Showing posts with label ကျီးကန်းပြင်. Show all posts
Showing posts with label ကျီးကန်းပြင်. Show all posts

Thursday, May 9, 2024

မောင်တောဒေသတွင် အရေးပါသည့်တံတားများအား စစ်ကောင်စီဖျက်ဆီးနေ

BNI
Thursday, May 09, 2024 


ရခိုင်ပြည်၊ မောင်တောဒေသတွင် AA ထိုးစစ်ကြောင့် တပ်ရင်း၊ တပ်မနှင့် တပ်စခန်းအများအပြား ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောတံတားများကို ဆက်တိုက်ဖျက်ဆီးနေပြီး ၃ ရက်အတွင်း တံတား ၃ စင်း ကျိုးကျသွားပြီဖြစ်သည်။

Wednesday, December 21, 2016

မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှု အမျိုးမျိုး တွေ့ရ

VOA
21 ဒီဇင်ဘာ၊ 2016
ထက်အောင်
အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန် ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ လက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေမှာ လူ့အခွင့် အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့စွတ်စွဲချက်တွေအပေါ် ဒေသခံတွေဖက်က ပြောဆိုမှု အမျိုး မျိုးဖြစ်နေ တာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရမယ်လို့ အဲဒီမှာ ပါသွားတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ် မေးမြန်း ထား တာပါ။

Friday, November 18, 2016

( 17.11.2016 ) ထိန်းသိမ်းထားသူတစ်ဦးကျန်းမာရေးမကောင်းသဖြင့် ဆေးကုသပေးလျက်ရှိ



ထိန်းသိမ်းထားသူတစ်ဦးကျန်းမာရေးမကောင်းသဖြင့် ဆေးကုသပေးလျက်ရှိ
 
အမှတ် (၂) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ဒုရဲအုပ်တစ်ဦးဦးစီးသည့်ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၄ ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်တွင် မောင်တောမြို့နယ်၊ မြဇင်ကျေးရွာသို့ နယ်မြေ ရှင်းလင်းစဉ် အဆိုပါကျေး ရွာနေ အဒူဟာမီ၏နေအိမ်အတွင်းမှတုတ်၊ ဓါးများ ကိုင်ဆောင်ထားသည့် မသင်္ကာသူ ၁၄ ဦးအား စစ်ဆေး ဖမ်းဆီး ရမိခဲ့ပြီးအမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်) တွင် ထိန်းသိမ်းထားခဲ့သည်။ အဆိုပါ အဖွဲ့မှ လောင်းဒုံကြက်ချောင်း ကျေးရွာနေ အီဒီရက်စ် (၂၅) နှစ် (ဖ) ရှောင်ရှူ အာလောင် ဆိုသူ သည် သွေး အားနည်း ရောဂါ ခံစားနေရသဖြင့် ဆေးတပ်စုမှ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး။

Sunday, October 9, 2016

ရခိုင်တိုက်ခိုက်ခံရမှု ၁၇ ဦးသေ

BBC
၉ အောက်တိုဘာ ၂၀၁၆
မောင်တော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲတပ်ဖွဲ့ တိုက်ခိုက်ခံရ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်က နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်အပါအဝင် ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေက နယ်ခြားစောင့်ရဲ နယ်မြေရုံးတွေ အကြမ်းဖက် စီးနင်းတိုက်ခိုက်ခံရပြီး လက်နက်တွေ လုယူခံရတယ်လို့ အစိုးရက အတည်ပြုပြောကြားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */