( ဦးသိန်းစိန် ) နိုင်ငံတော် သမ္မတနှင့် အစိုးရ အဖွဲ့ ကျမ်းသစ္စာကျိန်ဆို၊ ပြည်ထောင်စု ဝန်ကြီး များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး များ၏ ဝန်ကြီးများ အမည်စာရင်း ထုတ်ပြန်
နေပြည်တော်၊ မတ် ၃၀ ။ ။ ရွေးကောက်တင်မြှောက်ခံ သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတများ ဖြစ်သော ဦးတင်အောင်မြင့်ဦး၊ ဒေါက်တာ စိုင်းမောက်ခမ်း တို့သည် ပြည်ထောင်စုလွှတ်တော် အမတ်များ ရှေ့မှောက် တွင် ယနေ့ နံနက်ပိုင်းက နေပြည်တော်၌ ကျမ်းသစ္စာ ကျိန်ဆိုကြကြောင်းသိရသည်။ ယင်း ကျမ်းသစ္စာ ကျိန် ဆိုပွဲကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ ဖျက်သိမ်းပွဲ နှင့်အတူ ကျင်းပပြုလုပ်ပြီး ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ဆိုင်ရာများကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လွှဲပြောင်း ပေးလိုက်ကြောင်း သတင်းများက ဆိုသည်။