Showing posts with label ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်. Show all posts
Showing posts with label ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်. Show all posts

Friday, February 14, 2025

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထုတ်တဲ့ဝရမ်း ကုလ နဲ့ အင်တာပိုလ် ကို ပို့မယ်

BBC
၁၄ ဖေဖော်ဝါရီ၊ ၂၀၂၅  

မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်

စစ်ခေါင်းဆောင်အပါအဝင် တပ်အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ထုတ်လိုက်တဲ့ ဖမ်းဝရမ်းကို အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နဲ့ နိုင်ငံတချို့ကို ပို့သွားမယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ(BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ဘီဘီစီကို ပြောပါတယ်။

Monday, June 8, 2020

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီး နားတရားရုံး လက်ခံမလား (Skype ဆက်သွယ်မေးမြန်းခန်း)

VOA
 ဗွီအိုအေ (မြန်မာဌာန)
အင်ကြင်းနိုင်
08 ဇွန်၊ 2020 

  မြန်မာစစ်ဖက်နဲ့ အရပ်ဖက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇဝတ်ကျူးလွန်မှုတွေနဲ့ နိုင်ငံတကာ ဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန်အခြေ စိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။

Sunday, January 5, 2020

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မိန့်ခွန်း ဝေဖန်ခံနေရ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ဇာဏီထွဏ်း
2020-01-05
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နဲ့ လက်မှတ်တွေချီးမြှင့်တဲ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂ဝ၂ဝ ဇန်နဝါရီ ၄ ရက်နေ့က တွေ့ရစဉ်
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
 
လွတ်လပ်ရေးနေ့ မနေ့က ပြောခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက် အဖုအထစ်ဖြစ်စေတယ်လို့ နိုင်ငံရေးလေ့လာသူတွေ၊ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက သုံးသပ်ကြပါတယ်။

Monday, December 2, 2019

"ခေတ်ကာလနှင့် လိုက်လျောညီထွေစွာ ပြင်ဆင်သင့်တာ ပြင်ဆင်ရမည်"ဟု တပ်ချုပ်ဆို

ဧရာဝတီ
ထက်နိုင်ဇော်
02 December 2019
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters

 
လက်ရှိ အခြေအနေတွင် နိုင်ငံရေးအရ တည်ငြိမ်မှှုနှင့် ဒို့တာဝန် အရေး ၃ ပါးကို ထိန်းသိမ်းရန် တပ်မတော် အ နေ ဖြင့် အမျိုးသား နိုင်ငံရေး အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေရခြင်း ဖြစ်ပြီး မိမိတို့အနေဖြင့် ထိန်းသိမ်း သင့် တာကို ထိန်းသိမ်းရမည်ဖြစ်ပြီး ပြင်ဆင်သင့်တာကို ပြင်ဆင်ရမည်ဖြစ် ကြောင်း တပ်မတော် ကာ ကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

Friday, November 22, 2019

မြန်မာနှင့် နိုင်ငံတကာ အခြေအနေများ သမ္မတ ဦးဆောင် ရှင်းပြမည်

ဧရာဝတီ
ထက်နိုင်ဇော်
22 November 2019
သမ္မတ ဦးဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သမ္မတ အိမ်တော်တွင် တွေ့ရစဉ် / သမ္မတ အိမ်တော်
 
 လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော နိုင်ငံတကာ ရေးရာ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကိုယ်တိုင် ဦးဆောင်မည့် ရှင်းလင်းပွဲတခုကို နိုဝင်ဘာ ၂၃ ရက်တွင် သမ္မတ အိမ်တော်၌ ပြုလုပ်သွားရန် ရှိကြောင်း သတင်း ရရှိသည်။

Tuesday, November 19, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့မြန်မာ့နိုင်ငံရေး ရှုပ်ထွေး နေသလား

အကုန်သိ
18 November 2019


မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး အခင်းအကျင်း ၊ ဘင်္ဂါလီပြဿနာ ၊ ငြိမ်းချမ်းရေး အခက်အခဲ၊ ဖွဲ့စည်းပုံပြင် ဆင်ရေးနဲ့လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းကိစ္စ၊ တရုတ်နဲ့နိုင်ငံတကာ ဆက်ဆံရေး၊ ၂၀၂၀ ရွေးကောက်ပွဲ နဲ့တပ်မတော်အခန်းကဏ္ဍတို့ကို ပြည့်ပြည့်စုံစုံဖြေကြားထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ဂျပန်သတင်းဌာန ယူမီယူရီရှင်ဘွန်းတို့သီးသန့်တွေ့ဆုံမေးမြန်းမှုကို ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ယူကျု့စာမျက်နှာကနေ ရယူဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်။


Link : Here

Sunday, November 17, 2019

ဘင်္ဂါလီများ ပြန်လည်လက်ခံရေး ပိုမိုရှုပ်ထွေးလာဟု ဗိုလ်ချုပ်မှူးကြီးပြော

DVB
By DVB
17 November 2019
 ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်ရှိနေတဲ့ ဘင်္ဂါလီတွေ ပြန်လည်လက်ခံရေးကိစ္စဟာ ပိုမိုရှုပ်ထွေးလာတယ်လို့ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဂျပန် The Yomiuri Shimbun သတင်းဌာနနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်တွေအပေါ် ဘယ်လိုမျိုး ဖြေရှင်းဆောင်ရွက်ရမယ် ထင်လဲလို့ မေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

Thursday, November 14, 2019

မြန်မာ တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို ရိုဟင်ဂျာ အသင်းက တရားစွဲ

လွတ်လပ်တဲ့အာရှအသံ ( RFA )
ခင်မောင်စိုး
2019-11-13
နေပြည်တော်မှာ ၂ဝ၁၆ ခုနှစ်ကကျင်းပတဲ့ တပ်မတော်နေ့ကို တက်ရောက်လာတဲ့ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို တွေ့ရစဉ်- Photo: RFA                                        
ဗြိတိန်အခြေစိုက် ရိုဟင်ဂျာအဖွဲ့တစ်ခုက မြန်မာ့တပ်မတော်နဲ့ အစိုးရ ခေါင်းဆောင်တွေကို လူ့အခွင့်အရေး ချိုးဖေါက်မှုအတွက် အာဂျင်တီးနားနိုင်ငံ တရားရုံးမှာ ဒီကနေ့ တရားစွဲလိုက်ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သား ဦးခင်မောင်စိုး က တင်ပြထားပါတယ်။

Friday, October 25, 2019

တပ်မတော်ကို အရေးယူဖို့ AI ဖိအားပေး

လွတ်လပ်တဲ့ အာရှအသံ ( RFA )
နေမျိုးထွန်း
2019-10-24
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကို ၂၀၁၉ ဇူလိုင် ၁၉ နေ့မှာတွေ့ရစဉ်
Photo: RFA
 တပ်မတော်ဟာ အရင်အတိုင်း မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလူအနည်းစုတွေအပေါ် ဖိနှိပ် ရက် စက် မှုတွေကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ပြီး ကျူးလွန်မှုတွေဟာ တာဝန်ခံအရေးယူ မှုမရှိကြောင်း အပြည်ပြည်ဆိုင် ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

Friday, October 4, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်မှာလား

ဧရာဝတီ
ထက်နိုင်ဇော်
ဆောင်းပါး
တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတခုတွင် တွေ့ရသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Reuters
 
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ နိုင်ငံရေး မျှော်မှန်းချက် ရှိတယ်ဆိုရင် ၂၀၂၀ အလွန် မြန်မာပြည်ရဲ့ သမ္မတဖြစ်ဖို့ မျှော်မှန်းနိုင်တဲ့ နိုင်ငံရေးပြိုင်ပွဲမှာ ရွေးကောက်ခံစရာ မလိုဘဲ သမ္မတ ဖြစ်နိုင်တယ်လို့ ပြောသူတွေ ရှိသလို သူ့ထက် စီနီယာကျပြီး ပြုပြင်ပြောင်းလဲရေးကို အစပျိုးနိုင်ခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်တောင် သမ္မတပြန်ဖြစ်ဖို့ ရွေးကောက်ပွဲမှာ မဲအသာမရနိုင်ခဲ့တာကြောင့် အငြိမ်း စားပဲ သွားတော့မှာလို့ ပြောသူတွေလည်း ရှိပါတယ်။

Friday, June 14, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိလစ်ပိုင်လေတပ် ဦးစီးချုပ်နှင့်ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်တို့အား သီးခြားစီ လက်ခံတွေ့ ဆုံ

မြန်မာ့အလင်းသတင်းစာ 
နေပြည်တော် ဇွန် ၁၃ 
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်သည် ဖိလစ်ပိုင်လေတပ်ဦးစီးချုပ် Lt. Gen. Rozzano D Briguez AFPအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့် ခန်း မဆောင်၌ လက်ခံတွေ့ဆုံသည်။

Monday, May 20, 2019

သပ်လျှိုသွေးခွဲသူများက နိုင်ငံတော်ကြီး ပြိုကွဲပျက်စီး စေရန် ကြိုးစားနေဟု ကာချုပ်ပြော

DVB
By ဒီဗွီဘီ
20 May 2019
သပ်လျှိုသွေးခွဲသူတွေက အမိမြန်မာနိုင်ငံတော်ကြီး ပြိုကွဲပျက်စီးစေဖို့အတွက် ခေတ်အဆက်ဆက် ကြိုး စားနေခဲ့ကြတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် ပါတယ်။

Friday, May 17, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်း ဝန်အား လက်ခံတွေ့ဆုံ

မြန်မာ့အလင်း
နေပြည်တော် မေ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံ ကာကွယ်ရေး အတွင်း ဝန် H.E. Mr. Sanjay Mitra အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့် ခန်းမ ဆောင် ၌ လက်ခံတွေ့ဆုံသည်။

Thursday, May 16, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမည်နဲ့ တွစ်တာ အကောင့် ပိတ်သိမ်းခံရ

မဇ္ဈိမ သတင်းဌာန
16 May 2019
                                                ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Photo: EPA) 
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ တွစ်တာအကောင့် ပိတ်သိမ်းခံရကြောင်း South China Morning Post သတင်းက မေ ၁၆ ရက်မှာ ဖော်ပြပါတယ်။

Monday, May 13, 2019

ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်ဖျက်ပေးဖို့ တွစ် တာကို တောင်းဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
နိုင်ငံတကာ
အင်ကြင်းနိုင်၊ 13 မေ၊ 2019 
                                   တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် 

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုမှာ တာဝန်ရှိသူအဖြစ် ကုလသမဂ္ဂက စွပ်စွဲထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရဲ့ Twitter အကောင့် ဆက်ပြီး ရှိနေတဲ့အတွက် ဖျက်သိမ်းပေးဖို့ Twitter ကုမ္ပဏီနဲ့တွေ့ဆုံရာမှာ အဓိက တောင်းဆို ခဲ့ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ ဥက္ကဌက ဗွီအိုအေကို ပြောပါတယ်။

Monday, April 22, 2019

တပ်ချုပ်ရဲ့ တရုတ်နဲ့ ရုရှားခရီးစဉ်

VOA 
ဗွီအိုအေ (မြန်မာဌာန
21 ဧပြီ၊ 2019
ဝင်းမင်း
 တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား နိုင်ငံကို ရောက်ရှိ (MOI)
 
မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီးလေးမှာပဲ ရုရှား နိုင်ငံကို ရောက်သွားပါပြီ။ 

Tuesday, March 26, 2019

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား နိုင်ငံရေးပါတီ ၃၂ ခု သွားရောက်တွေ့ဆုံ

Frontier
MYANMAR
Saturday, March 23, 2019
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၃၂ ခုမှ ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများနှင့် တာ ဝန်ရှိသူများက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မတ် ၂၂ ရက်နေ့ တွင်   သွားရောက် တွေ့ဆုံမိတ်ဆက်ခဲ့ကြသည်။ ဓာတ်ပုံ-Supply

Monday, February 18, 2019

ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်၍ ခြိမ်းခြောက်မရကြောင်း တပ်ချုပ်ဆို

မဇျ္စိမ
By ဇေယျာမော်၊
18 February 2019

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၈ ။ ။ မြန်မာနိုင်ငံသည် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံ မဟုတ်ခြင်း ကြောင့် ခြိမ်းခြောက်၍ မရကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက် သည်။

Sunday, February 17, 2019

အိုင်စီစီ ပြောချင်ရာပြော၊ လိုက်နာစရာမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြား

Myanmar Times
မြန်မာတိုင်းမ်နေ့စဉ်
စိုင်းဝဏ္ဏ 
17 Feb 2019 |

နေပြည်တော်၌ ကျင်းပသည့် ၂၁ ရာစုပင်လုံအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်  တက်ရောက်လာသည်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ- အီးပီအေ
 
 မြန်မာ့တပ်မတော်ခေါင်းဆောင်များကို ရခိုင်ပြည်နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်မှု နှင့်ပတ် သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကျူးလွန်ခဲ့သည်ဆိုသော စွပ်စွဲချက်၊ လူမျိုးတုံးသတ် ဖြတ်မှုများကျူး လွန်ခဲ့သည်ဆိုသော စွပ်စွဲချက်များဖြင့် နိုင်ငံတကာရာဇဝတ် ခုံရုံးကိုတင်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်ပြီး လိုက်နာစရာအကြောင်းမရှိ ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */