင်းအား ဖြင့် လက်တွေ့ အကောင်အထည်ဖော်ရမည် ဖြစ်သည်။ ဥပဒေစိုးမိုးမှု မှန်လျှင် ဖီဆန် မည့်သူ မည်သူမှရှိမည်ဟု မထင်ပါ။
ဘင်္ဂါလီတွေက မြေသိမ်းနယ်သိမ်း တိုက်ပွဲဝင်နေသည်ဟု ဗျူးနေကြောင်းများ တွေ့ရသည်။ တုတ်၊ ဓားကိုင် ဖိနပ်ပါ မစီးသော အကြမ်းဖက်သမား ဆိုသူများက ဘယ်နယ်မြေများကို သိမ်းယူနိုင်မည်နည်း။ ထိုသူများသည် ဒေသတစ်ခုလုံးအတွက် အန္တရာယ်မည်ကဲ့သို့ ဖြစ်ရမည်နည်း။ ခေတ်မှီလက်နက် ကိုင်ဆောင် ပုန်ကန်နေသူများပင် ခရီးမပေါက်နိုင်ကြောင်း တွေ့ရသည်။ မဆီမလျော် အပြစ်ဖို့ခြင်းမျိုး မပြုသင့်ပါ။ အမျိုးသား ရှင်သန်ရေးအတွက် ဟစ်တလာကဲ့သို့ သတ်ဖြတ်ရမည်၊ အစ္စရေးကဲ့သို့ လူမျိုးခြားများကို ဒေသမှ နှင်ထုတ်၍ ရခိုင်နိုင်ငံထူထောင်မည်ဟု ကျွေးကြော်ခဲ့သူများကိုမူ အန္တရာယ်ဟု သုံးသပ်ခြင်းများ မတွေ့ရပါ။
ရိုဟင်ဂျာ ရခိုင် လူမျိုုးရေးပြသနာသည် ရာစုနှင့်ချီ၍ ရှိနေသည်။ ၁၈ရာစုကတည်းက အရိုးစွဲနေသော ပြသနာဖြစ် သည်။ ချက်ချင်း အချိန်တိုအတွင်း မဖြေရှင်းနိုင်ဟု ပြောဆိုခြင်းသည် ခေါင်းရှောင်ခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်ကောင်း ဆိုလျှင် ဖြေရှင်းနိုင်ရမည်။ အချိန်မဆွဲသင့်ပါ။ ဖဆပလ တော်လှန်ရေးကောင်စီခေတ် ကာလများမှာတရားဥပဒေစိုးမိုးမှု ခေါင်းဆောင်များ၏ မှန်ကန်မျှတမှု အုပ်ချုပ်ရေး အမျှော်အမြင်ကြီးမားမှုမျာကြောင့် လူမျိုးရေး ပြသနာ မရှိခဲ့ပေ။ အစိုးရကိုယ်တိုင်က ယနေ့ မြှောက်ပင့်မှု ဘက်လိုက်မှု ရန်စများ ဖန်တီးပေးမှု ရှိနေ၍ ယနေ့လူမျိုးရေး ပြသနာများ ပေါ်ထွက်နေခြင်းဖြစ်သည်။ အစိုးရသာ မှန်ကန်လျှင် တရား ဥပဒေကို တိကျစွာ ကိုင်တွယ်လျှင် ရခိုင်ပြည်နယ်မှာ ဥပဒေချိုးဖောက်မည့်သူ လူမျိုးရေး ပြသနာ ဖန်တီးမည့်သူ ရှိမည်မဟုတ်ဟု ယုံကြည်ပါကြောင်း ရိုးသားစွာ ပြောဆိုလိုပါသည်။ အစိုးရက ဒေသခံ တိုင်း ရင်း သားများနှင့် ခိုးဝင်လာသူများဟု ခွဲ ခြားသုံးနှုန်းပြောဆိုလျှင် စည်းလုံးညီညွတ်မှု မည်သို့ ဖြစ်နိုင်မည်နည်း။ ၁၉၄၂ ခုနှစ် လူမျိုးရေး ပဋ္ဋိပက္ခ၏ မပြီးသေးခဲ့သော အခင်းအကျင်းများကို ယခုဆက်လက် ခင်းကျင်းခြင်းဟု သုံးနှုန်းလျှင် အေးချမ်းတည်ငြိမ်မှုမည်သို့ ရရှိမည်နည်း။
နိုင်ငံသားဖြစ်ခြင်းကို သမိုင်းအထောက်အထားမကြည့်ဘဲ၊ ယခင်ဥပဒေများအရ နိုင်ငံသား ဖြစ်ပြီးသည်ကို အသိ အမှတ်မပြုဘဲ၊ ဘာသာကို အခြေခံ၍ စဉ်းစားခြင်းသည် ဒီမိုကရေစီ အခင်းအကျင်း မဟုတ်ပါ။ ရခိုင် ပြည်နယ်မှာ ဗုဒ္ဓဘာသာ ဘင်္ဂါလီများ တိုင်းရင်းသားဟု သတ်မှတ်နိုင်လျှင် အစိုးရအခေါ် ဘင်္ဂါလီ အစ္စလာမ် များကို နိုင်ငံသားအဆင့်ပင် မပေးနိုင်ပါလား။ နိုင်ငံသားဖြစ်ခြင်းကို ဥပဒေအရ သတ်မှတ်သင့်သည် တိုင်း ရင်းသာကော်မတီအဆင့် ဆင့်၏ ထောက်ခံချက်ဖြင့် နိုင်ငံသား သတ်မှတ်ခြင်းသည် လျော်ကန်သော ကိစ္စမဟုတ်၊ ထိုကော်မတီပါတိုင်းရင်း သားများသည် ဘင်္ဂါလီ ကုလားများကို တတိယနိုင်ငံ ပို့ရန် နားရွက် ပိတ်၊ ဖင်ပိတ် အော်နေသည် မဟုတ်လား။ သမ္မတဟောင်း ဦးသိန်းစိန်၏ VOA သန်းလွင်ထွန်းနှင့် အင်တာဗျူး မှာ အစိုးရက ဌာနပေါင်းစုံဖြင့် သုံးလတိတိ စုံစမ်းစစ်ဆေးခဲ့ရာ ခိုးဝင်နေထိုင်သူ မရှိသလောက်ဟု ပြော ဆိုခဲ့ သော မှတ်တမ်းများလည်း ရှိပေသည်။ ထို့အ ပြင် သမ္မတဟောင်း ဦးသိန်းစိန်၏ လွှတ်တော်သို့ ပေး ပို့ခဲ့ သော သဝန်လွှာတွင် ရခိုင်သားများက ဘင်္ဂါလီများ၏ ဥစ္စာပစ္စည်းများကို သိမ်းသွင်းပိုင်ဆိုင်လို၍ လူမျိုးရေး အကြမ်း ဖက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြရှင်းလင်းခဲ့ကြောင်းကိုလည်း ရခိုင်ပြည်နယ် မတည် ငြိမ်ခြင်း ၏ အကြောင်းခံတရား တစ်ရပ်အဖြစ် ကိုးကား၍ သုံး သပ် တင်ပြအပ်ပါသည်။

Monday, August 27, 2018
( 27.08.2018 ) A look inside the mind of Myanmar's military chief Ming Aung Hlaing is accused of ordering the mass-murder of the Rohingya
August 27, 2018 ,Updated: August 27, 2018 09:43 PM
While Aung San Suu Kyi, the de facto leader of Myanmar, has carried the burden of blame over the brutal crackdown on the Rohingya, the military is believed to operate outside of the government's control and to be the sole perpetrator of a litany of human rights abuses.

Subscribe to:
Posts (Atom)