Showing posts with label ပြောက်ကျားစစ်ပွဲ. Show all posts
Showing posts with label ပြောက်ကျားစစ်ပွဲ. Show all posts

Monday, June 14, 2021

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၁)

ဧရာဝတီ
By မောင်မောင်စိုး 
11 June 2020

ရခိုင်ပြည်နယ်အရေးဟုဆိုလျှင် ရခိုင်ပြည်နယ်ရှိ စစ်ပွဲသည် ထိပ်ဆုံး ရောက်နေသည့် ပြဿနာဖြစ်သည်ဟု ဆိုခြင်းနှင့် ပတ်သက်၍ ငြင်းပယ်ရန် မရှိပေ။ လက်ရှိ မြန်မာပြည်၏ ပြည်တွင်းစစ် (တပ်မတော်မှ သောင်း ကျန်းသူ နှိမ်နင်းရေးစစ်ပွဲဟု သုံးပါသည်) တွင် အပြင်းထန်ဆုံး ဖြစ်ပွားနေသည်မှာ ရခိုင်စစ်မြေပြင်တွင် ဖြစ် သည်။

Tuesday, June 23, 2020

ရခိုင်စစ်ပွဲနှင့် သူ၏ဇာတ်ကောင်များ (အပိုင်း ၇)

ဧရာဝတီ
ဆောင်းပါး
By မောင်မောင်စိုး
23 June 2020
ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ် / အောင်ကျော်ထက် / ဧရာဝတီ


ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများရှိသည်အနက် လက်ရှိ အအောင်မြင်ဆုံးနှင့် ရခိုင်လူထုကြား သြဇာအရှိ ဆုံး ပါတီမှာ ANP ရခိုင်အမျိုးသားပါတီ ဖြစ်သည်။ ပထမအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံတွင် ANP ပါတီကတင်သွင်း သော စာတမ်း အရ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ ANP ပါတီ လိုချင်သော နိုင်ငံရေးရည်မှန်း ချက် မှာ ကွန်ဖက် ဒရိတ် အဆင့်အတန်း ဖြစ်သည်ကို တွေ့ရသည်။ ANP နှင့် AA လျှောက်လှမ်းသည့် ပုံစံမတူ သော်လည်း နိုင်ငံရေး ရည်မှန်းချက်မှာ ယေဘုယျ အားဖြင့် တူညီသည်ဟု ဆိုနိုင်သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */