Showing posts with label ငြိမ်းချမ်းရေး. Show all posts
Showing posts with label ငြိမ်းချမ်းရေး. Show all posts

Wednesday, November 20, 2019

ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ

ဧရာဝတီ
အယ်ဒီတာ့အာဘော်
By ဧရာဝတီ
20 November 2019
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး စင်တာသို့ အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က အမေရိကန် ဒေါ်လာ ၄ သိန်း လှူဒါန်းစဉ် / ဧရာဝတီ

လွန်ခဲ့သောအပတ်က တရုတ်အစိုးရသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီရန် မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ သန်းလှူဒါန်းပြီး အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်က နေပြည်တော်ရှိ အဆင့်မြင့်အရာရှိများ သို့ထိုငွေကို လွှဲပြောင်းပေးနေသည့် ပုံကိုတွေ့ရသည်။

Saturday, May 25, 2019

ငြိမ်းချမ်းရေး လာဆွေးနွေးမည့် AA အဖွဲ့ “မှဲ့တပေါက် မစွန်းစေရ” ဟု တပ်မတော် အာမခံ

ဧရာဝတီ
By ထက်နိုင်ဇော် 
25 May 2019

 မိုင်ဂျာယန် ညီလာခံတွင်တွေ့ရသည့် AA ခေါင်းဆောင်များ / ဧရာဝတီ
 
 နေပြည်တော် အပါအဝင် အစိုးရ အုပ်ချုပ်ရေး အာဏာ သက်ရောက်သည့် ဒေသများသို့ ငြိမ်းချမ်းရေး လာရောက် ဆွေးနွေးမည့် ရ က္ခိုစစ်တပ် (AA) အဖွဲ့ မှ ခေါင်းဆောင်များ၏ လုံခြုံရေးကို တပ်မတော် အနေဖြင့် “မှဲ့တပေါက် မစွန်းစေရ” ဟု အာမခံထားကြောင်း သိရသည်။

Monday, April 29, 2019

ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA ကိုယ်စားလှယ်အဖွဲ့ မူဆယ်သို့ထွက်ခွာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၁၉ 


 ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် အတွက် ယနေ့ နံနက်က လိုင်ဇာမှ ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။

ULA/AA ပြောခွင့်ရသူ ခိုင်သုခ က “ AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ဗိုလ် မှူးကြီးကျော်ဟန် အပါအဝင်ပေါ့လေ။ ကိုယ်စားလှယ် ၆ ဦးပါအဖွဲ့ လိုင်ဇာကနေ ဒီကနေ့ မနက်က မူဆယ် ကို ထွက်ခွာသွားပါပြီ” ဟု နိရဉ္စရာ သတင်းဌာနက ယနေ့ နေ့လယ်က ဆက်သွယ် မေးမြန်းစဉ် ပြောကြား သည်။

ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး Bilateral အပစ်ရပ်နိုင်ရေးကိစ္စကို အဓိက အလေးထား ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရသည်။

Thursday, April 18, 2019

ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်ပြဌာန်းခွင့်ပိုအရေးကြီး - AA စစ်ဦးစီးချုပ်

VOA
ဗွီအိုအေ (မြန်မာဌာန)
18 ဧပြီ၊ 2019
သားညွန့်ဦး
  AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်
ရခိုင်ပြည်နယ်တွင်း ဒေသခံတိုင်းရင်းသားတွေအတွက် ငြိမ်းချမ်းရေးထက် ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့ ပိုအရေး ကြီးပြီး၊ ဒီလို အမျိုးသားကံကြမ္မာ ကိုယ်တိုင်ဖန်တီးခွင့်ရမှပဲ ငြိမ်းချမ်းရေးရနိုင်မယ်လို့ မြန်မာနိုင်ငံအနောက် ခြမ်းမှာ မြန်မာအစိုးရတပ်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်က ပြော လိုက်ပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်အတွင်း မွတ်ဆလင်အစွန်းရောက်ပြဿနာတွေကိုလည်း သူတို့အနေနဲ့ စောင့်ကြည့်အကဲခတ်နေတယ်လို့ ပြောပါတယ်။ ၀ ဒေသ ငြိမ်းချမ်းရေး နှစ်၃၀ ပြည့်ကျင်းပရာ ပန်ဆန်းမှာလုပ်တဲ့ AA သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်လို့ ကိုသားညွန့်ဦး ဆက်ပြီး တင်ပြပေးမှာပါ။

Thursday, March 21, 2019

ရခိုင်တွင် AA အခြေချရန် ကြိုးပမ်းခြင်းသည် လုံခြုံရေး ခြိမ်းခြောက်မှုဟု အစိုးရ ပြော

 မဇ္ဈိမ
By မင်းမင်း  
21 March 2019
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ) 

နေပြည်တော်(မတ်လ ၂၁ရက်၊ ၂၀၁၉ခုနှစ်)။ ။ ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်အဖွဲ့အစည်း များအခြေချ ရန် ကြိုးပမ်းခြင်းသည် လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်သည်ဟု တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် ရက္ခိုင့်တပ် AA အဖွဲ့ကို ရည်ညွှန်းကာ အစိုးရက ပြောကြားလိုက်သည်။

Sunday, March 17, 2019

နေပြည်တော် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက္ခိုင့်တပ်မ တော် တက်မယ်

B  B  C
ဘီဘီစီ မြန်မာပိုင်း
17 မတ် 2019

မတ်လ ၂၁ ရက် နေ့ ကျရင် နေပြည်တော်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရက္ခိုင့်တပ်မတော် (AA) က တက်ရောက်မယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။

Monday, March 11, 2019

AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ဒုက္ခသည် တစ် သောင်းနှစ်ထောင်ကျော်ရှိ

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-11
  မြောက်ဦးမြို့နယ် ဘုရားကြီးရွာအနီးမှာ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူတွေကို စင်္ဘောကိုင်းရွာမှာ ၂၀၁၉ မတ်လ ၅ ရက်နေ့က တွေ့ရစဉ်


ရခိုင်ပြည်နယ်မှာ ရခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ တိုက်ပွဲတွေကြောင့် ဒီနေ့အထိ စစ်ဘေးဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော် ရှိလာပြီး တိုက်ပွဲတွေက ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */