Showing posts with label ထုတ်ပြန်. Show all posts
Showing posts with label ထုတ်ပြန်. Show all posts

Thursday, March 28, 2024

IIMM ၏ စိစစ်သုံးသပ်ချက် အစီရင်ခံစာများ ထုတ်ပြန်ခြင်း

United Nation
IIMM
ဂျီနီဗာ၊ မတ် ၂၇၊ ၂၀၂၄။ 

 

မြန်မာစစ်တပ်၏ ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားဖြန့်ဝေသည့် လှုပ်ရှားမှု၊ မြန်မာအာဏာပိုင်များက ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးရန် ပျက် ကွက်မှုနှင့် သက်ဆိုင်သည့် အစီရင်ခံစာများ


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်၏ ထုတ်ပြန်ချက်

ဂျီနီဗာ၊ မတ် ၂၇၊ ၂၀၂၄။ ။မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားသည် စိစစ်သုံးသပ်ချက် အစီရင်ခံစာနှစ်စောင်ကို အများပြည်သူဖတ်ရှုနိုင်ရန် ယနေ့ထုတ်ပြန်သည်။ ပထမအစီရင်ခံစာတွင် ၂၀၁၇ ခုနှစ် ရှင်းလင်းစစ်ဆင်ရေးကာလအတွင်း မြန်မာစစ်တပ်၏ လျှို့ဝှက်ဖေ့စ်ဘုတ်ကွန်ရက်က ရိုဟင်ဂျာဆန့်ကျင်ရေးအမုန်း စကားများ စနစ်တကျဖြန့်ဝေခဲ့သည့်အကြောင်း အသေးစိတ်ဖော်ပြထားသည်။ ဒုတိယအစီရင်ခံစာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာများအပေါ် လိင်နှင့်ဂျင်ဒါအခြေပြုရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များနှင့်ပတ်သက်ပြီး မြန်မာအာဏာပိုင်များ၏တုံ့ပြန်ဆောင်ရွက်ပုံများကို ဆန်းစစ်ထားသည်။ နိုင်ငံတကာဥပဒေအရ မြန်မာအာဏာပိုင်များသည် အဆိုပါကျူးလွန်မှုများကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူရမည့်တာဝန်ကို ပျက် ကွက်ခဲ့သည်ဟု အစီရင်ခံစာက ကောက်ချက်ချသည်။

Wednesday, February 14, 2024

လက်နက်ကြီးကြောင့် လေးရက်အတွင်း ရိုဟင်ဂျာ ၁၂ ဦး သေဆုံးကြောင်း Fortify Rights ထုတ်ပြန်

RFA
RFA Burmese
2024.02.13 

ကျောက်တော်မြို့နယ် လက်ဆောင်ကောက်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Arakan Bay News

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ဖုန်ညိုလိပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၅ ရက်ကစလို့ လေးရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရိုဟင်ဂျာ ၁၂ ဦးသေဆုံးပြီး၊ ကလေးရှစ်ဦး အပါအဝင် ၃၂ ဦး ဒဏ်ရာရခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ Fortify Rights က ဖေဖော်ဝါရီ ၁၃ ရက်ဒီနေ့ ထုတ်ပြန်ပါတယ်။

Friday, December 1, 2023

ရှမ်းပြည်နယ်က မြို့နယ်ငါးခုနဲ့ နယ်စပ်ဂိတ်လေးခုကို သိမ်း ပိုက်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့ထုတ်ပြန်

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.12.01 

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ကုန်းကြမ်းမြို့ရှိ စစ်ကောင်စီတပ်စခန်းကို မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့က သိမ်းယူပြီးနောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ထားသည့် ပုံအား တွေ့ရစဉ်။The Kokang

၁၀၂၇ စစ်ဆင်ရေး တစ်လကျော်ကာလအတွင်း ချင်းရွှေဟော်၊ မုံးကိုးကွမ်းလုံ၊ ပန်ဆိုင်းနဲ့ ကုန်းကြမ်း စတဲ့ မြို့နယ်ငါးခုအပြင် မြို့တချို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ မုံးကိုး၊ ပန် ဆိုင်းနဲ့ ကျင်းစန်းကျော့ဂိတ်တွေကို သိမ်းထားနိုင်ပြီလို့ မြောက်ပိုင်းသုံးဖွဲ့က ၃၅ ရက်ကြာ စစ်ရေး အ ခြေအနေကို ထုတ်ပြန်ပါတယ်။

Thursday, June 3, 2021

ရိုဟင်ဂျာဆိုင်ရာမူဝါဒ အမျိုးသားညီညွတ်ရေးအစိုးရ ထုတ်ပြန်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
03 ဇွန်၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသက Kutupalong ရိုဟင်ဂျာဒုက္ခသည်စခန်းက ဒုက္ခသည်များ။ (ဧပြီ ၀၁၊ ၂၀၂၁)

NUG အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုင်ရာမူဝါဒသစ် ကြေညာရာမှာ သူတို့အတွက် နိုင်ငံသားဖြစ်ရေး ခက်ခဲစေတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ရှိကြောင်း ထည့်ပြောခဲ့ပါတယ်။

Thursday, January 23, 2020

ICJ အမိန့်ချမယ့်နေ့မှာ တရုတ်က မြန်မာနဲ့အတူ အမြဲရှိနေ မယ်လို့ ထုတ်ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
020-01-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Thiha Tun/RFA 

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို ကြားဖြတ်အရေးယူမယ့်အစီအစဉ် ချမှတ်မယ့် ဒီနေ့ မနက်ပိုင်းမှာပဲ “စတင်တာ အရမ်းစောတယ်” လို့ မပြောလိုက်ပါနဲ့ ဘယ်ကိုပဲသွားသွား ခင်ဗျားရဲ့ အနီးကပ် မိတ်ဆွေတွေက ခင်များအနားရှိနေမှာပါ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

Monday, December 9, 2019

လူမျိုးတုံးရှင်းလင်းရာရောက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေဆဲ ပဲလို့ Fortify Rights ထုတ်ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
 ကျော်လွင်ဦး
2019-12-08 
  White Card ခေါ် ယာယီသက်သေခံ လက်မှတ်များ ၂ဝ၁၅ မတ်လ ၃၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးကြောင်း သမ္မတဦးသိန်းစိန်အစိုးရက ကြေညာပြီးနောက် White Card ပြန်လည်အပ်နှံပြီးကြောင်း အထောက်အထားစာရွက်ကိုင်ဆောင်ထားသည့် ရိုဟင်ဂျာတစ်ဦး။
Screenshot: Fortify Rights

 
ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆို ချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက် ကျူးလွန်နေ တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

Sunday, December 8, 2019

လူမျိုးတုံးရှင်းလင်းရာရောက်တဲ့လုပ်ရပ်တွေ ကျူးလွန်နေဆဲ ပဲလို့ Fortify Rights ထုတ်ပြန်

လွတ်လပ်တဲ့အာရှအသံ( RFA )
ကျော်လွင်ဦး
2019-12-08
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူးလွန်နေတယ်လို့ Fortify Rights အဖွဲ့ရဲ့ ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က ထုတ်ပြန်ချက်ကို တွေ့ရစဉ်
Photo: fortify-rights

ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုံးရှင်းလင်းရာရောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲဆို ချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားစွဲဆိုထားပေမယ့် ရခိုင်ပြည် နယ်မြောက်ပိုင်း ဘူးသီးတောင်မှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဆက်လက်ကျူး လွန်နေ တယ်လို့ Fortify Rights အဖွဲ့က မနေ့က ထုတ်ပြန်ပါတယ်။

Saturday, November 23, 2019

ICC ရှေ့နေ စုံစမ်းစစ်ဆေးမှုဆိုင်ရာ ထုတ်ပြန်ကြေညာ

VOA
 ဗွီအိုအေ (မြန်မာဌာန)
ရဲမင်းထွန်း
23 နိုဝင်ဘာ၊ 2019  
ICC ရှေ့နေ Fatou Bensouda
ICC ခေါ် နိုင်ငံတကာ ရာဇဝတ်မှုခင်းဆိုင်ရာ တရားရုံး ရှေ့နေ Fatou Bensouda က မြန်မာနိုင်ငံနဲ့ ပတ်သက် ပြီး ICC က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ ပြီးခဲ့တဲ့ အပတ်က ICC တရားသူကြီးတွေက သူ့ကို အ ခွင့်အာ ဏာပေးအပ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါ တယ်။ ရှေ့နေ Fatou Bensouda က သူ့ရဲ့ ကြေညာချက်မှာ ဘယ် ရာဇဝတ်မှုခင်း တွေအပေါ်မှာ ဘယ်လို စုံစမ်း စစ် ဆေးမလဲဆိုတာနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ကိုရဲမင်းထွန်းက ဆက်လက် ပြောပြမှာပါ။

Saturday, November 9, 2019

မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်

ELEVEN 
9 NOVEMBER 2019
 အောင်သူထွန်း
ချင်းပြည်နယ် မင်းတပ်ခရိုင် ပလက်ဝမြို့ နယ်မြေလုံခြုံရေး တဖြည်းဖြည်း စိုးရိမ်လာရသဖြင့် ညမထွက်ရ အ မိန့် ပုဒ်မ ၁၄၄ ကို နိုဝင်ဘာ ၉ ရက်မနက်ပိုင်းမှ စတင်၍ ထုတ်ပြန်ုလိုက်သည်ဟု ချင်းပြည်နယ်အစိုးရ အဖွဲ့ ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ပြည်နယ်ဝန်ကြီး ဦးစိုးထက်က ပြောကြားသည်။

Friday, November 8, 2019

အရပ်သား ၈၀ ကျော် အစအနပျောက်ဆုံးမှု ၎င်းတို့နှင့်မဆိုင် ဟု AA အဖွဲ့ထုတ်ပြန်

မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ
08 Nov 2019

တပ်မတော်နှင့် အေအေတို့ တိုက်ပွဲဖြစ်ပွားသည့် ကာလအတွင်း ချင်းပြည်နယ် ပလက်ဝနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အရပ်သား ၈၀ ကျော် အစအန ပျောက်ဆုံးမှုသည် ၎င်းတို့နှင့်မသက် ဆိုင်ကြောင်း AA အဖွဲ့ က ထုတ်ပြန်သည်။

Monday, September 16, 2019

ရခိုင်မြောက်ပိုင်းမှာ လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ်ဆက်ရှိ နေကြောင်း FFM ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-09-16
 ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးနေတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇၊ အောက်တိုဘာ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: MUNIR UZ ZAMAN / AFP 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ကျန်ရှိနေသေးတဲ့ ရိုဟင်ဂျာ ခြောက်သိန်းကျော်ဟာ ဖွဲ့စည်းပုံအရ ဖိနှိပ်ချုပ် ချယ်မှုတွေ ကြုံနေရပြီး လူမျိုးတုံးသတ်ဖြတ်မှု အန္တရာယ် ဆက်ရှိနေတယ်လို့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က FFM က ဂျနီဗာကို ဒီကနေ့ တင်သွင်းတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Thursday, May 30, 2019

စစ်ပွဲဒေသပဋိပက္ခ အရပ်သားထိခိုက်မှု အစီရင်ခံစာ ANP ထုတ်ပြန်

RFA 
လွတ်လပ်တဲ့ အာရှအသံ
2019-05-30
ရခိုင်အမျိုးသားပါတီ ANP က လေ့လာစုံစမ်းထားတဲ့ အစီရင်ခံစာနဲ့ပတ်သက်လို့ ပါတီတာဝန်ရှိသူတွေက ၂၀၁၉ မေ ၃၀ ရက်နေ့က သတင်းထောက်တွေကို ရှင်းလင်းခဲ့စဉ်
Photo: Min Thein Aung/RFA 

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား တိုက်ပွဲကာလအတွင်း အရပ်သားတွေထိခိုက်မှု အခြေ အနေနဲ့ ပတ်သက်လို့ ရခိုင်အမျိုးသားပါတီ ANP က လေ့လာတွေ့ရှိထားတဲ့ အစီရင်ခံစာတစ်စောင်ကို ဒီနေ့ ထုတ်ပြန် လိုက်ပါတယ်။

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */