Showing posts with label သတ်သေ. Show all posts
Showing posts with label သတ်သေ. Show all posts

Tuesday, November 15, 2022

ဘူးသီးတောင်၌ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦး လက်ပစ်ဗုံး ဖောက်ခွဲပြီး သတ်သေ

DVB
15 November, 2022 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ နယ်ခြားစောင့်တပ်ဖွဲခွဲ နခခ (၈) တပ်ဖွဲ့ဝင်တယောက်ဟာ နိုဝင်ဘာ ၁၄ ရက် မနက် ၁၀ နာရီလောက်က လက်ပစ်ဗုံးဖောက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ရဲတပ်ရင်းနှင့်နီး စပ်သူတွေဆီက သိရပါတယ်။

"မနေ့က မနက်ပိုင်းမှာဖြစ်သွားတာ လို့သိရတယ်။ လက်ပစ်ဗုံးဖောက်ပြီး သတ်သေသွားတာတဲ့။ သေဆုံးတာ တ ယောက်တည်း၊ နောက်ထပ်တပ်ဖွဲ့ဝင်တွေ မပါဘူးလို့ သိရတယ်။ ဘယ်လိုဖြစ်သွားလဲတော့ မသိဘူး။ သူက အ ရက် သေစာလည်း မသောက်စားတတ်ဘူး။ လူနဲ့လည်း ရန်ဖြစ်တာမရှိဘူး” လို့ အမည်မဖော်လိုတဲ့ရဲအရာရှိတဦး က အတည်ပြုပြောပါတယ်။

Monday, March 11, 2019

နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ ရဲမှူး ၁ ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေ

DVB
10 March 2019
ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တော်မြို့နယ် တောင်ပြိုနယ်မြေမှာ တာဝန်ထမ်းနေတဲ့ နယ်မြေမှူးတဦး မတ်လ ၉ ရက်နေ့ မနက်က ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ တာဝန်ရှိသူ တဦး ကပြောပါတယ်။

သေဆုံးသွားသူဟာ မောင်တောမြို့နယ် တောင်ပြိုနယ်မြေ (၃) အမှတ် (၁) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (တောင် ပြိုယာ) မှ နယ်မြေမှူး ရဲမှူးငွေစိုး ဖြစ်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */