Showing posts with label အနှစ်ချုပ်. Show all posts
Showing posts with label အနှစ်ချုပ်. Show all posts

Thursday, September 14, 2023

၂၀၂၂ ရခိုင်ပြည် အနှစ်ချုပ်

DMG
Myo Myart Zaw Hein
2022 Januar

၂၀၂၂ ခုနှစ်ကုန်ဆုံး၍ ၂၀၂၃ ကို နှစ်သစ်ကူးခဲ့ပြီ။ ရခိုင်ဒေသတွင်လည်း တနိုင်ငံလုံးရှိ ပြည်နယ်များ နည်းတူ ပြီးခဲ့သည့်တစ်နှစ်တာအတွင်း သွေးမြေကျမှုများ၊ အခက်အခဲ၊ အကျပ်အတည်းများစွာကို ကြုံ တွေ့ခဲ့ရသည်။


တစ်နှစ်တာအချိန်ကို ယေဘုယျ ပိုင်းခြားကြည့်သော် ရခိုင်ပြည်သူများမှာ ‘ရေမှုတ်တစ်ဖက် မီးစတစ် ဖက်’ ကကွက်များကြားတွင် အပူမီးများ ပိုမိုတောက်လောင်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

Friday, January 3, 2020

ရခိုင်ဒေသ ၂ဝ၁၉ အနှစ်ချုပ်

လွတ်လပ်တဲ့အာရှအသံ ( RFA )
2020-01-03

ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်ဟာ ရခိုင်ပြည်နယ်အတွက်တော့ ထိခိုက်နစ်နာမှုတွေ အများကြီးရှိခဲ့တဲ့ နှစ်ပါပဲ။ ဇန်နဝါရီ လဆန်းကတည်းက စတင်ခဲ့တဲ့ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ရဲ့ တိုက်ပွဲတွေဟာ တစ်နှစ် ပတ် လုံး အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး၊ ရခိုင်ပြည်သူတွေ... အထူးသဖြင့် ရခိုင်မြောက်ပိုင်းက ပြည်သူတွေ စစ်ဘေး ဒဏ် ခံနေရတာ အခုချိန်ထိပါပဲ။

Monday, December 23, 2019

ICJ ၌ ဂမ်ဘီယာနှင့်မြန်မာအမှု ပထမနေ့ကြားနာပွဲ အနှစ်ချုပ်

Myanmar Now
Published on Dec 10, 2019

ရခိုင်မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်အတွင်း မြန်မာ့တပ်မတော်က စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ကြောင်း၊ မွတ် စလင်လူမျိုးစုတစ်စုကို လူမျိုးတုန်းအောင် အစီအမံအမျိုးမျိုးချမှတ်ကာ လုပ်ဆောင်နေကြောင်း စသည့် စွပ်စွဲ ချက်များဖြင့် ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဖွင့်ထားသည့် အမှုအတွက် ပထမ နေ့ကြားနာပွဲတွင် တရားလိုဘက်က လျှောက်လဲခဲ့ပုံများကို တင်ပြလိုက်ပါသည်။

“ရိုဟင်ဂျာလူအုပ်စုကို သုတ်သင်” ပစ်ရန် ရည်ရွယ်ချက်ဖြင့် “လူမျိုးတုန်းအောင် လုပ်ဆောင်ချက်များ” ကို မြန်မာက ကျူးလွန်ခဲ့သည်ဟု ဂမ်ဘီယာနိုင်ငံက စွပ်စွဲကာ တရားရုံးသို့ လျှောက်ထားခဲ့သည်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */