Sunday, January 13, 2019

ရခိုင် သရက်ပြင်ကျေးရွာ ဘက်မှာ တိုက်ပွဲ ဆက် ခမီ တိုင်းရင်းသား ၂၀၀ ကျော် ရွာလုံးကျွတ် ထွက် ပြေး

BBC
ဘီဘီစီမြန်မာပိုင်း 
၁၃ ဇန်နဝါရီ ၂၀၁၉
 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာ အုပ်စု အတွင်းမှာ အေအေ နဲ့ အစိုးရ တပ်တို့ အ ကြားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အတွက် ခမီတိုင်းရင်းသား ၂၀၀ ကျော် ထွက်ပြေးလာခဲ့ကြရပါတယ်။


တိုက်ပွဲဟာ ဘူးသီးတောင်မြို့နယ် သရက်ပြင် ကျေးရွာ အုပ်စု အလယ် ချောင်း ခမီရွာသစ် အနီး ဇန်နဝါရီလ ၁၃ ရက်နေ့ ဒီကနေ့ မနက် ၈ နာရီက စပြီး ဖြစ်ပွားခဲ့တဲ့ အတွက် ရွာသား ၂၀၀ ကျော်ဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ သရက်ပြင်ကျေးရွာကို ထွက် ပြေးခဲ့ကြရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းလိူင်က ပြော ပါတယ်။

လက်ရှိမှာ စစ်ပြေးရှောင်တွေဟာ သရက်ပြင် ဘုန်းကြီးကျောင်းမှာ အခြေချ နေထိုင် နေကြပြီး စုစုပေါင်း အ မျိုးသား ၁၄၃ ဦး၊ အမျိုးသမီး ၁၂၀ ရောက်ရှိ နေတာပါ။

ရွာလုံးကျွတ် ထွက်ပြေး လာတဲ့ အတွက် တယောက်မှာ မကျန် ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။ တိုက်ပွဲ ကြောင့် ထွက်ပြေးလာသူ ရွာသားတွေ ထိခိုက် ဒဏ်ရာ ရ တာမျိုး ရှိသား ဆိုတာကတော့ စစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ထွက်ပြေးလာသူတွေအထဲမှာ ကလေးငယ်တွေရော၊ မိန်းမတွေလည်း အများစု ပါဝင်တာကို တွေ့ရပြီး အထူးကြောက်လန့် နေပုံရတယ်လို့ သူက ပြောပါတယ်။

မနက် ၉ နာရီကျော်က တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း မှာ လက်နက်ကြီး လက်နက် ငယ် အသံတွေ ကြား ခဲ့ ရကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သူက ဘီဘီစီ ကို ပြောပါတယ်။
အခု လောလောဆယ်မှာတော့ ဒုက္ခသည်တွေကို ဘုန်းတော် ကြီးကျောင်း မှာ နေရာချ ပေးထားပြီး စားနပ်ရိ က္ခာ နဲ့ စောင်တွေ၊ ဖျာတွေ အရေးပေါ် လို အပ် နေပါတယ်။

ရခိုင် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် သွားရေး လာရေး ကိုလည်း ကန့် သတ် ထားပြီး ကူ ညီ ကယ်ဆယ်ရေး လုပ် ငန်း တွေဟာ အ ခက်အခဲ တွေ ကြုံတွေ့ နေရကြောင်း AGE အဖွဲ့က ဦးချစ်မြ က ပြောပါ တယ်။

တိုက်ပွဲတွေ ရပ်တန့်ပြီး ငြိမ်းချမ်းစွာ အဖြေရှာ ကြဖို့ ကုလသမဂ္ဂ နဲ့ ဥရောပ သမဂ္ဂ တို့ ဘက် ကလည်း ကြေ ညာချက် ထုတ်ပြန်တောင်းဆို ထားပါတယ်။

မြန်မာ့ ငြိမ်းချမ်းရေး မှာ ပါဝင် နေတဲ့ အိမ်နီးချင်း တရုတ် အစိုးရ ရဲ့ အထူး ကိုယ်စားလှယ် ဆွန်ကော်ရှင်း ဟာလည်း လိုင်ဇာမှာ အေအေ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံ ခဲ့ပြီး ရခိုင် ပြည်နယ် က တိုက်ပွဲ တွေကို ဘယ်လို ရပ်တန့်ကြမလဲ ဆိုတာ ကို ဆွေးနွေး ခဲ့ကြပါတယ်။

ရက္ခိုင့်တပ်မတော်လို့ နာမည်ယူထားတဲ့ အေအေ လက်နက်ကိုင် အဖွဲ့နဲ့ အစိုးရတပ်ကြား အခု လပိုင်းတွေ အတွင်း စစ်ရေး အရှိန်မြင့်လာပြီး ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်တွေ ထဲမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေး ခဲ့ကြရသူတွေ အယောက် လေးထောင် ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Link : Here


No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */