Showing posts with label ပြန်ခေါ်ရေး. Show all posts
Showing posts with label ပြန်ခေါ်ရေး. Show all posts

Wednesday, November 1, 2023

ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာ ဘာကြောင့်လဲ

Myanmar Now
kyawkyaw
November 1, 2023

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးနဲ့ ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကိုယ်စားလှယ်အဖွဲ့ဟာကော့ ဘဇားခရိုင်၊ တက္ကနပ်မြို့ကို မနေ့ အောက်တိုဘာ ၃၁ ရက်နေ့က ရောက်ရှိလာပြီး ရိုဟင်ဂျာဒုက္ခသည် တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ကာလကြာ ရပ်တန့်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကို တရုတ်က ကြား ဝင်ဆောင်ရွက်နေတာပါ။ 

ဒီနှစ်အတွင်း ရိုဟင်ဂျာ ၇၀၀၀ ကျော်လောက်ကို ပြန်ခေါ်မယ်လို့စစ်ကောင်စီ ဘက်က ပြောထားပေမဲ့ အခုနှစ်ကုန်ခါနီးအထိ တစ်ယောက်မှ ပြန်မခေါ်နိုင်သေးပါဘူး။ မိသားစု ၈၄ စုကို ကိုယ်စားပြုတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ပြန်လည်လက်ခံရေးအစီအစဉ်ကို စစ်ကောင် စီကိုယ်စားလှယ် အဖွဲ့က ရှင်းပြခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရိုဟင်ဂျာတွေ အစဉ်တစိုက် တောင်းဆို နေတဲ့ နိုင်ငံသား အခွင့်အရေးပေးဖို့၊ လုံခြုံရေးအာမခံချက်ပေးဖို့နဲ့ မူလနေရာမှာ ပြန်လည်နေရာချ ထားပေးဖို့ကိုတော့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ကတိပေးနိုင်တာ မရှိဘူးလို့ အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့ သူတစ် ဦးက ပြောပါတယ်။

ရိုက်ကူး – Mohammed Zonaid

=
 

Link: Here

 

Wednesday, August 5, 2020

ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေကို ပြန်ခေါ်ဖို့ Fortify Rights အဖွဲ့ တိုက်တွန်း

လွတ်လပ်တဲ့အာရှအသံ( RFA )
မြန်မာဌာန | သတင်းများ
2020-08-05
 ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကို ပြောင်းရွှေ့နေရာချထားမယ့် Bhashan Char ကျွန်းကို ၂၀၁၈ ခုနှစ်ကတွေ့ရစဉ် Photo: Polash SHIKDER / AFP
ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဘာဆန်ချာကျွန်းမှာ ထိန်းသိမ်းထားတဲ့ ရိုဟင်ဂျာ သုံးရာကျော်ကို လွှတ်ပေးသင့် တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက် ပါတယ်။

Monday, February 10, 2020

ရိုဟင်ဂျာလေးသောင်းကျော် ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆော်ဒီဖိအားပေး

10 ဖေဖော်ဝါရီ၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၄,၂၀၀၀ ကို ပြန်ခေါ်ဖို့ ဆော်ဒီအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပါတယ်။

Thursday, February 6, 2020

ရိုဟင်ဂျာနေရပ်ခေါ်ရေး လုပ်ငန်းစဉ်အချို့ ပြင်ဆင်လုပ် ဆောင်မည်

VOA  
ဗွီအိုအေ (မြန်မာဌာန)
မေခ
06 ဖေဖော်ဝါရီ၊ 2020
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီစဉ် အောင်မြင်ဖို့ အတွက် လက်ခံရေး ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ပြင်ဆင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြောပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ လူဦးရေ ၂ သောင်း နီးပါးလောက် ပြန်လက်ခံဖို့ သဘော တူ ထားတယ် လို့လည်းပြော ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မမေခ က စုစည်းတင်ပြ ထားပါတယ်။

Saturday, June 1, 2019

ဒုက္ခသည်ပြန်ပို့ရေး ဘင်္ဂလား မပူးပေါင်းဟု မြန်မာ ဝေဖန်

VOA
 ဗွီအိုအေ (မြန်မာပိုင်း) 
01 ဇွန်၊ 2019 

 ရိုဟင်ဂျာဒုက္ခသည်များ (သြဂုတ်၊ ၂၄၊ ၂၀၁၈)

  မြန်မာအစိုးရ ထိပ်တန်းဝန်ကြီးတဦးက ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာအစိုးရဘက်က ကြိုးပမ်းခဲ့တဲ့အပေါ် ပူးပေါင်းဆောင်ရွက်ပေးမှု မရှိခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */