Showing posts with label မိုးရန်နိုင်. Show all posts
Showing posts with label မိုးရန်နိုင်. Show all posts

Friday, February 1, 2019

ရိုက်တာ သတင်းထောက်အမှု ပြင်ဆင်မှု အယူ ခံတင်

RFA 
လွတ်လပ်တဲ့အာရှအသံ
February 01, 2019
                                         ရိုက်တာ သတင်းထောက် နှစ်ဦးကို ၂၀၁၈၊ သြဂုတ်လ ၂၇ ရက်နေ့က အင်းစိန်တရားရုံးမှာ ရုံးထုတ်ခဲ့စဉ်

  ထောင် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ဦးရဲ့အမှုကို ရန်ကုန်တိုင်း တရားလွှတ်တော် မှာ တင်ပြခဲ့တဲ့ အယူခံကို ပလပ်လိုက်တာကြောင့် နေပြည်တော်က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ ဒီကနေ့ ပြင်ဆင်မှု တင်လိုက်ပါတယ်။

ရိုက်တာသတင်းထောက်တွေကို အကွက်ဆင် ဖမ်းခဲ့တာလို့ ထွက်ဆိုသူ ဒုရဲမှူးဟောင်းမိုးရန်နိုင် အကျဉ်းကလွတ်ပြီ

VOA  
 ဗွီအိုအေ (မြန်မာဌာန)
ထက်အောင်ခန့် ၊
01 ဖေဖော်ဝါရီ၊ 2019
ရိုက်တာသတင်းထောက်နှစ်ယောက်ကို အမှုဆင်ဖမ်းကြောင်း သက်သေထွက်ခဲ့၍ ထောင်ကျခဲ့တဲ့ ရဲအရာရှိ မိုးရန်နိုင် နှစ်စေ့ပြီး ပြန်လွတ်လာစဉ်။ (ထက်အောင်ခန့်/ ဖေဖော်ဝါရီ ၁၊ ၂၀၁၉)

ထောင်ဒဏ် ၁ နှစ် ချခံခဲ့ရတဲ့ ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ကျခံရမယ့် ထောင်ကျရက် ပြည့်သွားတာကြောင့် ဒီကနေ့မှာပဲ အင်းစိန်ထောင်က ပြန်လွတ်လာပါပြီ။ သူဟာ ရဲစည်းကမ်း ကိုဖောက်ဖျက်တာမျိုး မရှိဖူးဘူးလို့ထောင် ကထွက်ထွက်ချင်းမှာပဲ သတင်းထောက်တွေ ကို ဦးမိုးရန်နိုင်ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ရဲစည်းကမ်းထိန်းသိမ်း ရေးဥပဒေကို ပြင်ဆင်သင့်တယ်လို့ လည်း ပြောပါတယ်။ ဒီအကြောင်း အင်းစိန်ထောင်ရှေ့မှာ ကိုယ် တိုင်သွားပြီး သတင်းယူခဲ့တဲ့ ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */