Showing posts with label မြန်မာ-တရုတ်. Show all posts
Showing posts with label မြန်မာ-တရုတ်. Show all posts

Friday, September 3, 2021

မြန်မာ့ အာဏာသိမ်းမှု ဖြစ်စဉ်နှောင်းပိုင်း မြန်မာ-တရုတ် ဆက်ဆံရေး၏ ပထဝီဝင်နိုင်ငံရေး: မြန်မာ့အာဏာသိမ်းမှု ဖြစ်စဉ်တွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ‌မြောက်တွက်ချက်မှု များ

BY TEACIRCLEOXFORD
POSTED ON JULY 26, 2021

 ( For Reference Only )

အောက်ပါ ဆောင်းပါးအား Tea Circle တွင် ဇွန်လ ၇ ရက်နေ့ ၂၀၂၁ ခုနှစ်တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆောင်းပါးရှင် Julian (ကလောင်အမည်) သည် ယခု ဆောင်းပါးတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထား ရှိ သော ပထဝီနိုင်ငံရေးဆိုင်ရာ တွက်ချက်မှုများနှင့် ရည်မှန်းချက်များကို ဆွေးနွေးရေးသားထားသည်။

မြန်မာ့စစ်အာဏာသိမ်းမှု စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ စစ်အာဏာသိမ်းမှုကို ကန့်ကွက်ဆန့်ကျင်ဆန္ဒပြသူများနှင့် အများပြည်သူတို့သည် မြန်မာပြည် စစ်အာဏာသိမ်းမှုဖြစ်စဉ်တွင် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ လျှိူ့ဝှက်စွာ အားပေးအားမြှောက်ပြုခြင်းများ ရှိခဲ့သည်ဟု သံသယများ ရှိနေကြသော်လည်း တရုတ်နိုင်ငံကမူ ထိုအချက်ကို ငြင်းဆိုသည်။ ၎င်းသံသယဖြစ်စဉ်များအနက် တစ်ခုမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မှ ကူမင်းသို့ ပျံသန်းပြေးဆွဲသော ပစ္စည်းတင် လေကြောင်းလိုင်းများဖြစ်ပြီး နှစ်နိုင်ငံစလုံးကမူ ၎င်းပျံသန်းမှုများသည် ပုံမှန် ပင်လယ်စာ သယ်ယူပို့ဆောင်သည့် ခရီးစဉ်များဟုသာ တုန့်ပြန်ခဲ့ကြသည်။ ထိုဖြစ်ရပ်များကြောင့် တရုတ် နိုင် ငံအနေဖြင့် နည်းပညာများနှင့် ကျွမ်းကျင်သူများကို မြန်မာ့ အာဏာသိမ်း စစ်ခေါင်းဆောင်များအား ပံ့ပိုးပေးနေ ကြသလော စသည့် မှန်းဆမှုများ တိုးပွားလာခဲ့သည်။

Sunday, January 12, 2020

တရုတ်သမ္မတခရီး မြန်မာပြည်အတွက် ဘာမျှော်လင့်နိုင်

VOA
ဗွီအိုအေ (မြန်မာဌာန) 
မဆုမွန်

11 ဇန္နဝါရီ၊ 2020
 တရုတ်သမ္မတ Xi Jinping

တရုတ်သမ္မတ Xi Jinping ရဲ့ ၂၀၂၀ ပြည့် နှစ်သစ်အတွက် ပထမဆုံး သွားရောက်မယ့် ပြည်ပနိုင်ငံဟာ မြန်မာ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်တွင်း ငြိမ်း ချမ်းရေးအတွက် အလားအလာ ရလဒ်ကောင်းတွေ မြင်ရဖို့ မျှော်လင့်တယ်လို့ တရုတ်-မြန်မာအရေး အ ကဲ ခတ်တွေက သုံးသပ်လိုက်ပါတယ်။ ၁၉ နှစ်တာကာလအတွင်း တရုတ်သမ္မတ တဦးအနေနဲ့ မြန်မာနိုင်ငံကို ပထမ ဆုံး နိုင်ငံတော်ခရီးစဉ်အဖြစ် လာရောက်တဲ့အပေါ် တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ရေး နဲ့ ဘက်စုံ ပူးပေါင်း ဆောင်ရွက်လာနိုင်ခြေတွေအပေါ် အမြင်သဘောထားတွေကို မဆုမွန်က စုစည်းတင်ပြထားပါ တယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */