Showing posts with label ကျောက်တော်မြို့. Show all posts
Showing posts with label ကျောက်တော်မြို့. Show all posts

Wednesday, November 15, 2023

AA တပ်ဖွဲ့ဆီ စစ်ကောင်စီလက်အောက်ခံ နှစ်ဆယ်ဝန်းကျင် ထပ်မံလက်နက်ချ

dna
Delta News
November 15, 2023 

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ သုံးရက်မြောက် ဒီကနေ့နဲ့ မနေ့က ညပိုင်းတို့မှာရခိုင်အခြေ စိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဆယ်ဝန်းကျင်လောက် ထပ်မံလက်နက်ချခဲ့ကြသလိုစခန်းစွန့်ခွာသွားသူ တွေ လည်းရာချီရှိနေတယ်လို့ AAနဲ့နီးစပ်သူတွေ၊ဒေသခံတွေကပြောကြပါတယ်။

Saturday, April 18, 2020

ကျောက်တော်ပစ်ခတ်မှု ကလေး ၁ ဦးသေဆုံး၊ ရိုဟင်ဂျာ ၅ ဦးအပါအဝင် ၁၁ ဦးဒဏ်ရာရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
2020-04-17
 ရခိုင်ပြည်နယ် ကျောက်တော်မြို့အဝင် ကစ္ဆပ နဒီတံတားနဲ့ ကားဂိတ်ကြားမှာ မနေ့က တပ်မတော် စစ် ကြောင်း တစ်ခုကနေ ပစ်ခတ်လို့ ကလေး ၁ ဦးသေဆုံးပြီး နောက်ထပ် လူ ၁၁ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြ တာလို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

Wednesday, January 1, 2020

ကျောက်တော်မှာ မြို့တွင်းတိုက်ပွဲတွေဆက်ဖြစ်

B B C
ဘီဘီစီ မြန်မာပိုင်း
31 ဒီဇင်ဘာ 2019
ဒီဇင်ဘာလတစ်လတည်းမှာ မြို့တွင်းတိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့

ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေက ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေ တို့ကြားတိုက်ပွဲတွေဟာ လူစည်ကားရာမြို့ပေါ်ကိုထိ ကျယ်ပြန့်လာနေပါတယ်။

Thursday, November 14, 2019

ကျောက်တော်မှာ စစ်ယာဉ်တန်း မိုင်းခွဲခံရလို့ တပ်ရင်းမှူး ကျဆုံး

B B C
ဘီဘီစီ မြန်မာပိုင်း
14 နိုဝင်္ဘာ 2019
တပ်မတော်နဲ့ အေအေ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ နိုဝင်ဘာလ ၁၃ ရက်က ကျောက်တော်က တပ်ရင်းမှူး တစ်ဦး မိုင်းခွဲ တိုက်ခိုက်ခံရပြီး ကျဆုံးသွားတယ်လို့ ရခိုင်က ဘီဘီစီ သတင်း ထောက်က ပြောပါတယ်။

Thursday, August 29, 2019

ရခိုင်မြောက်ပိုင်း တိုက်ပွဲ ပြင်းထန်နေလို့ ရန်ကုန်-စစ်တွေလမ်းပိုင်းပိတ်

B B C
ဘီဘီစီ မြန်မာပိုင်း
28 ဩဂုတ် 2019

ရခိုင်ပြည်နယ် မြောက်ပိုင်း မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ရန်ကုန်-စစ်တွေကားလမ်းက မြောက်ဦး-ကျောက်တော် လမ်းပိုင်းကို ယာယီပိတ်ထားပါတယ်။

Wednesday, August 21, 2019

ကျောက်တော်ရဲမှူး ဓားထိုးခံရ၊ တရားခံမမိသေး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-08-20
 ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြေပုံကို တွေ့ရစဉ်
 
စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ မှူး စောသန်းလွင်ဟာ မနေ့ညနေက ဓားထိုးခံရပြီး ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထား ရပါတယ်။

Tuesday, July 9, 2019

ကျောက်တော် ကစ္ဆပနဒီတံတားအနီးတွင် တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားဟု AA ပြော

ကျောက်တော်မှာ မြန်မာစစ်တပ်ယာဉ်တန်း တိုက်ခိုက် ခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန)
09 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
 ရခိုင်ပြည်နယ် ဘူးသီးထောင်မှာ တပ်စွဲထားသော မြန်မာစစ်သားများ (သြဂုတ်၊ ၂၉၊ ၂၀၁၇) 

ရခိုင်မြောက်ပိုင်း ကျောက်တော်မြို့နယ်တွင်းက ကစ္ဆပနဒီ တံတားအနီးမှာ မြန်မာတပ်မတော် ယာဉ်တန်း ဗုံးခွဲတိုက် ခိုက်ခံရလို့ ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။ တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် အနီးအနားမှာရှိတဲ့ ရွာသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး စစ်ဆေးတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်း  ထောက် ကိုနိုင်ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။

Sunday, July 7, 2019

ကျောက်တော်မြို့မှ ဘုန်းတော်ကြီးကျောင်းတစ် ကျောင်း ဝင်ရောက် ရှာဖွေခံရ

နိရဉ္စရာ
သိန်းဇော် (မောင်တော)
စစ်တွေ၊ ဇူလိုင် ၆/၂ဝ၁၉ 
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မြို့သစ်မှန်ကျောင်းအား ယမန်နေ့ ညနေ ၇ နာရီခန့်က စစ်တပ်၊ရဲနှင့် သာသနာရေးဦးစီးတို့က လာရောက်ရှာဖွေခဲ့ကြောင်း သတင်းရရှိသည်။

Sunday, June 30, 2019

ကျောက်တော်မြို့နယ်ထဲက ကျေးရွာအုပ်ချုပ်ရေးမှူး ၁၄ ဦး နုတ်ထွက်စာတင်

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-30
 ၇ခိုင်ပြည်နယ် ကျောက်တော်မြို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို တွေ့ရစဉ်
Photo: Kyaw Hlamyint
                                        
ရခိုင်ပြည်နယ်ထဲက မြို့နယ်အတော်များများမှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေ ထဲကိုလည်း တပ်မတော်နဲ့ AA တို့ ဝင်ထွက်သွားလာလှုပ်ရှားတာမျိုးတွေရှိနေကြပါတယ်။

Friday, June 28, 2019

ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ ကုန်တင်ကားတွေ မိုင်းခွဲတိုက်ခိုက်ခံရ

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-06-28
 မိုင်းခွဲခံရတဲ့ ICRC အဖွဲ့ရဲ့ ကားကို ၂ဝ၁၉ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - ရဲဇာနည် 

                                     

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ မဟာမုနိလမ်းဆုံအနီးမှာ ဇွန်လ ၂၇ ရက်နေ့ မနေ့ညက အပြည်ပြည် ဆိုင် ရာ ကြက်ခြေနီ ကော်မတီ ICRC ရဲ့ ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်လာတဲ့ ကုန်တင်ယာဉ်တန်း မိုင်းဆွဲ တိုက် ခိုက်ခံရတာနဲ့ပတ်သက်ပြီး အစိုးရတပ်မတော်နဲ့ AA တို့ အပြန်အလှန်စွပ်စွဲနေကြပါတယ်။

Tuesday, June 18, 2019

ကျောက်တော်မြို့နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ ထပ်မံနုတ်ထွက်

VOA  
ဗွီအိုအေ (မြန်မာဌာန)
ကိုနိုင်ကွန်းအိန်
18 ဇွန်၊ 2019
  ကျောက်တော်အုပ်ချုပ်ရေးဦးစီးဌာန (သတင်းဓာတ်ပုံ - မောရမြီ ကျော်လှမြင့်)

စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ လုံခြုံရေး စိုးရိမ်မှုကြောင့် နောက်ထပ် အုပ် ချုပ်ရေးမှူး ၁၁ ဦး နုတ်ထွက်စာ တင်လိုက်ပါတယ်။ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေချိန်မှာပဲ အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်နေကြတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ် လို့လည်း ဒေသခံတွေက ပြောပါတယ်။ မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်က နောက် ဆုံး အခြေ အနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထား ပါ တယ်။

Saturday, June 15, 2019

AA လို့သံသယရှိသူ ၂၅ ဦးကို ကျောက်တော်ရဲစခန်း မှာ စစ်ဆေးနေ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-15
 ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ်၊Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်နဲ့ ရန်အောင်ပြင်ရွာအနီးမှာ AA လို့ယူဆရသူ ၂၅ ဦးတို့ ကို တပ်မတော်က ကျောက်တော်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးနေပါတယ်။

Tuesday, June 4, 2019

ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ နုတ်ထွက်စာတင်

နိရဉ္စရာ
မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇွန် ၄/ ၂၀၁၉

 ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ကျေးရွာတာဝန်ခံတစ်ဦးတို့အား ဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၅ဝ ဦးသည် တာဝန်မှ နုတ်ထွက်စာတင်လိုက်ကြကြောင်း သိရသည်။

Thursday, May 30, 2019

ကျောက်တော်ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတဦး ဖမ်းဆီးခံရ

VOA  
ဗွီအိုအေ (မြန်မာဌာန
နိုင်ကွန်းအိန်
30 မေ၊ 2019
စစ်ရေးပဋိပက္ခဖြစ်ပွါးနေဆဲ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ရခိုင်လက်နက်ကိုင်AAအဖွဲ့တို့အကြား တိုက်ပွဲဖြစ် ပွါးနေဆဲဖြစ်သလို ဒေသခံရွာသားတွေလဲ AAအဖွဲ့နဲ့ဆက်နွယ်နေတယ်ဆိုပြီး သံသယနဲ့ ဖမ်း ဆီးခံနေရတာပါ။ မနေ့ ညနေပိုင်းက ကျောက်တော်မြို့နယ်၊ မင်းသားတောင်ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာ သားတစ်ဦးကို တပ်မ တော်ကနေ ဖမ်းဆီးသွားပြီး ကနေ့အထိပြန်လည်လွတ်မြောက်လာ တာမရှိ တာ ကြောင့် မိသားစုဝင်တွေစိုးရိမ်နေကြတယ်လို့ ဒေ သခံတွေကပြောပါတယ်။ တပ်မတော်ဖက်ကတော့ လို အပ်ချက်အရ စစ်ဆေးမေးမြန်းဖို့ခေါ်တာလို့ပြောပါတယ်။ ဒါ့အပြင်ဒေသအတွင်းမှာလဲ နှစ်ဖက်တိုက်ပွဲ တွေဖြစ်ပွါးနေဆဲအခြေအနေရှိနေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် နိုင်ကွန်းအိန်ကနေ ဆက် သွယ်မေးမြန်းသတင်းပေးပို့ထားပါတယ်။

Tuesday, May 28, 2019

အစိုးရ၏ စစ်ဘေးရှောင်စခန်းများတည်ဆောက်ရေး ကျောက်တော်မြို့နယ်မှ စခန်းများ မပါဝင်၍ စခန်းနေ သူတို့စိတ်ပျက်

နိရဉ္စရာ
နိရဉ္စရာ၊ မေလ ၂၈/ ၂၀၁၉

ရခိုင်ပြည်နယ် အစိုးရမှ စစ်ဘေးရှောင်စခန်းတစ်ချို့ကို တည်ဆောက်ရန် စီစဉ်နေရာ ထိုအထဲတွင် မြိုတိုင်း ရင်း သား စစ်ဘေးရှာင် ၁၀၀၀ ကျော်နေထိုင်သည့် ဝါးတောင်စခန်းမပါဝင်သဖြင့် စိတ်ပျက်မိကြောင်း စခန်း ခေါင်း ဆောင်များက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

Saturday, May 25, 2019

ကျောက်တော်မြို့နယ် ချောင်းတူကျေးရွာမှ လူငယ် တစ်ဦး မိုင်းနင်းမိ၍ ဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊မေ ၂၄/၂၀၁၉
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာတွင် လူငယ်တစ်ဦးမိုင်းနင်းမိပြီး ဒဏ်ရာ ရရှိ သွားကြောင်း သတင်းရရှိသည်။

Monday, May 20, 2019

ပစ်ခတ်မှု ဖြစ်ပွား၍ ကျောက်တော်တွင် အမျိုးသမီး ငယ်တစ်ဦးသေဆုံး၊ သားမိ ၄ ဦးဒဏ်ရာရ

နိရဉ္စရာ
သိန်းဇော်(မောင်တော)
နိရဉ္စရာ၊ မေလ ၂၀/၂၀၁၉

 (ဓာတ်ပုံ- သေဆုံးခဲ့ရသူ မအသိန်းချေ (အပေါ်ပုံ)၊ စစ်တွေဆေးရုံတွင် ဆေးကုသနေရသည့် မောင်ခိုင်လင်းဌေး
 
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွား၍ အသက်(၁၀) နှစ်အရွယ် မိန်းခ လေးငယ် တစ်ဦးသေဆုံးပြီး သားမိ ၄ ဦး ဒဏ်ရာရရှိသွားခဲ့ကြောင်း သတင်းရရှိသည်။

ကျောက်တော်မြို့နယ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီး အရပ် သားတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-05-20
 ကျောက်တော်မြို့နယ် မျောက်တောင်ရွာနှင့် မာလာတောင်ရွာအကြားတွင် ၂ဝ၁၉ မေလ ၁၉ ရက်နေ့က ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် ဒဏ်ရာရခဲ့သည့် မာလာတောင်ရွာသား အသက်သုံးနှစ်အရွယ်ကလေးငယ်။
 Photo: ဖြူစင်မေတ္တာပရဟိတအသင်းကျောက်တော်မြို့) 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် မျောက်တောင်နဲ့မာလာတောင်ကျေးရွာကြားမှာ မနေ့ကပစ်ခတ်မှု ဖြစ်ပွားတဲ့အတွက် မိန်းကလေးငယ်တစ်ဦး သေဆုံးပြီး၊ နောက်ထပ်ကလေးငယ်တစ်ဦးနဲ့ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Saturday, May 18, 2019

ကျောက်တော်မြို့နယ်က ကျေးရွာတာဝန်ခံကို AA အဖွဲ့နဲ့ဆက်နွယ်တယ် ဆိုပြီးဖမ်းဆီး

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-18
 ကျောက်တော်မြို့ အဝင်ကို တွေ့ရစဉ် Photo: Min Thein Aung/RFA 

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည်ကျေးရွာ တာဝန်ခံ ဦးသိန်းစိုးအောင်ကို ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးလိုက်ပြီး တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */