VOA
ဗွီအိုအေ (မြန်မာဌာန)18 ဒီဇင်ဘာ၊ 2019
သားညွန့်ဦး
ဒုက္ခသည်ညီလာခံ
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးကြန့်ကြာမှုဖြစ်နေတာဟာ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်မယ့်အခြေအနေ မြန်မာဘက်က မဖန်တီးပေးနိုင်တာကြောင့်ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ထပ်မံ စွပ်စွဲအပြစ်တင်ပါတယ်။ ဂျနီဗာမှာ ကျင်းပနေတဲ့ ပထမဆုံးအကြိမ် နိုင်ငံတကာဒုက္ခသည်များညီလာခံမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကိုယ် စားလှယ်က ပြောဆိုသွားတာဖြစ်ပြီး၊ ဒီဒုက္ခသည်တွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ အမေရိကန်ဒေါ်လာ သန်း၆၀၀ ကျော် သုံးစွဲ အကုန်အကျခံခဲ့တယ်လို့လည်း ပြောပါတယ်။ သတင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။