Tuesday, March 10, 2020

အထောက်အထားမဲ့ဝင်ရောက်သူ ၁၅ ဦးကို မကွေးတိုင်း ဒေသကြီးအတွင်း ဖမ်းမိ

မြန်မာတိုင်းမ်အပတ်စဉ်
တိုးဝေအောင်
 10 MAR 2020
ဓာတ်ပုံ - မြန်မာနိုင်ငံရဲတပ်ဖွဲ့

မကွေးတိုင်းဒေသကြီးအတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူ ၁၅ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း ယနေ့မတ်လ ၁၀ ရက်တွင် တိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

မတ်လ ၉ ရက် နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး ပုသိမ် - မုံရွာကားလမ်းမိုင်တိုင် ၂၁၇ ကန်တုတ်ကျေး ရွာ အုပ်စု၊ ကျစ်ဖျားကျေးရွာအရှေ့ဘက် (၁)ဖာလုံခန့်အကွာ၌ အထောက်အထားမဲ့ဝင်ရောက်လာသူ ၄ ဦးနှင့် ငဖဲမြို့နယ် မန်းတမံအနီး ကျောင်းကုန်း ကျေးရွာ(ဟောင်း)သွား တောလမ်းတို့တွင် အထောက် အထားမဲ့ ဝင်ရောက်လာသူ ၁၁ ဦးတို့ကို ရဲအုပ်အောင်အောင်ဦးနှင့် အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်အမ်းမြို့တွင် နေထိုင်သူ ၂ ဦးက ၎င်းတို့ ၁၅ ဦးကို လမ်းပြခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ဖမ်းဆီး ရမိသည့်အထောက်အထားမဲ့ဝင်ရောက်လာသူ ၁၅ ဦးကို ငဖဲမြို့မရဲစခန်းက ၁၉၄၉ ခုနှစ်မြန်မာနိုင် ငံအ တွင်းနေထိုင်သူများအက်ဥပဒေ ပုဒ်မ ၆(၃)အရ အမှုဖွင့်အရေးယူခဲ့သည်။

လမ်းပြခေါ်ဆောင်သူ ၂ ဦးကိုလည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၆၇ အရ အမှုဖွင့် အရေးယူထားသည်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */