Showing posts with label မီးရှို့. Show all posts
Showing posts with label မီးရှို့. Show all posts

Tuesday, June 25, 2024

မောင်တောက စားနပ်ရိက္ခာဂိုဒေါင်ရုံ မီးရှို့၊ဖောက်ထွင်းခံရမှုကို WFP ရှုတ်ချ

BBC
2024.06.25 

မြန်မာက ငွေကြေးချို့တဲ့နွမ်းပါးတဲ့ ဒေသခံတွေကို WFP ဆန်ထောက်ပံ့ပေးနေတဲ့မြင်ကွင်း (ပုံဟောင်း)

ရခိုင်ပြည်နယ် မောင်တောမြို့မှာရှိတဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ရဲ့ စားနပ်ရိက္ခာဂိုဒေါင်ရုံ ဇွန် ၂၂ ရက်က ဖောက်ထွင်း၊ မီးရှို့ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ WFP က ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။

Sunday, May 19, 2024

ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာဒုက္ခသည် နေအိမ်များကို ရက္ခိုင့်တပ်တော်က မီးရှို့ဖျက်ဆီးသွားဟုဆို

Maynmar Press Photo Agency
18 May 2024 By MPA CJ 012

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ နေအိမ်များကို ရက္ခိုင့်တပ်တော်(AA)က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရိုဟင်ဂျာအရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။
                                                                            

Saturday, May 18, 2024

ဘူးသီးတောင်တစ်မြို့လုံးကို AA မီးရှို့လိုက်၍ တစ်မြို့လုံးပြာကျ

Myanmar Tranperency News
aye mon
May 18, 2024 

ဘူးသီးတောင်မြို့ပေါ်မှ ရိုဟင်ဂျာနေအိမ်များကို AA မီးရှို့လိုက်၍ ဘင်္ဂါလီတစ်သိန်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွား 

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဟာ ဘူးသီးတောင်မြို့ကို သိမ်းလိုက်နိုင်တဲ့အခြေအနေဖြစ်လာအပြီး မနေ့ညကစပြီး ဘူးသီးတောင်မြို့ပေါ်က ရိုဟင်ဂျာနေအိမ်တွေကို မီးရှို့လိုက်တာကြောင့် ဘင်္ဂါလီတစ်သိန်းခွဲကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး လမ်းဘေးမှာ နေထိုင်နေရတယ်လို့ဘင်္ဂါလီအရေးလှုပ်ရှားတဲ့ FRC အဖွဲ့ တည်ထောင်သူ ရိုနေဆန်းလွင်က ပြောပါတယ်။

မီးရှို့ခံရလို့ တစ်မြို့လုံးနီးပါး မီးလောင်ပြာကျသွားတဲ့ ဘူးသီးတောင်မှာဘာဆက်ဖြစ်နေလဲ

BBC
၁၈ မေ ၂၀၂၄, ၀၃:၅၈ GMT 

ဘူးသီးတောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်မှာ ဧပြီလ ၁၇ ရက်က နေအိမ်တွေ မီးလောင်ခဲ့တဲ့မြင်ကွင်းဖြစ်ပါတယ်။ ( ပုံဟောင်း)
 
အာရက္ခတပ်တော် ( ရက္ခိုင့်တပ်တော် အေအေ) နဲ့ စစ်တပ်တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မှာ မေလ ၁၇ ရက် မနေ့က ညပိုင်းက မြို့ပေါ်ရပ်ကွက်နေအိမ်တွေအားလုံး မီးရှို့ခံရလို့တစ်မြို့လုံးနီးပါး ပြာကျပျက်စီးသွားပြီလို့ မြေပြင်အခြေအနေကိုသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်တစ်မြို့လုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရ

NP News
မြူနစ် (NP News) - မေ ၁၈
18/05/2024

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ လူနေအိမ်အားလုံးနီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။

ဘူးသီးတောင်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်သည် ယမန် နေ့(မေလ ၁၇ ရက်) ညပိုင်းမှစတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူနေအိမ်အားလုံးနီးပါး မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများနှင့်နီးစပ်သူအချို့က NP News ကိုပြောသည်။

ဘူးသီးတောင်မြို့မှာ နှစ်ဖက်တိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာသုံးဆယ်ခန့် သေဆုံး

RFA
RFA Burmese
2024.05.18 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကကျဘက်ရွာ မီးလောင်နေသည်ကို ၂၀၂၄ ခုနှစ်၊ မေလ ၁၈ ရက် မနက် ၄ နာရီတွင် တွေ့ရစဉ်။ Citizen Journalist
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ မေလ ၁၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တိုက် ခိုက်မှုတွေအတွင်း ရိုဟင်ဂျာ သုံးဆယ်ခန့် သေဆုံးပြီး လူနှစ်ရာခန့် ထိခိုက်ဒဏ်ရာရာခဲ့တယ်လို့ ဘူးသီးတောင်ဒေသခံ ရိုဟင်ဂျာအချို့က RFA ကို ဒီနေ့မနက်က ပြောပါတယ်။

Tuesday, May 14, 2024

မောင်တော ရွှေရင်အေးရွာကို မီးရှို့ခဲ့သူမှာ စစ်ကောင်စီနှင့် မွတ်ဆလင်အကြမ်းဖက်များဖြစ်

Western News
မေ ၁၃ ၂၀၂၄

ရခိုင်ပြည် မောင်တောမြို့နယ်က ရွှေရင်အေးကျေးရွာ မေလ ၉ ရက် နံနက် ၄ နာရီခန့်က မီးရှို့ခံရ၍ နေအိမ် ၅၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့သည်။

ရွှေရင်အေးကျေးရွာကို မီးရှို့ခဲ့သူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီက သင်တန်းပေးထားသည့် အကြမ်းဖက်မွတ်ဆလင် လက်နက်ကိုင်များဖြစ်ကြောင်းကို ယနေ့ မေလ ၁၃ ရက်နေ့မှာ ဗီဒီယိုင်ဖိုင် ထွက်ပေါ် လာသည်။

Monday, April 22, 2024

ရခိုင်စစ်ရေးပြင်းထန်ချိန် လူမျိုးရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ထပ်ပြီး ပေါက်ကွဲ ထွက်လာနိုင်လား

BBC
ဧပြီလ ၂၂ ရက် ၂၀၂၄ 

အေအေဆန့်ကျင်ရေး ဘူးသီးတောင် ဆန္ဒပြပွဲ


တိုက်ပွဲတွေ ပြင်းထန် နေခဲ့တဲ့ ရခိုင်ရဲ့ မြေပြင် အခြေအနေဟာ ပို ဆိုးရွား ရှုပ်ထွေး လာတယ်လို့ အကဲ ခတ်တွေက ပြောပါတယ်။ အခုဆိုရင် လူမျိုးရေး အခြေခံ ပဋိပက္ခတွေ အသွင်မျိုး ရခိုင်မှာ နောက်တစ်ကြိမ် ထပ်မံ ပေါက်ကွဲ ထွက်လာတော့မလား ဆိုတဲ့ နိုင်ငံတကာ စိုးရိမ်ချက်တွေ အတော်လေး ကြီးကြီးမားမား ပေါ်ထွက်လာပါတယ်။

Sunday, April 21, 2024

ဘူးသီးတောင်မြို့ပေါ် နေအိမ် နှစ်ရာကျော် မီးရှို့ဖျက်ဆီးခံရကြောင်း AA ပြော

RFA
RFA Burmese
2024.04.19

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ အမှတ် (၅) ရပ်ကွက် မီးလောင်ကျွမ်းနေသည်ကို ၂၀၂၄ ခုနှစ် ဧပြလ ၁၇ ရက်နေ့က တွေ့ရစဉ်။ Myanmar Military

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှာရှိတဲ့ ရခိုင်လူမျိုးတွေရဲ့ နေအိမ် ၂၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ရက္ခိုင့်တပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက RFA ကို ပြောပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */