ဝင်းမင်
27 မတ်၊ 2021
မှတ်တမ်းဓါတ်ပုံ- ၂၀၁၉ စက်တင်ဘာတုန်းက ၄၂ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ အစီရင်ခံတင်ပြနေတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရား အဖွဲ့ ဥက္ကဌ Nicholas Koumjian
မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ အထောက်အထား၊ မှတ်တမ်းတွေကို နိုင်ငံထဲ သွားခွင့် မရသေးပေမဲ့လည်း စတင်စုဆောင်းနေပြီလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အကြီးအကဲက ပြောလိုက်ပါတယ်။