Showing posts with label အစ္စရေး-ဟားမတ်စ်. Show all posts
Showing posts with label အစ္စရေး-ဟားမတ်စ်. Show all posts

Thursday, December 7, 2023

အစ္စရေးကို အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွက် တပ်ဖွဲ့ကို ဟားမတ်စ် ဘယ်လိုတည်ဆောက်ခဲ့လဲ

BBC
၆ ဒီဇင်ဘာ ၂၀၂၃

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့တွေကြား ပူးတွဲစစ်ရေးလေ့ကျင့်တာတွေကို ၂၀၂၀ နောက်ပိုင်းကတည်းက ပြုလုပ်နေပါတယ်

အက်ဘ်ဒယ်လာရိုင် ရာဂတ်၊ ရစ်ချက် အာဗင်ဘရောင်း၊ ဘန်နဒစ် ဂါမန်နဲ့ ရှောင် ဆက်ဒန်ရာထူးတာဝန်, ဘီဘီစီ အာရဗီဘာသာဌာန နဲ့ ဘီဘီစီ Verify

ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ဟာ ၂၀၂၀ ပြည့်နှစ်ကစလို့ စစ်တပ်ပုံစံစစ်ရေးလေ့ကျင့်မှုတွေ အတူတူပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ဟားမတ်စ်က အစ္စရေးကို အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမှာ ပါဝင်ခဲ့ကြတယ်ဆိုတာကို ဘီဘီစီက လေ့လာတွေ့ရှိခဲ့ပါတယ်။

Saturday, December 2, 2023

ဂါဇာရှိ အစ္စရေးတင့်ကားများကို တိုက်ခိုက်ရန် ဟားမတ်စ် ပြင်ဆင်

DVB
December 2, 2023

ဟားမတ်စ်အဖွဲ့ခွဲရဲ့ တိုက်ခိုက်ရေးသမားတွေက ဂါဇာကမ်းမြောင်ဒေသထဲက အစ္စရေးတင့်ကားတွေ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့က ဒီဇင်ဘာ ၁ ရက်မှာ သတင်း ထုတ်ပြန်ခဲ့ ပါတယ်။

ဗီဒီယို ရိုက်ကူးတဲ့ နေရာကို သီးခြား အတည်မပြုနိုင်ပါဘူး။

တိုက်ပွဲပြန်စတဲ့ ပထမနေ့ ပါလက်စတိုင်းထိခိုက်သေဆုံးသူ များပြား

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Palestinians gather at the site of an Israeli strike on a house, in Deir Al-Balah

အစ္စရေး နဲ့ ဟာမတ်စ်အဖွဲ့ကြား အပစ်အခတ်ရပ်စဲမှု သက်တမ်းကုန်ဆုံးတဲ့ သောကြာနေ့မှာပဲ ဟာ မတ်စ်ထိန်းချုပ်တဲ့ ဂါဇာကမ်းမြောင်ကို အစ္စရေးက စစ်လေယာဥ်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

သီတင်းတပတ်ကြာ အပစ်ရပ်စဲမှု သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် အစ္စရေးဘက်က ခုလို ပြန်လည် တိုက်ခိုက်တာမှာ ပါလက်စတိုင်း ၁၇၈ ဦး သေဆုံးပြီး ၅၈၉ ယောက် ဒဏ်ရာရ ခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။

ဂါဇာတောင်ပိုင်းကို အစ္စရေးတိုက်ခိုက်

VOA
ဗွီအိုအေ (မြန်မာပိုင်း)

၀၂ ဒီဇင်ဘာ၊ ၂၀၂၃ 

Smoke rises after an Israeli airstrike in Gaza, after a temporary truce between Israel and the Palestinian Islamist group Hamas expired, as seen from southern Israel

အစ္စရေးနဲ့ ဟာမတ်စ်အကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားခဲ့ပြီးတဲ့ နောက် ၂ ရက်မြောက်နေ့အဖြစ်နဲ့ နှစ်ဘက်တိုက်ပွဲတွေ အပြန်အလှန်ဖြစ်ပေါ်နေတာမှာ အစ္စရေးက ဂါဇာကမ်းမြောင်ကို ဗုံးကျဲတိုက်ခိုက်မှုတွေ ဒီကနေ့ အရှိန်မြင့် လုပ်ဆောင်နေပါတယ်။

Thursday, November 30, 2023

အစ္စရေး-ဟားမတ်စ်အပစ်ရပ်ရေး ၇ ရက်မြောက်သဘော တူခဲ့

VOA
ဗွီအိုအေ (မြန်မာဌာန)
၀၁ ဒီဇင်ဘာ၊ ၂၀၂၃ 

ဂါဇာကမ်းမြောင်ဒေသကနေ ပြန်လွတ်လာတဲ့ ဓားစာခံတဦး နိုဝင်ဘာ ၃၀ ရက်မှာ မိသားစုနဲ့ အစ္စရေးနိုင်ငံတွင်း ပြန်လည်တွေ့ဆုံစဥ်။

ဟားမတ်စ်တို့ဖမ်းထားတဲ့ဓါးစာခံတွေထဲ အစ္စရေးအမျိုးသမီးနှစ်ဦး ကြာသပတေးနေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာပြီး နောက်ထပ် ဓါးစားခံ ၆ ဦးလည်း လွတ်လာတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ လက်ရှိ နှစ်ဘက်အပစ်အခတ်ရပ်စဲရေးယူထားတဲ့ရက်အတွင်း ဟားမတ်စ်တို့က တရက်ကို အစ္စရေး နိုင်ငံသား ၁၀ ဦးထက်မနည်း ပြန်လွှတ်ပေးနေတာပါ။

Wednesday, November 29, 2023

အစ္စရေး-ဟာမတ်စ် အပစ်ရပ်မှုသက်တမ်းတိုးနိုင်ဖို့ ညှိနှိုင်း ဆွေးနွေး

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ နိုဝင်ဘာ၊ ၂၀၂၃

Israel Palestinians

ဓားစာခံတွေ ပိုပြီး လွှတ်နိုင်အောင် အပစ်အခတ်ရပ်စဲရေး ရက်တိုးဖို့ ဆွေးနွေးကြဖို့ အတွက်အမေရိ ကန် ဗဟိုထောက်လှမ်းရေးဌာန စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလီယံ ဘန်းစ် (William Burns) နဲ့ အစ္စရေး ထောက်လှမ်းရေး မော့ဆတ်အကြီးအကဲ ဒေးဗစ် ဘာနီးယား (David Barnea) တို့ဟာ ကြား ဝင်ညှိနှိုင်းနေတဲ့ ကာတာနိုင်ငံကို ရောက်ရှိနေကြတယ်လို့ အမည်မဖော်လိုတဲ့ သံတမန်တယောက်က အေပီသတင်းဌာနကို ပြောပါတယ်။

Sunday, October 29, 2023

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံးသူ ၈၈၀၀ ကျော် ရှိလာ

DVB
October 28, 2023

အစ္စရေး-ဟားမတ်စ် ပဋိပက္ခရဲ့ ၂၁ ရက်မြောက်နေ့အထိ ၂ ဖက်စလုံးမှာ သေဆုံးသူပေါင်း ၈,၈၀၀ ကျော်သွားပြီ လို့ စီစီတီဗီ သတင်းဌာနက ဖော်ပြပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းတွေအရ ဂါဇာကမ်း မြောင်နဲ့ အနောက်ဘက်ကမ်းရှိ ပါလက်စတိုင်း စုစုပေါင်း ၇,၄၃၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ICRC ကယ်ဆယ်ရေး ယာဉ်တန်း ဂါဇာကိုဝင်ရောက်

DVB
October 29, 2023

အရေးပေါ်ဆေးဝါးနဲ့ ရေသန့်စင်စက်တွေကို တင်ဆောင်ထားတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC ရဲ့ ကယ်ဆယ်ရေး ကုန်တင်ကား ၆ စီးဟာအောက်တိုဘာ ၂၇ ရက်က အီဂျစ်နိုင်ငံကနေ ဂါဇာကို ဝင်ရောက်ခဲ့ပါ တယ်။

ဂါဇာဆေးရုံကြီးကိုဟားမတ်စ်ကစစ်ဆင်ရေး ဒိုင်းကာအဖြစ် သုံးနေဟု အစ္စရေးပြော

DVB
October 29, 2023

အစ္စလာမ္မစ်လှုပ်ရှားမှုအဖွဲ့ ဟားမတ်စ်က ဂါဇာရှိပင်မဆေးရုံကြီးကို သူ့ရဲ့ဥမင်လိုဏ်ခေါင်းတွေနဲ့ စစ်ဆင်ရေးစင် တာတွေအတွက် ဒိုင်းကာအဖြစ် သုံးစွဲနေတယ်လို့ အစ္စရေးစစ်တပ်က စွပ်စွဲပြောဆိုလိုက်ပါတယ်။

Friday, October 20, 2023

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

ဧရာဝတီ
13 October 2023

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်တွင် အစ္စရေးက ဂါဇာကို လက်တုံ့ပြန်တိုက်ခိုက်စဉ် / AFP

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန် လည် ပေါ်ပေါက်စေသည်။

အရှေ့တောင်အာရှမှ မွတ်ဆလင်အများစု နိုင်ငံများသည် သမိုင်းကြောင်းအရ ပါလက်စတိုင်းကို ထောက်ခံ ကြ သည်။ လက်နက်ဝယ်ယူခြင်း အပါအဝင် ကုန်သွယ်ရေး အကျိုးစီးပွားကြောင့် အခြား နိုင်ငံများက အစ္စရေးဘက် မှ ရပ်တည်ကြသည်။

Wednesday, October 18, 2023

အစ္စရေး- ဟားမတ်စ် စစ်ပွဲအကြောင်း သိကောင်းစရာ

ဧရာဝတီ
17 October 2023
in ဆောင်းပါး

ဂါဇာရှိ ပါလက်စတိုင်း ဂျာဘာလီရာ စခန်းအား အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှု မြင်ကွင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တွေ့ရစဉ် / AFP

ယခင် ရက်သတ္တပတ်ကုန်က လူ ၁,၄၀၀ သေဆုံးသည့် ဟားမတ်စ်အဖွဲ့၏ တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့် အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို လေကြောင်းမှ ဆက်လက် တိုက်ခိုက်နေစဉ် ဂါဇာမြို့တော်မှ အရပ်သားအားလုံး တောင်ပိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အစ္စရေးက ပြောကြားထားသည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */