Showing posts with label သမ္မတရုံး. Show all posts
Showing posts with label သမ္မတရုံး. Show all posts

Friday, November 15, 2019

ကုလတရားရုံးမှာစွဲဆိုခံရမှု နိုင်ငံတကာဥပဒေနဲ့ အညီတုံ့ပြန် မည်ဟု မြန်မာသမ္မတရုံးတုံ့ပြန်

ဗွီအိုအေ (မြန်မာဌာန)
 မေခ
15 နိုဝင်ဘာ၊ 2019၊ 2019  
သမ္မတရုံး ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး
 
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာအစိုးရဘက်က ချိုးဖောက်တယ်ဆို တဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ကမကထပြုပြီး ကုလသမဂ္ဂရဲ့ ပင်မ တရားရေးအဖွဲ့ကြီးဖြစ်တဲ့ ICJ - နိုင်ငံ တကာ တရားရုံးမှာ မြန်မာနိုင်ငံကို တရားစွဲဆိုထားတာနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဘက်က ဥပဒေအကြာင်း အရ သင့်တော်သလို တုံ့ပြန်သွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

Thursday, July 18, 2019

အမေရိကန်သမ္မတနှင့်တွေ့ဆုံ မြန်မာ (၄)ဦးနှင့်တွေ့ဆုံ

အိမ်ဖြူတော်
အမေရိကန်သမ္မတရုံး
ဝါရှင်တန်
Rev.Dr.Hkalam Sam Son US President Donald Trump hte Sa du hkrum zup jahta lu sai
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် အမေရိကန်သမ္မတနှင့်တွေ့ဆုံ

ကချင်ပြည်နယ်ကဒုက္ခသည် တွေအရေး ဆောင်ရွက်နေတဲ့ KBC  ကချင်နှစ်ချင်းအဖွဲ့ချုပ်ရဲ့ ဥက္ကဌ
Rev.Dr. Samson Hkalam က  ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဖြစ်နေပြီး၊မြန်မာစစ်တပ်ကနေခရစ်ယာန်တွေကို နှိပ်ကွက်မှုတွေ ရှိနေတဲ့အကြောင်း အခုလိုပြောပါတယ်။

Friday, June 7, 2019

AA ကို ထိရောက်တဲ့စစ်ဆင်ရေးလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထား

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-06-07
နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲခန်းမမှာ ၂ဝ၁၉ ခုနှစ် ဇွန်လ ၇ ရက်နေ့က သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကို တွေ့ရစဉ်
Photo: Thiha Tun/RFA

ရခိုင်ပြည်နယ်က AA ရခိုင်အဖွဲ့နဲ့ တိုက်ပွဲတွေမှာ ထိရောက်တဲ့ သောင်းကျန်းမှုနှိမ်နှင်းရေး စစ်ဆင်ရေး အ တွက် လိုအပ်တဲ့ အင်အားကို အသုံးပြုဖို့နဲ့ လိုအပ်ရင် ရဟတ်ယာဉ်တွေပါ အသုံးပြုဖို့ သမ္မတရုံးက တပ်မတော်ကက ကြည်းကို ညွှန်ကြားထားတယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့ ပြောကြားလိုက်ပါ တယ်။

Sunday, April 28, 2019

မြန်မာနိုင်ငံသည် ISIS ၏ ပစ်မှတ်တခု ဖြစ်လာဟု သမ္မတရုံး ပြော

ဧရာဝတီ
By ထက်နိုင်ဇော်
27 April 2019
ရခိုင်ပြည်နယ်တွင် လုံခြုံရေး ယူနေသည်ကို တွေ့ရသော တပ်မတော်သား တဦး / ကျော်ခ / ဧရာဝတီ 

 ဆီးရီးယားနှင့် အီရတ်တို့တွင် အခြေမလှသည့် အစ္စလာမ္မစ်နိုင်ငံ (ISIS) အကြမ်းဖက်အုပ်စုသည် ရခိုင်ပြည် နယ် မြောက်ပိုင်းကို အာရုံစိုက်လာသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံသည် အကြမ်းဖက် သ မားများ၏ ပစ်မှတ်တခု ဖြစ်လာကြောင်း နိုင်ငံ တော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော သည်။

Saturday, January 19, 2019

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ကိစ္စ ထင်မြင်ချက် မပေးလိုကြောင်း ဦးဇော်ဌေးပြော

RFA 
လွတ်လပ်တဲ့အာရှအသံ 
2019.01.19
သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ၂၀၁၉၊ ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းစဉ်

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းဖက်သောင်းကျန်းသူ AA အဖွဲ့ကို ပြတ် ပြတ် သားသား ချေမှုန်းဖို့ပြောဆိုခဲ့ကြောင်း တပ်မတော်က မနေ့က ပြောကြားလိုက်တဲ့အပေါ် အစိုးရ အနေနဲ့ တစ်စုံတစ်ရာ ထင်မြင်ချက် မပေးလိုကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြော လိုက်ပါတယ်။

Friday, January 18, 2019

အတိုင်ပင်ခံနဲ့သမ္မတရုံး ညွှန်ကြားချက်အရ AA ကို စစ်ဆင်နေဟု စစ်တပ်ရှင်းလင်း

                                                              နေပြည်တော် သတင်းစာရှင်းလင်းပွဲ (ဇန်နဝါရီ ၁၈၊ ၂၀၁၉)
 
 ရက္ခိုင့်တပ်မတော် AA ကို စစ်ဆင်ရေးလုပ်ဆောင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်၊ သမ္မတ ရုံးရဲ့ ညွှန်ကြားချက် အတိုင်း လုပ်ဆောင်နေတာ ဖြစ်တယ်လို့ တပ်မတော်ဘက်ကပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲတွေ ရပ်တန့်လိုက်ဖို့ ရက္ခိုင့်တပ်မတော်ရဲ့ လုပ်ဆောင် ချက်တွေအပေါ်မှာသာ မူ တည်တယ်လို့ တပ်မ တော် ဘက်က ပြောလိုက်ပြီး ရက္ခိုင့်တပ်မတော်ဘက်က တောင်းဆိုထားတဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် တောင်းဆိုချက်ကို တပ်မတော်ဘက်က လုံးဝလက်မခံကြောင်း ပြောဆို လိုက်ပါတယ်။

အေအေကို ခြေမှုန်းရန် သမ္မတနှင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ညွန်ကြားခဲ့ဟု တပ်မတော်ရှင်းလင်း

DVB
18 January 2019
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထိရောက်စွာ ခြေမှုန်းဖို့ သမ္မတရုံးနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ညွှန်ကြားခဲ့တာလို့ တပ်မတော်က ပြောကြားလိုက်ပါတယ်။

Thursday, January 10, 2019

Wednesday, January 9, 2019

မြန်မာအစိုးရ စွပ်စွဲချက် ဘင်္ဂလားဒေ့ရ်ှ ကန့်ကွက်

VOA 
ဗွီအိုအေ (မြန်မာပိုင်း) 
၀၉ ဇန်နဝါရီ၊ ၂၀၁၉
                                        မြန်မာသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဇန်နဝါရီ ၇ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် 

 ရခိုင်ပြည်နယ်က လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဆက်နွယ်နေတယ်လို့ဆိုတဲ့ လက်နက်ကိုင် အဖွဲ့တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အခြေစိုက် လှုပ်ရှားနေကြောင်း မြန်မာတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်က ကန့်ကွက်လိုက်ပါတယ်။

Tuesday, January 8, 2019

ရခိုင်အရေးပြောကြားချက်အပေါ် တုံ့ပြန်မှုတချို့

VOA 
ဗွီအိုအေမြန်မာပိုင်း
January 08, 2019
သမ္မတရုံးပြောခွင့်ရ သတင်းစာရှင်းလင်းပွဲ 
 
ရက္ခိုင့်တပ်မတော် AA ဟာ ARSA အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရက တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သလို ရက္ခိုင့်တပ်မတော် AA ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ပါ ပြောကြားခဲ့ပါတယ်။ သမ္မတရုံးပြောခွင့်ရရဲ့ ရခိုင့်အရေးပြောကြားချက်တွေနဲ့ တုံ့ပြန်ချက် တချို့ကို ဗွီအိုအေ သတင်းထောက်မေခက စုစည်းတင်ပြထားပါတယ်။

ဦးဇော်ဌေး ပြောကြားချက်တွေကို AA ကန့်ကွက်

RFA
လွတ်လပ်တဲ့အာရှအသံ
January 08, 2019
                                                      ရက္ခိုင့်တပ်မတော် AA ရဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်
 
  
နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်း လင်းပွဲ မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲပြော ဆို ချက်တွေဖြစ်ကြောင်းနဲ့ ဒါတွေကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်ကို AA က ထုတ်ပြန် လိုက်ပါတယ်။

Monday, January 7, 2019

ဦးဇော်ဌေး ပြောဆို ချက်များ AA နဲ့ ဘင်္ဂ လားဒေ့ရှ် အစိုးရ ငြင်းဆို

ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ရက္ခိုင့်တပ်မတော် AA အဖွဲ့ကို ထောက်ခံနေတာတွေ ရပ်တန်းကရပ်ဖို့ ဇန်နဝါရီလ ၇ ရက်နေ့က သမ္မတအိမ်တော်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ပြော ခွင့် ရပုဂ္ဂိုလ် ဦးဇော်ဌေးက သတိပေး ပြောကြားလိုက်ပါတယ်။

ရခိုင်ပြည်နယ်စစ်ရေး ထိပ်သီးခေါင်းဆောင်တွေ အရေးပေါ်ဆွေးနွေး

RFA 
လွတ်လပ်တဲ့အာရှအသံ
January 07, 2019
 

                                  ၂ဝ၁၉ ဇန်နဝါရီလ ၇ ရက်နေ့က နေပြည်တော် သမ္မတအိမ်တော်တွင် နိုင်ငံခေါင်းဆောင်များ အစည်းအဝေးပြုလုပ်စဉ်။
(Myanmar President Office)
 
ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခနဲ့ ပတ်သက်လို့ နိုင်ငံထိပ်သီးခေါင်းဆောင်တွေ ဒီနေ့ညနေပိုင်းက အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အေအေကို သောင်းကျန်းသူအဖြစ် စစ်ဆင်ရေး ပြုလုပ် နှိမ်နင်းရန် သမ္မတရုံး ညွန်ကြား

DVB
January 07, 2019 

 ရက္ခိုင့်တပ်မတော် (အေအေ)ကို သောင်း ကျန်း သူ နှိမ်နှင်းရေး စစ်ဆင်ရေးတွေပြုလုပ်ဖို့ သမ္မတရုံး က ညွန် ကြား ထားပြီးဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူဦးဇော်ဌေးက ပြောကြား လိုက် ပါတယ်။

ဘူးသီးတောင်မြို့နယ်ထဲမှာ ရဲကင်းစခန်းတွေ တိုက် ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ညနေ နေပြည်တော် မှာပြုလုပ်တဲ့ သတင်း စာရှင်းပွဲမှာ ပြောကြား ခဲ့ တာပါ။

Wednesday, August 24, 2016

( 24.08.2016 )ရခိုင်ပြည်နယ်၏ သိမ်မွေ့နက်နဲ သည့် အရေး ကိစ္စများ ကို ဖြေရှင်း ရန် အကြံပေး ကော် မရှင် ဖွဲ့စည်း ရှာဖွေတွေ့ရှိချက်များနှင့် အကြံ ပြုချက်များပါဝင်သည့် အစီရင်ခံစာကို ကော်မရှင် တည်ထောင်ပြီး ၁၂ လထက် နောက်မကျဘဲ တင်ပြရမည်။

နေပြည်တော် သြဂုတ် ၂၄

နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန် လိုက် သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

သတင်းထုတ်ပြန်ချက်
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */