Showing posts with label တရားရုံး. Show all posts
Showing posts with label တရားရုံး. Show all posts

Friday, February 14, 2025

မြန်မာစစ်ခေါင်းဆောင် အပါအဝင် ၂၅ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

RFA
RFA Burmese
2025.02.14

နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလက မြန်မာနှင့် ဂမ်ဘီယာအမှု ကြားနာနေချိန်အတွင်း တရားရုံးရှေ့ ၌ ဆန္ဒပြနေသူတစ်ဦး။
Updated 5:26 PM Feb 14, 2025

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်စပ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်က အရာရှိ ကြီး၊ ငယ် ၂၃ ဦးနဲ့ အဲဒီအချိန်က အစိုးရအဖွဲ့ကိုယ်စား တာဝန်ရှိတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးက ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ယူကေ (BROUK) RFA ကို ဒီနေ့ ပြောပါတယ်။

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံး ဖမ်းဝရမ်းထုတ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းအပါအဝင် စစ်တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK)က ဖေဖော်ဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

Tuesday, December 12, 2023

ပုလဲမြို့နယ် NUG တရားရုံး ဗုံးကြဲခံရ၊ တရားသူကြီးအပါ အဝင် ၆ ဦး သေဆုံး

Myanmar Now
မောင်ရွှေဝါ , လင်းထင်
December 12, 2023
 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာကို စစ်ကောင်စီလေတပ်က ယနေ့ (ဒီဇင်ဘာ ၁၂) မွန်း တည့် ချိန် တွင် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မြို့နယ်တ ရား သူ ကြီး အပါအဝင် ၆ ဦး သေဆုံး၊ ၃ ဦး အပြင်းအထန် ဒဏ်ရာရသည်ဟု သိရသည်။

ယောဒေသနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းအနောက်တောင်ဘက်ခြမ်းရှိ ထိုရွာတွင် အခြေစိုက် သော မြို့နယ်တရားရုံးကို ဗုံး ၄ လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်တရားရေးတာဝန်ရှိ သူတစ်ဦး နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ခေါင်းဆောင် ဦးဇော်ထက်တို့ထံမှ သိရ သည်။

Sunday, June 11, 2023

အာဂျင်တီးနား တရားရုံးတွင် ရိုဟင်ဂျာ နှိမ်နင်းမှုအပေါ် သက်သေ စ ထွက်

ဧရာဝတီ
8 June 2023

၂၀၂၁ ခုနှစ် အာဂျင်တီးနား တရားရုံးတွင် တွေ့ရသော မောင်ထွန်းခင်နှင့် သူ့ရှေ့နေ / AFP

မြန်မာစစ်တပ်အပေါ် စွပ်စွဲထားသည့် ရာဇဝတ်မှုများနှင့် ပတ်သက်ပြီး အာဂျင်တီးနား တရားစီရင်ရေး စုံစမ်းစစ် ဆေးမှု တစိတ်တပိုင်းအနေဖြင့် မြန်မာနိုင်ငံမှ ရိုဟင်ဂျာ မူဆလင် လူနည်းစုဝင်များက ဗုဒ္ဓဟူးနေ့ (ဇွန် ၇ ရက်) တွင် ပထမဆုံး အကြိမ် လူကိုယ်တိုင် လာရောက် ထွက်ဆိုခဲ့ကြောင်း သိရသည်။

တံခါးပိတ်ကြားနာမှုသည် မြန်မာနိုင်ငံရှိ “လူတိုင်းအတွက် သမိုင်းဝင်နေ့တနေ့” ဖြစ်ကြောင်း ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ မောင်ထွန်းခင်က ပြောသည်။

Saturday, June 10, 2023

လူမျိုးတုံး သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး အာဂျင်တီးနားတရား ရုံးတွင် ရိုဟင်ဂျာများ သက်သေထွက်ဆို

DVB
June 8, 2023 

အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရိစ်မြို့ရှိ တရားရုံးမှာ ရိုဟင်ဂျာမွတ်ဆလင် လူနည်းစုအဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး ဇွန် ၇ ရက်က ပထမဆုံးအကြိမ်အဖြစ် လူကိုယ်တိုင် သက်သေထွက် ဆိုခဲ့ကြတယ်လို့ တက်ကြွလှုပ်ရှားသူတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

ဒါဟာ မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်မှာ အာဂျင်တီးနားနိုင်ငံ ရဲ့ တရားရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

Thursday, December 2, 2021

ရိုဟင်ဂျာလူမျိုးတုန်းသတ်မှုဖြင့် မြန်မာစစ်ခေါင်းဆောင်များ ကို အမှုစစ်ဆေးရန် အာဂျင်တီးနား တရားရုံးက သမိုင်းဝင် ဆုံးဖြတ်

မဇ္ဈိမ
28 November 2021

ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မြန်မာအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လက် ရှိအာဏာသိမ်းစစ်အုပ်စု အကြီးတန်းခေါင်းဆောင်ပိုင်းအပါအဝင် မြန်မာစစ်တပ်အပေါ် တရားရုံးအမှု ဖွင့်လှစ် ကြားနာစစ်ဆေးသွားရန် သမိုင်းဝင်ဆုံးဖြတ်ချက်တစ်ရပ်ကို အာဂျင်တီးနား တရားရုံးက ချမှတ်ခဲ့ ကြောင်း ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က နိုဝင်ဘာ ၂၈ ရက်တွင် ပြောသည်။

Tuesday, November 30, 2021

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုစွဲချက် အာဂျင်တီးနား တရားရုံးလက်ခံ

VOA
ဗွီအိုမေ မြန်မာပိုင်း
စုမြတ်မွန်
29 နိုဝင်ဘာ၊ 2021

ရိုဟင်ဂျာအရေးတရားစွဲဖို့ ကြိုးပမ်းနေသူ ဗြိတိန်နိုင်ငံအခြေစိုက် မြန်မာရိုဟင်ဂျာများအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းခင်နဲ့ ရှေ့နေ ကင်တာနား (ဓာတ်ပုံ-ဦးထွန်းခင်)

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုန်းရှင်းလင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို စစ်ဆေးဖို့ အာဂျင်တီးနားနိုင်ငံ ရာဇဝတ်မှုဆိုင်ရာ ပြည်ထောင်စုတရားရုံးက လက်ခံ လိုက်ပါတယ်။ ဒါဟာ ရိုဟင်ဂျာတွေအတွက်တင်မကဘဲ မြန်မာတနိုင်ငံလုံးအတွက် ထူးခြားအရေးပါတယ်လို့တရား စွဲသူတွေဘက်က ပြောလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

Monday, November 29, 2021

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုး တုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီးနားတရား ရုံးက လက်ခံ အမှုစစ်ဆေးမည်၊

Khit Thit Media
ရန်ကုန်၊ နိုဝင်ဘာ ၂၈

မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုမှုကို အာဂျင်တီးနားတရားရုံးက လက်ခံ အမှုစစ်ဆေးမည်၊ ICC တရားရုံးနှင့်အာဂျင်တီးနား တရားရုံး ညှိနှိုင်းဆွေးနွေးမှုများရှိနေ
ရန်ကုန်၊ နိုဝင်ဘာ ၂၈
မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို လူမျိုးတုန်းသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များကို အာဂျင်တီးနားတရားရုံးတွင် တရားစွဲဆိုထားမှုကို လက်ခံလိုက်ပြီး အမှုကို စစ်ဆေးမည်ဖြစ်ကြောင်း အာဂျင်တီးနား တရားရုံးက တရားဝင် ပြောဆိုလိုက်ကြောင်း သိရှိရသည်။

Friday, December 6, 2019

ICJ တရားရုံးမှာ မြန်မာဘက်က ဘယ်လို ချေပနိုင်ဖွယ်ရှိလဲ

B B C
ဘီဘီစီ မြန်မာပိုင်း
5 ဒီဇင်ဘာ 2019
 
 
နိုင်ငံတကာတရားရုံး ICJ ကို လူမျိုးတုံးစေမှု ဂျီနိုဆိုက်နဲ့ မြန်မာကို တရားစွဲတဲ့ ဂမ်ဘီယာ နိုင်ငံကိုယ်စားလှယ်လည်း ဖြစ် ဂမ်ဘီယာ ရဲ့တရားရေးဝန်ကြီးလည်း ဖြစ်တဲ့ ရှေ့နေ အဘူဘာကာ မရီး တမ်ဘာဒူး က သူ သိရတဲ့ ဇာတ်လမ်းတွေက ကမ္ဘာမှာ အရင်က ဖြစ်ခဲ့တဲ့ ဂျီနိုဆိုက် အဖြစ်တွေလိုပဲ လို့ ပြောပါတယ်။

မြန်မာ ပျက်ကွက်လဲ အာဂျင်တီးနားတရားရုံးက ဆက်လက် ကြားနာသွားမည်

VOA
ဗွီအိုအေ (မြန်မာဌာန)
06 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
 အာဂျင်တီးနားလူ့အခွင့်အရေး ရှေ့နေ Tomas Ojea Quintana နဲ့ Skype ကနေ ဆက်သွယ်မေးမြန်းမှု

 မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ခေါင်းဆောင်တွေက ခုခံချေပဖို့ မရှိဘူးဆိုရင်လည်း အာဂျင်တီးနာတရား ရုံးက သူတို့တိုင်ကြားချက်ကို လက်ခံမယ်ဆိုရင် အမှုကိုဆက်လက်စီရင်သွားနိုင်ကြောင်း လူ့အခွင့် အရေးရှေ့နေ Tomas Ojea Quintana က ဗွီအိုအေကို ပြောပါတယ်။

Tuesday, February 19, 2019

ပလက်ဝ က စစ်ရှောင် ၁၁ ဦးနဲ့ အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်းအက်ဥပဒေနဲ့ စွဲချက်တင်


ဘီဘီစီ မြန်မာပိုင်း
၂၀၁၉ ခုဖေဖေါ်ဝါရီလ(၁၉)ရက် 

ပလက်ဝမြို့နယ် ရှင်းလက်ဝ ကျေးရွာက စစ်ဘေးရှောင်လာတဲ့ အမျိုးသား ၁၁ ယောက် အပါအဝင် ရခိုင် ပြည်နယ် ကျောက်တော်မြို့က အိမ်ရှင်ဇနီးမောင်နှံကို မတရားအသင်း (အက်) ဥပဒေ ပုဒ်မ ၁၇ (၁) ၊ ၁၇ (၂) တို့နဲ့ ဖေဖော်ဝါရီ ၁၈ ရက်က ကျောက်တော်မြို့နယ် တရားရုံးက စွဲချက်တင်လိုက်ပါတယ်။

 "မနေ့က တရားစွဲတင်တာ၊ ဖမ်းတုန်းက ၂၆ ယောက်ပါ။ ၁၃ ယောက်ကို ၁၇ (၁)၊ ၁၇ (၂) နဲ့ စွဲတင်တယ်။ ဖမ်းဆီးထားသူတွေရဲ့ လက်ထဲကတော့ ဘာမှမိတာ မရှိဘူး။ 
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */