Showing posts with label ဝေဖန်ခံရ. Show all posts
Showing posts with label ဝေဖန်ခံရ. Show all posts

Wednesday, May 24, 2023

လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီကို အချိန် ပေးနေမှု ဝေဖန်ခံနေရ

RFA
RFA Burmese
2023.05.24

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့က ကြားနာစစ်ဆေးစဉ်။ ICJ

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာ တင်သွင်းရမယ့် ရက်ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ် သုံးလ ရွှေ့ဆိုင်းလိုက် တဲ့အပေါ် စိတ်ပျက်မိတယ်လို့ ရိုဟင် ဂျာ ဒုက္ခသည်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ က ပြောပါတယ်။

အမှန်တကယ် ထုချေလွှာ တင်ရမယ့်ရက်ဟာ ၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်ဖြစ်ပြီး စစ်ကောင်စီဘက်က အဆင်သင့် မဖြစ်သေးတာကြောင့် ၂၀၂၄ ခုနှစ်ထဲအထိ ရွှေ့ဆိုင်းပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာပါ။ ဒါကြောင့် တရားရုံးက တစ်လနောက်ဆုတ်ပြီး မေလ ၂၄ ရက် ဒီနေ့မှာ ထုချေလွှာတင်သွင်းဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။

Tuesday, November 24, 2020

ICJ ကြားဖြတ်စီရင်ချက်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ ဝေ ဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )

မြန်မာဌာန | သတင်းများ
နေမျိုးထွန်း
2020-11-24 

မြန်မာအစိုးရဘက်က ICJ နိုင်ငံတကာတရားရုံးကို တင်သွင်းထားတဲ့ ဒုတိယအကြိမ် အစီရင်ခံစာမှာ ရိုဟင်ဂျာ တွေ ကို ခွဲခြားဆက်ဆံနေတာနဲ့ လူမျိုးတုံးသတ်ဖြတ်ခံရမှုတို့ကနေ အကာအကွယ်ပေးဖို့ မြန်မာအစိုးရက လိုက်နာခြင်း မရှိဘူးလို့ နယူးယောက်အခြေစိုက် Global Justice Center က ဝေဖန်လိုက်ပါတယ်။ အဲဒီဝေ ဖန်ပြောဆိုချက်ကို မြန်မာအစိုးရက ငြင်းဆိုလိုက်ပြီး ရိုဟင်ဂျာအရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူး ပေါင်းဆောင်ရွက်မှုတွေရှိ နေကြောင်း တုံ့ပြန်လိုက်ပါတယ်။

Sunday, January 5, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဇာဏီထွဏ်း
2020-01-05
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */