Showing posts with label ရသေ့တောင်. Show all posts
Showing posts with label ရသေ့တောင်. Show all posts

Friday, July 5, 2019

ရသေ့တောင်မြို့နယ် အမြတ်တောင်ရွာ မီးရှို့ခံရမှု ဖြစ်ပွား

RFA 
လွတ်လပ်တဲ့ အာရှအသံ 
2019-07-05

ရသေ့တောင်မြို့အ၀င်ကို တွေ့ရစဉ်  Photo: RFA


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရကအင်တာနက်ပိတ်ပြီး ၁၅ ရက်အကြာ ဒီကနေ့မှာ မြန်မာ့တပ်မေ တာ် က ရသေ့တောင်မြို့နယ် အမြက်တောင်ရွာကို နယ်မြေရှင်းလင်းရေးဝင်လုပ်ရင်း ရွာကိုမီးရှို့သွားတယ်လို့ ဒေသခံရွာသားတွေက ပြောကြပါတယ်။

RFA သတင်းထောက် ကိုထက်အာကာ တင်ပြထားပါတယ်။ 

Link :https://www.rfa.org/burmese/program_2/amyattaung-village-fire-07052019092041.html 

Sunday, February 17, 2019

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မြန်မာ တပ်မတော်နဲ့ ရခိုင် တပ်မတော် အေအေတို့အကြား တိုက်ပွဲ ဖြစ်ပွား


ဘီဘီစီ မြန်မာပိုင်း
 နေ့စွဲ့၊၁၇-ဖေဖေါ်ဝါရီလ ၂၀၁၉


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အတွင်း မြန်မာတပ်မတော်နဲ့ ရခိုင် တပ်မတော် အေအေတို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ သလို ပုဏ္ဍားကျွန်းမြို့နယ် အတွင်း ရန်ကုန်-စစ်တွေကားလမ်းပေါ်မှာလည်း မိုင်းခွဲ တိုက် ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

Wednesday, February 6, 2019

သမီးလှကျေးရွာက ကလေးတစ်ဦး သေဆုံးမှု အရေးယူပေးဖို့ မိဘတွေတောင်းဆို

လက်နက်ကြီးအစမှန်ပြီး သေဆုံးသွားတဲ့ ရသေ့တောင်မြို့နယ် သမီးလှကျေးရွာက အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးရဲ့ ရုပ်အလောင်းကို ၂၀၁၉၊ ဇန်နဝါရီ ၂၉ ရက်နေ့က သယ်ဆောင်လာစဉ် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က ကျည်ထိမှန်ပြီး သေ
ဆုံး ခဲ့ ရတဲ့ အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးနဲ့ ပတ်သက်လို့ တပ်မတော်က တာဝန်ရှိသူကို အရေးယူ
ပေး ဖို့ သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေက တောင်းဆိုလိုက်ပါတယ်။
သေဆုံးသူ မောင်နိုင်စိုးရဲ့မိဘတွေကို RFA က မနေ့က တွေ့ဆုံမေးမြန်းခဲ့ရာမှာ အဲဒီလို ပြောဆိုလိုက် တာပါ။

Monday, January 28, 2019

ရသေ့တောင်မြို့နယ်က တိုက်ပွဲအခြေအနေ


 

■ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာအနီးမှာ ဒီနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကျေးရွာသားတွေ ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားနေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ပတ်သက်လို့ RFA သတင်းထောက် ကိုမင်းသိန်းအောင် က တင်ပြထားပါတယ်။

သမီးလှရွာခံ ၃ဦး ရိုက်နှက်ခံရတယ်လို့ ပြော

                                                ရိုက်နှက်ခံရတဲ့ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်က သမီးလှရွာသားတွေကို တွေ့ရစဉ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှကျေးရွာမှာ ဇန်နဝါရီလ ၂၆ ရက်နေ့က တပ်မတော်သားတွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးဟာ ရသေ့တောင် ပြည်သူ့ဆေးရုံမှာ မနေ့က ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။ဇန်နဝါရီ ၂၆ ရက်နေ့ က သမီးလှကျေးရွာအနီးမှာ ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်မတော်တို့တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ရသေ့တောင်မြို့နယ် အုန်းချောင်းရွာအနီးတွင် တိုက်ပွဲဆက်ဖြစ်

နိရဉ္စရာ၊ ဇန်န၀ါရီ ၂၈

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ပိုင်း အုန်းချောင်းကျေးရွာအနီးတွင် ယနေ့ နံနက် ၈နာရီမှ စပြီး တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောကြားသည်။

Saturday, January 26, 2019

ရသေ့တောင်မြို့နယ် သမီးလှနှင့် အိုးဖောက် ကျေးရွာ အကြား တိုက်ပွဲဖြစ်ပွား

26 January 2019
နိရဉ္စရာ၊ ဇန်န၀ါရီ ၂၆


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မြောက်ဘက် အိုးဖောက်ကျေးရွာနှင့် သမီးလှ ကျေးရွာအကြား ယနေ့ နံနက် ၉ နာရီမှ စတင် တိုက်ပွဲ ဖြစ်ပွားနေကြောင်း ဒေသခံများက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

Tuesday, January 22, 2019

ရသေ့တောင်တွင် ပိတ်လှောင်ခံထားရသည့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်အခဲ ကြုံတွေ့နေရ

ရန်နိုင် Rohingya Today

 
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အတွင်း ကျန်ရှိနေသည့် ရိုဟင်ဂျာများသည် လွတ်လပ် စွာ သွားလာခွင့် မရှိသဖြင့် အလုပ်အကိုင် အခွင့်အလမ်းမရှိဘဲ ရွာထဲတွင် ပိတ်လှောင်ခံထားရကာ စား ဝတ် နေရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေရသည်။

Saturday, January 12, 2019

ရခိုင်စစ်ဘေးရှောင်တွေ အရေးပေါ်အကူ အညီ လိုအပ်နေ

ထောက်‌ပံ့ကူညီမှု လိုအပ်နေသော ရ‌သေ့‌တောင်‌မြို့နယ်‌၊ သက်‌ပြည်‌ကျ စစ်‌‌ဘေး‌ရှောင်‌ စခန်း။ (ဇန်န၀ါရီ ၁၂၊ ၂၀၁၉ ဓာတ်ပုံ - Rakhine Ethnics Congress)

ရခိုင်ပြည်နယ်ထဲဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ AA တို့အကြား ရင် ဆိုင်တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးလာနေကြတဲ့ ရခိုင်ဒေသခံတွေအတွက် လိုအပ်တဲ့ကျန်း မာရေး စောင့်ရှောက်မှုတွေ အရေးပေါ်ကူညီပေးနေတယ်လို့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါ တယ်။ ဒါပေမဲ့လို့ ထောင်ချီတဲ့ဒုက္ခသည်တွေအတွက်သောက်သုံးရေအရေးပေါ်လိုအပ်နေပြီး ရာသီဥတုဆိုး ဝါးတဲ့ ဒဏ်ကြောင့် နေထိုင်ရေး၊ အခြေခံလိုအပ်ချက် စားနပ်ရိက္ခာအခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ကူ ညီ ကယ်ဆယ်ပေးနေသူတွေကပြောပါတယ်။ နောက်ဆုံးအခြေအနေကို မဆုမွန် စုစည်းတင်ပြထားပါတယ်။

Tuesday, May 8, 2018

( 08.05.2018 ) ကျပ်သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွ ဆေးပြားပေါင်း ၁၇ သိန်းကျော် ဖမ်းဆီးရမိ ( အင်္ဂလိပ် - မြန်မာ )


ကျပ်သိန်းပေါင်း ၄၈၀၀၀ တန်ဖိုးရှိ WY စာတမ်းပါ စိတ်ကြွဆေးပြားပေါင်း ၁၇ သိန်းကျော် ဖမ်းဆီးရမိ
မေ ၈၊ ၂၀၁၈

WY စာတမ်းပါ စိတ်ကြွဆေးပြားများကို သ၀န်ချောင်းကင်းစခန်း၌ ယနေ့နံနက်ပိုင်းတွင် ဖမ်းဆီးရ မိခဲ့ ကြောင်း သိရသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */