Saturday, July 27, 2019

ရိုဟင်ဂျာအရေး အလေးပေး ဆောင်ရွက်နေကြောင်း ပြင်သစ်အစိုးရ လွှတ်တော်ကိုပြောကြား

VOA  
26 ဇူလိုင်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ရိုဟင်ဂျာ ဒုက္ခသည်များ (နိုဝင်ဘာ၊ ၂၁၊ ၂၀၁၇) 
 
 ရိုဟင်ဂျာ မွတ်ဆလင်လူနည်းစုတွေနဲ့ သက်ဆိုင်တဲ့ အခြေအနေဟာ သိပ်ကို စိုးရိမ်ဖွယ်ရာကောင်းဆဲရှိပြီး ဒါနဲ့ပတ်သက်လို့ ပြင်သစ် အစိုးရဟာ အထူးသဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အထွေထွေညီလာခံ၊ လုံခြုံ ရေးကောင်စီတို့ အပါအဝင် မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင် ရွက်နေ တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဌာနရဲ့ ဇူလိုင်လ ၂၅ ရက်၊ ကြာသပတေး နေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပြင်သစ်အထက်လွှတ်တော်မှာ စာနဲ့ ရေးသားမေးမြန်းချက်တခုကို ပြင်သစ် နိုင်ငံ၊ ဥရောပနဲ့ နိုင်ငံခြားရေးရာဌာနက အကြောင်းပြန်ကြားတာမှာ အခုလို ပြောထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာလို့ သုံးနှုန်းခေါ်ဆိုတာကို မြန်မာအစိုးရကတော့ လက်မခံပါဘူး။

မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် လုံခြုံရေး နဲ့ လူသားစာနာမှု ဆိုင်ရာ လက်တွေ့အခြေအနေဟာ ပိုတောင်မှာ ဆိုးလာနေတယ်လို့လည်း ပြောထား ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ တွေ့ဆုံချိန်အတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးအေ ခြေအနေ၊ အထူးသဖြင့် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တဲ့အကြောင်း ဝန်ကြီးက ထပ်ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားရတာနဲ့ပတ်သက်ပြီး နိုင်ငံတကာ ရာဇဝတ်တရားခုံရုံး ICC က စုံစမ်း စစ်ဆေး နေတဲ့အပေါ် ပြင်သစ်နိုင်ငံက ကြိုဆိုတယ်ဆိုတာကိုလည်း ဒီထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */