Showing posts with label တရားစွဲ. Show all posts
Showing posts with label တရားစွဲ. Show all posts

Thursday, August 15, 2024

စစ်ရာဇဝတ်မှုမှာ တာဝန်အရှိဆုံးလူကို တရားစွဲဆိုဖို့ ဆောင်ရွက်နေကြောင်း IIMM ပြောကြား

RFA
သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)
2024.08.15 

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့ခေါင်းဆောင် နီကိုလပ်စ် ကုမ်ဂျန် (Nicholas Koumjian)။ Photo: RFA

စစ်ကောင်စီဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတစ်ဝန်းမှာ ပြင်းပြင်းထန်ထန် ကျူးလွန်နေတဲ့ အထောက်အထား အများအပြားတွေ့ရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) အဖွဲ့က သြဂုတ် ၁၃ ရက်က ထုတ်ပြန်လိုက်ပါတယ်။

Wednesday, October 25, 2023

မြန်မာစစ်ခေါင်းဆောင် ဆယ်ဦးကို ဖိလစ်ပိုင်နိုင်ငံမှာ တရား စွဲ ဖို့လျှောက်ထား

RFA
ရဲခေါင်မြင့်မောင် (ဝါရှင်တန်ဒီစီ)
2023.10.24

ထန်တလန်မြို့က မီးလောင်ကျွမ်းခဲ့ရတဲ့ အဆောက်အအုံတွေကို ၂၀၂၁၊ အောက်တိုဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
The Chinland Post

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ်က ချင်းပြည်နယ် ထန်တလန်မြို့မှာ အရပ်သားပြည်သူတွေကို သတ်ဖြတ်တာ၊ အ လောင်းတွေကိုဖျက်ဆီးတာ၊ နေအိမ်ရာပေါင်းများစွာနဲ့ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ဒုက္ခရောက်နေ သူတွေအတွက် အကူအညီတွေကို လက်နက်တစ်ခုအဖြစ် အသုံးချတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့အတွက်၊ အာဏာ သိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်ပိုင်း စစ်ခေါင်းဆောင် ၁၀ ဦးကို စစ်ရာဇ ဝတ်မှုအတွက် စုံစမ်းစစ်ဆေးပေးဖို့၊ ချင်းတိုင်းရင်းသား ငါးဦးကဖိလစ်ပိုင်နိုင်ငံမနီလာမြို့တရားရေးဌာနကိုအောက် တိုဘာလ ၂၅ ရက် ဒီနေ့မှာ တိုင်ကြားစာ ပေးပို့ပြီး လျှောက်ထားလိုက်တာ ဖြစ်ပါတယ်။

Tuesday, August 29, 2023

Meta ကုမ္ပဏီကို အိုင်ယာလန်နိုင်ငံမှာ ရိုဟင်ဂျာတွေ တရား စွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၉ ဩဂုတ်၊ ၂၀၂၃ 

Meta Logo
 

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု အဖြစ် စွပ်စွဲထားတဲ့ အကြမ်းဖက်မှုတွေမှာ Facebook လူမှုကွန်ယက်က တဆင့် အဓိက သွေးထိုးမှု တွေ ရှိခဲ့တယ်ဆိုပြီး Facebook ရဲ့ ပင်မ ကုမ္ပဏီ Meta ကို ရိုဟင်ဂျာ ဒုက္ခသည်တွေက အိုင်ယာလန် နိုင်ငံမှာ တရားစွဲဆိုလိုက်ပါတယ်။ Meta ကုမ္ပဏီ ဌာနချုပ်ခွဲ တည်ထောင်ထားတဲ့ အိုင်ယာလန် နိုင်ငံ Dublin မြို့ အခြေစိုက် ဥပဒေ အကျိုးဆောင်ရုံး နှစ်ခုက ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည် ၁၇ ယောက်ရဲ့ ကိုယ်စား Meta ကုမ္ပဏီကို ပြီးခဲ့တဲ့ သတင်းပတ်မှာ တရားစွဲဆိုထားတာပါ။

Wednesday, January 25, 2023

မြန်မာဗိုလ်ချုပ်ကြီးတွေကို Fortify Rights လူ့အခွင့်အရေး အဖွဲ့ ဂျာမဏီမှာ တရားစွဲ

RFA
ခင်မောင်စိုး (ထိုင်းနိုင်ငံ)
2023.01.24
၂၀၂၂ မေလ ၁ဝ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ် မုန်တိုင်ပင်ရွာသားတွေကို လက်ပြန်ကြိုးတုပ်ပြီး ဖမ်းထားစဥ် Photo:Citizen Journalist

မြန်မာဗိုလ်ချုပ်ကြီးတွေကို ဂျာမဏီနိုင်ငံ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်ကြားချက်တွေနဲ့ တရားစွဲဆိုလိုက်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီနေ့ထုတ်ဖော်ပြောလိုက်ပါတယ်။

Tuesday, December 7, 2021

ဒေါ်လာ ၁၅၀ ဘီလျံရလိုမှုဖြင့် ရိုဟင်ဂျာဒုက္ခသည်များက Facebook ကို တရားစွဲ

Myanmar Now
Published on Dec 7, 2021

၂၀၁၇ အောက်တိုဘာလအတွင်းက မြန်မာစစ်တပ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်း ရှောင်လာသည့် ရိုဟင်ဂျာဒုက္ခသည်များ။ (ဓာတ်ပုံ - EPA/EFE)

ရိုဟင်ဂျာဆန့်ကျင်ရေး အမုန်းစကားများကို ထိန်းကွပ်ရန် ပျက်ကွက်သည်ဆိုကာ နစ်နာကြေး အမေရိကန် ဒေါ်လာ ၁၅၀ ဘီလျံရလိုမှုဖြင့် Facebook လူမှုကွန်ရက်ပိုင်ရှင် Meta ကုမ္ပဏီကို ရိုဟင်ဂျာဒုက္ခသည်များက တရားစွဲဆိုလိုက်သည်ဟု ရိုက်တာသတင်းဌာနက ရေးသားသည်။

မြန်မာပြည်တွင်းက အမုန်းစကားပွားမှုတွေအတွက် ရိုဟင် ဂျာ တွေက ဖေ့ဘွတ်ခ်ကို ဒေါ်လာဘီလျံ ၁၅၀ လျော်ကြေးရ ဖို့ တရားစွဲ

B B C

ဘီဘီစီမြန်မာပိုင်း 
07 December 2021

လူမှုကွန်ယက်ကုမ္ပဏီကြီးဖေ့ဘွတ်ခ်ဟာ သူ့ရဲ့လူမှုကွန်ယက်တွေပေါ်မှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကား ပွားတာတွေကို ခွင့်ပြုတယ်လို့ဆိုပြီး ဗြိတိန်နဲ့အမေရိကန်က ဒါဇင်နဲ့ချီတဲ့ရိုဟင်ဂျာတွေက ဖေ့ဘွတ်ခ်ကိုတရား စွဲလိုက်ပါတယ်။

Wednesday, February 3, 2021

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကို တရားစွဲခွင့်မရှိဘူးလို့ ရှေ့နေတွေပြော

RFA 
လွတ်လပ်တဲ့အာရှအသံ 
မြန်မာဌာန | သတင်းများ
တင်အောင်ခိုင် (ဝါရှင်တန်ဒီစီ)
2021-02-03

နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သွင်းကုန်ထုတ်ကုန် ဥပဒေပုဒ်မ ၈၊ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ တို့နဲ့ အမှုဖွင့်ထားပြီး သူတို့ကို သတင်းနှစ်ပတ် ချုပ်ရက် ရမန် ပေးဖို့ ဇဗ္ဗူသီရိမြို့နယ်တရားရုံးကို ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၃ရက်နေ့ က တောင်းခံတဲ့စာနှစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လျှက်ရှိပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLD ပါတီ ဗဟိုအလုပ် အမှု ဆောင်ကော်မတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်ကို မေးကြည့်တဲ့အခါမှာ အ တည် ပြု ပြော ဆိုပါတယ်။

Saturday, December 12, 2020

အင်းဒင်ဖြစ်ရပ်သေဆုံးမှု နစ်နာသူ ရိုဟင်ဂျာအမျိုးသမီး တရားစွဲဆို

VOA
ဗွီအိုအေ (မြန်မာပိုင်း)
12 ဒီဇင်ဘာ၊ 2020

သေဆုံးသွားတဲ့ ခင်ပွန်းဖြစ်သူအတွက် နစ်နာကြေး ‘အမေရိကန်ဒေါ်လာ ၂ သန်း’ ပေးဖို့ မြန်မာအစိုးရကိုရိုဟင် ဂျာအမျိုးသမီးတဦးက တောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်တုန်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ အကြမ်း ဖက် ဖြိုခွဲမှုတွေအတွင်း စစ်သားတွေသတ်လို့ သေဆုံးသွားရတဲ့ သူမခင်ပွန်းအတွက် နစ်နာကြေး တောင်းဆို လိုက်တာလို့ ရှေ့နေတွေက ပြောပါတယ်။

Monday, March 9, 2020

ရခိုင်အမတ်အပြင် ရိုက်တာသတင်းဌာနကိုပါ အမှုဖွင့်ထား ကြောင်း ရဲအတည်ပြု

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-03-09 
 

ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ အခြေအနေကို ရိုက် တာ သတင်းဌာနနဲ့ အမေးအဖြေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က အမျိုးသားလွှတ်တော် ကိုယ် စားလှယ် ဦးမောင်ကျော်ဇံကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အမှုဖွင့်ထားပါတယ်။

Saturday, March 7, 2020

ရခိုင်အမတ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှု ဖွင့်ခံရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
ဝေမာထွန်း
2020-03-07
 

တပ်မတော်ပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ ဘူးသီးတောင်မြို့နယ် ကင်းတောင်မွတ်စလင်ကျေးရွာက အရပ် သား အမျိုးသမီးနှစ်ဦး သေဆုံးတယ်လို့ လူမှုကွန်ယက်မှာ စာတင်ခဲ့တဲ့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးမောင်ကျော်ဇံကို တပ်မတော်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်လိုက် ပါ တယ်။

Thursday, February 27, 2020

အိုအိုင်စီအဖွဲ့ဝင် မော်လဒိုက်နိုင်ငံက မြန်မာကို အိုင်စီဂျေ တရားရုံးအမှုတွင် ပါဝင်တရားစွဲမည်

DVB 
27 February 2020
ရိုဟင်ဂျာတွေကို ပံ့ပိုးကူညီတဲ့အနေနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ မြန်မာနိုင်ငံကို တရားစွဲ ထားတဲ့အမှုမှာ ကြားဖြတ်ပါဝင်တရားစွဲမယ်လို့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အဖွဲ့ဝင် မော်လဒိုက်နိုင်ငံက ကြေညာပါတယ်။

Thursday, November 14, 2019

ဒေါ်အောင်ဆန်းစုကြည်ကို အာဂျင်တီးနားမှာ တရားစွဲဆိုမှု အချုပ်အခြာထိပါးတယ်လို့ NLD ပြော

လွတ်လပ်တဲ့အာရှအသံ ( RFA ) 
နေမျိုးထွန်း
2019-11-14
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂ဝ၁၉ နိုဝင်ဘာ ၁၄ ရက်နေ့ကကျင်းပတဲ့ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ရဲ့ ဆွေးနွေးပွဲ တက်ရောက်စဉ် Photo: Thiha Tun/RFA 

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို ၂၀၁၇ တုန်းက ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာ ခုနှစ်သိန်း မောင်းထုတ်မှုနဲ့ ပတ်သက်ပြီး တရားစွဲ ဆို ချက်ကို NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ်က နိုင်ငံတစ်ခုရဲ့ အချုပ်အခြာကို ထိပါးနေတာဖြစ်လို့ လိုက်နာမှာမ ဟုတ်ဘူးလို့ RFA ကို ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် တရား စွဲခံရတာလဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
နေမျိုးထွန်း
2019-11-14
 ဒေါ်အောင်ဆန်းစုကြည် ကို ထိုင်းနိုင်ငံမှာ ဘန်ကောက်မြို့မှာ ၂၀၁၉ နိုဝင်ဘာ ၄ ရက်နေ့ကကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာတွေ့ရစဉ်
 

ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုင်ဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဂျင်တီးနားတရား ရုံးက ဆင့်ခေါ်ခြင်းခံရမယ်ဆိုရင် ဖုံးကွယ်စရာမရှိကြောင်း သက်သေထူဖို့တရားရုံးနဲ့ ပူးပေါင်းဆောင် ရွက် သင့်ကြောင်း သုံးသပ်ကြသူတွေရှိပေမယ့် NLD ပါတီကတော့ ဒါဟာ အချုပ်အခြာကိုထိပါး တာလို့ရှုမြင်ပါ တယ်။

မြန်မာနိုင်ငံ အကြီးအကဲတွေကို အာဂျင်တီးနား တရားရုံးမှာ စွဲဆိုမည်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
14 နိုဝင်ဘာ၊ 2019  
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် အပါအဝင် ထိပ်တန်း ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ် ဖြတ် မှုနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာတွေနဲ့ လက်တင်အမေရိက လူ့အခွင့်ရေး အဖွဲ့တွေက ဗုဒ္ဓဟူးနေ့မှာ အာဂျင်တီး နား တရားရုံးမှာ တင်သွင်းခဲ့ပါတယ်။

Monday, November 11, 2019

OIC အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား ဂမ်ဘီယာက မြန်မာကို ကုလသမဂ္ဂတရားရုံးတွင် တရားစွဲ

7DAY DAILY
ကျော်သူမောင်
Monday, November 11, 2019

    အဖွဲ့ဝင် ၅၇ နိုင်ငံပါဝင် သော အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC)ကိုယ် စားဂမ်ဘီယာနိုင်ငံက မြန်မာ အစိုးရကို ကုလသမဂ္ဂ၏အဆင့် အမြင့်ဆုံးတရားရုံးတွင် လူမျိုး တုံးသတ်ဖြတ်မှုဖြင့် နိုဝင်ဘာ ၁၁ ရက်တွင် တရားစွဲဆိုထားသည်။

မြန်မာအစိုးရက ဘင်္ဂါလီ များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်သည်ဟု စွပ်စွဲကာ သည် ဟိတ်ဂ်မြို့ရှိ နိုင်ငံတ ကာတရား မျှတရေးတရားရုံး (ICJ) တွင် ဂမ် ဘီယာက တရားစွဲဆိုထားခြင်းဖြစ် သည်။

Monday, July 8, 2019

AA ခေါင်းဆောင်တွေကို အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲ

VOA
ဗွီအိုအေ (မြန်မာဌာန)
08 ဇူလိုင်၊ 2019
ကိုနိုင်ကွန်းအိန်
ရခိုင့်တပ်တော် AA ရဲ့စစ်ဦးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် (မေ၊ ၀၆၊ ၂၀၁၅)
 
မြန်မာစစ်တပ်နဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတဲ့ ရခိုင် AA တပ်ဖွဲ့ထိပ်သီးခေါင်းဆောင် ငါး ဦးကို ရခိုင်ပြည်နယ် စစ်တွေ ခရိုင်တရားရုံးမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆိုခံထားရတယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးကနေ တရားစွဲဆိုတာဖြစ်ပြီး ဇူလိုင်လဆန်းမှာ စစ်တွေခရိုင်တရားရုံးမှာ အမှုဖွင့် ထားတယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင် ကွန်းအိန် စုံစမ်းမေးမြန်းထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */