Showing posts with label သတ်ဖြတ်မှု. Show all posts
Showing posts with label သတ်ဖြတ်မှု. Show all posts

Tuesday, August 13, 2024

ရိုဟင်ဂျာတွေကိုသတ်ဖြတ်မှု အမေရိကန်အစ္စလာမ်ကောင်စီ ရှုတ်ချ

RFA
RFA Burmese
2024.08.13 

မောင်တောမြို့နယ် နတ်မြစ်အနီး သေဆုံးသွားသည့် ရုပ်အလောင်းများအနီးတွင် ရိုဟင်ဂျာအမျိုးသမီးအား တွေ့ရစဉ်။AFP


ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ရေးပဋိပက္ခကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတာကြောင့် ရာနဲ့ချီသေဆုံးခဲ့တဲ့ ဖြစ်ရပ်အတွက် ရှုတ်ချကြောင်း အမေရိကန်နိုင်ငံက အ ကြီးဆုံး အစ္စလာမ် ဘာသာရေးအဖွဲ့အစည်း အမေရိကန် အစ္စလာမ် ဆက်ဆံရေး ကောင်စီ (CAIR) က ဩဂုတ် ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

Tuesday, April 30, 2024

ဘင်္ဂါလီ ၅ ယောက်ကို AA က ဖမ်းဆီးသတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ဟု FRC ပြော

PCT News
April 29, 2024

( ရေးသားမှု အစွန်းရောက်သော်လည်း မှတ်တမ်းအဖြစ် ရေးမှတ်ထားခြင်းဖြစ်ပါသည် )

မောင်တောမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ အဘူဂျာကျေးရွာက ဘင်္ဂါလီရွာသား ၅ ယောက်ကို ဧပြီလ ၁၇ ရက်နေ့မှာ AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ AA ဖမ်းဆီးသွားတဲ့ လူ ၅ ယောက်ရဲ့ ရုပ်အလောင်းတွေကို ရွာသားအချို့က တွေ့ခဲ့ပြီး AA က သတ်ဖြတ်လိုက်တယ်လို့ FRC အဖွဲ့က ရိုနေဆန်းလွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ရိုဟင်ဂျာ (သို့) ဆူးကြားက ဘူးခါးဘဝများ - ကိုရိုနေဆန်းလွင် နဲ့ သီးသန့် မေးမြန်းခန်း

THN Freelance Journalist
သက်ထွေးနိုင် (သတင်းထောက်) 

မောင်းတောမြောက်ပိုင်း အဘူဂျာရွာက ရိုဟင်ဂျာ ၅ ဦး အာရက္ခတပ်တော် AA က ဖမ်းဆီးပြီးနောင် သေဆုံးသွားခြင်း ရိုဟင်ဂျာတွေက တိုက်ပွဲအလိုမရှိကြောင်း AA အလိုမရှိကြောင်း ဆန္ဒပြမှု စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်မှုထမ်း ခေါ်ဆောင်မှု နောက်ကွယ်... စတဲ့ ရှုပ်ထွေးနေတဲ့ အခြေအနေတွေအပေါ် ရိုဟင်ဂျာတွေရဲ့ လက်တွေ ရင် ဆိုင်နေရတဲ့ အခြေအနေက ဘယ်လို ရှိတယ်ဆိုတာ သိရအောင် ရိုဟင်ဂျာလွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ကိုရိုနေဆန်းလွင် ကို ဆက်သွယ်မေးမြန်တင်ဆက်ထားပါတယ်။

Link : Here

Tuesday, December 5, 2023

ပြင်သစ်သမ္မတ ဂါဇာတွင် အရပ်သားများ သတ်ဖြတ်မှုကို ဆန့်ကျင်

ABNA
၃ ဒီဇင်ဘာ ၂၀၂၃ 

ပါလက်စတိုင်း အရပ်သားတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာဟာ အစ္စရေးအတွက် လုံခြုံရေး မပေးနိုင်ဘူးလို့ ပြင်သစ် သမ္မတက အီမန်နျူရယ် မက်ခရွန် ပြောပါတယ်။

Sahar News ၏ သတင်းအထောက်အထားများ အရ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် က ကာတာနိုင်ငံကို မထွက်ခွာခင် ဒူဘိုင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလက်စတိုင်းတွေရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုက အစ္စရေးရဲ့ လုံခြုံရေးကို အာမခံနိုင်မယ်လို့ ယူဆရင် ဒီအယူအ ဆဟာ လုံးဝမှားယွင်းနေပြီး ဒီလို ဒေသတွင်းမှာ အစ္စရေးဟာ ဘယ်တော့မှ လုံခြုံရေး မရနိုင်ဘူးလို့ ဆိုပါတယ်။

Wednesday, October 4, 2023

ကော့ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်း သတ်ဖြတ်မှု ၂ ဦး သေဆုံး

ဧရာဝတီ
5 October 2023
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတခု / REUTERS
 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ အူခီးယားမြို့ ရိုဟင်ဂျာဒုက္ခသည်စခန်း၌ ယမန်နေ့ မနက်ပိုင်း က ပစ်ခတ်မှု ဖြစ် ပွားရာ အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) အဖွဲ့ဝင် ၁ ဦး သေဆုံးပြီး၊ စခန်းနေ ရိုဟင်ဂျာ လူငယ် ၁ ဦးလည်း ဓားခုတ် သတ်ဖြတ်ခံရကြောင်း သတင်း ရရှိသည်။

Friday, October 1, 2021

ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်ကို သတ်ဖြတ်မှု အမြန်ဆုံး ဖော်ထုတ်ပေးဖို့ တိုက်တွန်း

RFA
မြန်မာဌာန | သတင်းများ
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2021-09-30

 
ရိုဟင်ဂျာဒုက္ခသည်ခေါင်းဆောင်ကို သတ်ဖြတ်မှု အမြန်ဆုံးဖော်ထုတ်ပေးဖို့ တိုက်တွန်းဦးမိုဟစ်အူလာ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းမှာ၂ဝ၁၉ ခုနှစ်က တွေ့ရစဉ် ၤFile Photo: Reuters
 ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦး မိုဟစ်အူလာကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင် ဒုက္ခသည်စခန်းမှာ အမည်မသိသေနတ်သမားတစ်စုက ပစ်ခတ်လုပ်ကြံသွားခဲ့ပါတယ်။ အခုလို ကမ္ဘာကသိတဲ့ ရိုဟင်ဂျာခေါင်း ဆောင်တစ်ဦးကို လုပ်ကြံသတ်ဖြတ်သူတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက စုံစမ်းနေဆဲဖြစ်ပြီး၊ ဦးမိုဟစ် အူလာနဲ့ နီးစပ်သူတွေကတော့ လုပ်ကြံသတ်ဖြတ်ရတဲ့ အကြောင်းရင်းကို အမျိုးမျိုး သုံးသပ်ပြောဆိုနေကြပါ တယ်။

ရိုဟင်ဂျာခေါင်းဆောင်ကို သတ်ဖြတ်မှု ကုလပြင်းထန်စွာ ရှုတ်ချ

VOA
ဗွီအိုအေ(မြန်မာပိုင်း)
01 အောက်တိုဘာ၊ 2021

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင်းခေါင်းဆောင် Mohib Ullah

ဘင်္ဂလားဒေ့ရှ် နိုင်ငံ Cox’s Bazaar မှာ ရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာခေါင်းဆောင် Mohib Ullah အသတ် ခံရတာအတွက် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres ရဲ့ လက် ထာက်ပြောခွင့်ရ Stephanie Tremblay က ကြာသပတေးနေ့မှာ ပြောပါတယ်။

Wednesday, July 1, 2020

ဂူတာပြင်သတ်ဖြတ်မှု တပ်မတော်ကြေညာချက် ပွင့်လင်းမှု မရှိဟု ပြည်တွင်းပြည်ပ ဝေဖန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ခင်မောင်စိုး
2020-06-30
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ၂ဝ၁၇ ခုနှစ်က မြန်မာ့တပ်မတော်ရဲ့ စစ် ဆင်ရေးအတွင်း လူအစုအပြုံလိုက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အရာရှိ ၂ ဦးနဲ့ စစ်သည် ၁ ဦးကို စစ်တရားရုံးကအပြစ် ရှိကြောင်းနဲ့ ပြစ်ဒဏ်ချမှတ်ချက်တွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက အတည်ပြုပြီးဖြစ်ကြောင်း တပ်မတော် က မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Saturday, November 9, 2019

ဂူတာပြင်သတ်ဖြတ်မှုနဲ့ တပ်မတော်စစ်ခုံရုံး

လွတ်လပ်တဲ့အာရှအသံ( RFA )
2019-11-08

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ရုပ်အလောင်း တွေကိစ္စကို တပ်မတော်စစ်ခုံရုံးမှာ စုံစမ်းစစ်ဆေးအရေးယူဖို့ ပြင်ဆင်နေပါပြီ။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */