Friday, February 5, 2021

မြန်မာစစ်တပ် အာဏာ စွန့်လွှတ်ဖို့ သမ္မတ Joe Biden တောင်းဆိုလိုက်ခြင်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
05 ဖေဖော်ဝါရီ၊ 2021 

သမ္မတ Joe Biden နိုင်ငံခြားရေးဝန်ကြီးဌာနမှာ မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ- AP) Feb. 4, 2021 

မြန်မာစစ်တပ် ရယူထားတဲ့ အာဏာကို စွန့်လွှတ်ဖို့ အမေရိကန် သမ္မတ Joe Biden က တောင်းဆိုလိုက်ပါ တယ်။

“ရယူထားတဲ့ အာဏာကို မြန်မာ စစ်တပ် စွန့်လွှတ်သင့်ပါတယ်။ ဖမ်းဆီးထိန်းသိမ်းထားခံထားရသူ၊ တက်ကြွ လှုပ် ရှားသူတွေနဲ့ တာဝန်ရှိသူတွေ အားလုံးကို ပြန်လွှတ်ပေးရပါမယ်။ တယ်လီ ကွန်မြူနီကေးရှင်း ဆက်သွယ်ရေးလုပ်ငန်းမှာ ကန့်သတ်ချက်တွေ ချထားတာကို ရုပ်သိမ်းပေးရပါမယ်။ အင်အား အသုံးပြုမှုကို ချုပ်တည်း ရှောင်ကြဉ်ပါမယ်” လို့သမ္မတ Joe Biden က ပြောပါတယ်။

ဒီမိုကရေစီစနစ်မှာ အင်အားစု တစ်ခုကနေ ပြည်သူတွေရဲ့ ဆန္ဒကို အာဏာသုံး ပယ်ချဖို့ ဘယ်တော့မှ မကြိုးစား သင့် သလို ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့ ရလာဒ်ကို ဖျောက်ဖျက်ပစ်ဖို့လည်း မလုပ်သင့်ကြောင်း သမ္မတ Joe Biden က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ကမ္ဘာတဝှမ်းက မဟာမိတ် မိတ်ဆွေနိုင်ငံတွေ အတူတကွ ပူးပေါင်းပြီး မြန်မာနိုင် ငံက အာဏာသိမ်း ကိစ္စကို တုန့်ပြန် ဖြေရှင်းဖို့အရေး အမေရိကန်နိုင်ငံ အနေနဲ့ ကြိုးပမ်း ဆောင်ရွက်နေခဲ့ တယ် လို့လည်း သူက ပြောပါတယ်။

အခုလို မြန်မာ့အရေးကိစ္စကို သမ္မတ Joe Biden က သူ သမ္မတ ဖြစ်လာပြီး ပထမဆုံး ပြောကြားတဲ့ နိုင်ငံခြားရေး ရာ မူဝါဒ ဆိုင်ရာ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားသွားပါတယ်။ အဲဒီ မိန့်ခွန်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာန အဆောက်အဦးမှာ ဒေသစံတော် ချိန် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

သူ့အနေနဲ့ ဆီးနိတ် အထက်လွှတ်တော်က လူနည်းစု ခေါင်းဆောင် ရစ်ပတ်ဘလင်ကန် အမတ် Mitch McConnell နဲ့လည်း မြန်မာကိစ္စ ဆွေးနွေးခဲ့ကြပြီး နှစ်ဦးစလုံး တစ်သဘောတည်း ရှိကြတယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။ Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */