Showing posts with label နိုင်ငံခြားရေးဝန်ကြီးဌာန. Show all posts
Showing posts with label နိုင်ငံခြားရေးဝန်ကြီးဌာန. Show all posts

Monday, August 28, 2023

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွား ခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန်ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

သတင်းထုတ်ပြန်ချက်

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်စပ်လျဉ်း၍ တုံ့ပြန် ချက်များအပေါ် မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချ

ရခိုင်ပြည်နယ်တွင် ၂၅-၈-၂၀၁၇ ရက်တွင် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူ၊ အဖွဲ့အစည်းအချို့နှင့် နိုင်ငံအချို့က နှစ်ပတ်လည်အထိမ်း အမှတ်အဖြစ် ကြေညာချက်များထုတ်ပြန်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တွေ့ရှိရသည်။ ယင်း ကြေညာချက်များ၌ ပါရှိသည့် အချက်အလက်များသည် မှန်ကုန်မှု မရှိ၊ တိကျမှု မရှိကြောင်း တွေ့ရပြီး မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်ခြင်း၊ ဘက်လိုက် မှုရှိခြင်း၊ တစ်ဖက်သတ်ဆန်ခြင်း တွေ့ရ သည်။

Thursday, November 28, 2019

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

(၁၃၈၁ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက်)
(၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်)

 ၁။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနှင့် စပ်လျဉ်း၍ ဂမ်ဘီယာ နိုင်ငံသည် အစ္စလာမ်မစ် ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တရားစွဲဆို ခဲ့ပါသည်။ ကုလ သမဂ္ဂပဋိညာဉ်စာချုပ်အရ မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတိုင်းသည် အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အဖွဲ့ဝင်ဖြစ်ပါသည်။ ဤကိစ္စသည် နိုင်ငံ၏ အကျိုးစီးပွား၊ နိုင်ငံသူ၊ နိုင်ငံသားအားလုံး၏ အကျိုးစီးပွားဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်၍ ဖြေရှင်း ဆောင်ရွက်လျက်ရှိပါသည်။

Monday, August 19, 2019

ရိုဟင်ဂျာ ဌာနေပြန်ရေး ဒီရက်ပိုင်း ပြန်စနိုင်မလား

VOA  
19 သြဂုတ်၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဘင်္ဂလားဒေရှ့်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ဌာနေပြန်ရေးက အချိန်မရွေး စနိုင်တယ်လို့ ဘင်္ဂ လားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးဌာန အတွင်းဝန် Shahidul Haque က တနင်္ဂနွေနေ့က ဆွေးနွေးပွဲမှာ ပြော ဆိုကြောင်း ဘင်္ဂ လားဒေရှ့် သတင်းတွေမှာ ဖော်ပြကြပါတယ်။

Thursday, July 25, 2019

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စ နိုင်ငံခြားရေးဝန်ကြီး ဌာန ဦးဆောင်ဆွေးနွေးမည်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-07-25
ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ခြံစည်းရိုးနားမှာနေနေတဲ့ မွတ်စလင် ကလေးငယ်တွေကို တွေ့ရစဉ် Photo: RFA

                                        

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်ဆလင်ဒုက္ခသည်တွေကိုလာမယ့် စက်တင်ဘာလမှာသူတို့နေရပ်ပြန် နိုင် ဖို့အလား အလာရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */