Showing posts with label သင်္ဘော. Show all posts
Showing posts with label သင်္ဘော. Show all posts

Monday, February 22, 2021

ပင်လယ်ပြင်ထဲဒုက္ခရောက်နေတဲ့ ရိုဟင်ဂျာသင်္ဘော ကယ် တင်ဖို့ UNHCR တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာပိုင်း)
22 ဖေဖော်ဝါရီ၊ 2021 
 
၂၀၂၀ ခုနှစ် ဧပြီလတုန်းက တွေ့ခဲ့ရတဲ့ မလေးရှားရေပိုင်နက်အတွင်းက ရိုဟင်ဂျာဒုက္ခသည်သင်္ဘောတစီး။ (ဧပြီ ၀၅၊ ၂၀၂၀)
 
Andaman ပင်လယ်ထဲ စက်လှေတစင်းပေါ်မှာ ဒုက္ခရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကိုချက်ချင်း ကယ် တင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNHCR က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ကြေငြာချက် ထုတ် တောင်းဆိုလိုက်ပါတယ်။ အရေအတွက်အတိအကျမသိရတဲ့ ရိုဟင်ဂျာတွေတင်လာတဲ့ စက်လှေတစင်း ပင်လယ်ထဲမှာ အင်ဂျင်ပျက်ပြီး အရေးပေါ် အကူအညီလိုအပ်နေတယ်ဆိုတဲ့သတင်းကို ဖေဖော်ဝါရီလ ၂၀ ရက် နေ့မှာ ရခဲ့တာလို့ UNHCR ကပြောပါတယ်။

Tuesday, December 31, 2019

ဘူးသီးတောင်ဘက်ကိုသွားတဲ့ ယာဉ်မောင်း ၁၆ ဦးကို AA ဖမ်းဆီး

လွတ်လပ်တဲ့အာရှအသံ ( RFA )
2019-12-31
စစ်တွေ-ဘူးသီးတောင် ပြေးဆွဲနေတဲ့ အောင်တံခွန်သင်္ဘောကို တွေ့ရစဉ်
Photo: Min Thein Aung/ RFA
 ရခိုင်ပြည်နယ် မောင်တောဒေသကိုသွားတဲ့ အစိုးရ ယာဉ်မောင်းဝန်ထမ်း ၁၆ ဦးကို AA ရက္ခိုင့်တပ်တော်က ဒီနေ့ ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

Sunday, March 17, 2019

AA အဖွဲ့က မီးရှို့ခဲ့သည့် သင်္ဘောကို ဝန်ကြီးဌာန ပြန်လည်ဆယ်ယူရန် စီစဉ်နေဟုဆို

 
မတ်လ ၁၇ရက်တွင် မီးလောင်ပြီးနောက် တွေ့ရသည့် ရတနာဝင်းသင်္ဘော (ဓာတ်ပုံ − Khumi Media Group)
 

 
ကုလားတန်မြစ်အတွင်း AA လက်နက်ကိုင်အဖွဲ့က မီးရှို့ ခဲ့သည့် သင်္ဘောသည် နစ်မြုပ်ခြင်း မရှိသော ကြောင့်တပ်မတော်ကလုံခြုံရေးဆောင်ရွက်ပြီးပါက ပြန် လည်ဆယ်ယူရန် စီစဉ်နေသည် ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြောခွင့်ရနှင့် သတင်းထုတ်ပြန် ရေးအဖွဲ့ဝင် ဦးခင်မောင်ဆွေက မတ်လ ၁၇ ရက်တွင် ပြောသည်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */